စားအုန်းဆီခွဲတမ်းစလစ် ဝယ်ရောင်းဈေးကွက် ပေါ်ပေါက်လာ (ဆီဈေးတက်ရတဲ့ အဓိကအကြောင်းရင်း)
|စားအုန်းဆီခွဲတမ်းစလစ် ဝယ်ရောင်းဈေးကွက် ပေါ်ပေါက်လာ (ဆီဈေးတက်ရတဲ့ အဓိကအကြောင်းရင်း)
မြန်မာပြည် အစိုးရရဲ့ စားအုန်းဆီခွဲတမ်း စလစ်တစ်စောင်ဟာ ယနေ့မှာဆိုရင် တစ်ပိဿာကို ၅၈၀၀ ကျော်ခန့်ဖြင့် ဘဏ်ငွေသွင်းရမည်ဖြစ်ပြီး ထို စလစ်အား ပြန်ရောင်းရာတွင် ၆၅၀၀ မှ ၆၇၀၀ ကြားပေါက်နေပါတယ်။ အဲ့မှာတင် စလစ်ဈေးက ၈၀၀ ကျပ်ခန့် ကွာဟနေပါတယ်။ ခွဲတမ်းစလစ် ရထားတဲ့သူတွေက ဈေးတင်ပြီး ပြန်ရောင်းတာပေါ့။
ဒါဟာ စလစ် ရောင်းတာသာဖြစ်ပြီး၊ ထိုစလစ်ဝယ်ယူသူမှ ဘဏ်သို့ငွေသွင်း၊ ဆီကန်သို့ ဆီသွားထုတ်ပြီး ၁၀ ပိဿာ ပုံးများဝယ်ကာ ပြန်ရောင်းမည်ဆိုပါက ပစ္စည်းသယ်ယူစရိတ် ဝန်ထမ်းစရိတ် ပုံးခွန်စရိတ် အဖုံး၊ တံဆိပ် စရိတ် ပစ္စည်းအတင်အချစရိတ် စသဖြင့်ပေါင်းလိုက်ပါက တစ်ပိဿာကို ၇၅၀၀ အထက်မှာ ရှိနိုင်ပါသေးကြောင်း သိရပါတယ်။ (Dr Yin Hlaing Min)
ရပ်ကွက်ထဲက အပြင်လက်လီဈေးမှာတာ့ စားအုန်းဆီ တပိဿာကို ကျပ် ၉၀၀၀ ကျော် ရှိလာပြီလို့ သိရပါတယ်။
ဘုရင့်နောင်ပွဲရုံက လက်ကားဒိုင်မှာတင် ၈၀၀၀ ကျပ် အနည်းဆုံး ဈေးပေါက်ပြီး လက်ကားဝယ်ယူသူများက သယ်ယူစရိတ်နဲ့ အခြား စရိတ်များ ထည့်ပေါင်းလျှင် ၉၀၀၀ ကျပ်ခန့် ရောင်းမှ အဆင်ပြေမယ်လို့ စာအုန်းဆီ လက်လီရောင်းသူတဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စားအုန်းဆီကို အဓိကထားပြီး လုပ်ငန်းလုပ်ကိုင်နေရတဲ့ အကြော်ဖို လုပ်ငန်းများ အများဆုံး ထိခိုက်ပြီး အာလူးကြော်နှင့် ပဲကပ်ကြော် လုပ်ငန်းအချို့ ရပ်နားထားရကြောင်း သိရပါတယ်။
အထက်မှာ ဖော်ပြထားတဲ့အတိုင်း စားအုန်းဆီ ဈေးနှုန်းကွာဟမှုကြောင့် ဆီတင်သွင်းခွင့် စလစ်ရောင်းချသည့် ဈေးကွက် ပေါ်ပေါက်လာပြီး စလစ်ပွဲစားများ၊ စလစ်ဝယ်ရောင်းများလည်း ပေါ်ထွက်လာခြင်းက စားအုန်းဆီ ဈေးနှုန်းကို ပိုမို မြင့်တက်လာစေတာ ဖြစ်ပါတယ်။
စကစက နိုင်ငံခြားကုန်သွယ်မှုများကို ထိန်းချုပ်ထားတာကြောင့် စာအုန်းဆီ တင်သွင်းမယ့် လုပ်ငန်းရှင်များ အနေနဲ့လည်း ဆီတင်သွင်းမှု အခက်အခဲတွေ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
အဆိုပါ အခြေအနေများကြောင့် ယခု ရက်သတ္တပတ် မကုန်မီအတွင်း စားအုန်းဆိ တပိဿလျှင် ကျပ် ၁၀၀၀၀ ကျော်အထိ ဈေးတက်နိုင်ကြောင်း ဈေးကွက် ကျွမ်းကျင် ပညာရှင်များက သုံးသပ်ထားကြပါတယ်။
Zawgyi
စားအုန္းဆီခြဲတမ္းစလစ္ ဝယ္ေရာင္းေဈးကြက္ ေပၚေပါက္လာ (ဆီေဈးတက္ရတဲ့ အဓိကအေၾကာင္းရင္း)
ျမန္မာျပည္ အစိုးရရဲ႕ စားအုန္းဆီခြဲတမ္း စလစ္တစ္ေစာင္ဟာ ယေန႔မွာဆိုရင္ တစ္ပိႆာကို ၅၈၀၀ ေက်ာ္ခန႔္ျဖင့္ ဘဏ္ေငြသြင္းရမည္ျဖစ္ၿပီး ထို စလစ္အား ျပန္ေရာင္းရာတြင္ ၆၅၀၀ မွ ၆၇၀၀ ၾကားေပါက္ေနပါတယ္။ အဲ့မွာတင္ စလစ္ေဈးက ၈၀၀ က်ပ္ခန႔္ ကြာဟေနပါတယ္။ ခြဲတမ္းစလစ္ ရထားတဲ့သူေတြက ေဈးတင္ၿပီး ျပန္ေရာင္းတာေပါ့။
ဒါဟာ စလစ္ ေရာင္းတာသာျဖစ္ၿပီး၊ ထိုစလစ္ဝယ္ယူသူမွ ဘဏ္သို႔ေငြသြင္း၊ ဆီကန္သို႔ ဆီသြားထုတ္ၿပီး ၁၀ ပိႆာ ပုံးမ်ားဝယ္ကာ ျပန္ေရာင္းမည္ဆိုပါက ပစၥည္းသယ္ယူစရိတ္ ဝန္ထမ္းစရိတ္ ပုံးခြန္စရိတ္ အဖုံး၊ တံဆိပ္ စရိတ္ ပစၥည္းအတင္အခ်စရိတ္ စသျဖင့္ေပါင္းလိုက္ပါက တစ္ပိႆာကို ၇၅၀၀ အထက္မွာ ရွိႏိုင္ပါေသးေၾကာင္း သိရပါတယ္။ (Dr Yin Hlaing Min)
ရပ္ကြက္ထဲက အျပင္လက္လီေဈးမွာတာ့ စားအုန္းဆီ တပိႆာကို က်ပ္ ၉၀၀၀ ေက်ာ္ ရွိလာၿပီလို႔ သိရပါတယ္။
ဘုရင့္ေနာင္ပြဲ႐ုံက လက္ကားဒိုင္မွာတင္ ၈၀၀၀ က်ပ္ အနည္းဆုံး ေဈးေပါက္ၿပီး လက္ကားဝယ္ယူသူမ်ားက သယ္ယူစရိတ္နဲ႔ အျခား စရိတ္မ်ား ထည့္ေပါင္းလွ်င္ ၉၀၀၀ က်ပ္ခန႔္ ေရာင္းမွ အဆင္ေျပမယ္လို႔ စာအုန္းဆီ လက္လီေရာင္းသူတဦးက ေျပာပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ စားအုန္းဆီကို အဓိကထားၿပီး လုပ္ငန္းလုပ္ကိုင္ေနရတဲ့ အေၾကာ္ဖို လုပ္ငန္းမ်ား အမ်ားဆုံး ထိခိုက္ၿပီး အာလူးေၾကာ္ႏွင့္ ပဲကပ္ေၾကာ္ လုပ္ငန္းအခ်ိဳ႕ ရပ္နားထားရေၾကာင္း သိရပါတယ္။
အထက္မွာ ေဖာ္ျပထားတဲ့အတိုင္း စားအုန္းဆီ ေဈးႏႈန္းကြာဟမႈေၾကာင့္ ဆီတင္သြင္းခြင့္ စလစ္ေရာင္းခ်သည့္ ေဈးကြက္ ေပၚေပါက္လာၿပီး စလစ္ပြဲစားမ်ား၊ စလစ္ဝယ္ေရာင္းမ်ားလည္း ေပၚထြက္လာျခင္းက စားအုန္းဆီ ေဈးႏႈန္းကို ပိုမို ျမင့္တက္လာေစတာ ျဖစ္ပါတယ္။
စကစက ႏိုင္ငံျခားကုန္သြယ္မႈမ်ားကို ထိန္းခ်ဳပ္ထားတာေၾကာင့္ စာအုန္းဆီ တင္သြင္းမယ့္ လုပ္ငန္းရွင္မ်ား အေနနဲ႔လည္း ဆီတင္သြင္းမႈ အခက္အခဲေတြ ရင္ဆိုင္ေနရေၾကာင္း သိရပါတယ္။
အဆိုပါ အေျခအေနမ်ားေၾကာင့္ ယခု ရက္သတၱပတ္ မကုန္မီအတြင္း စားအုန္းဆိ တပိႆလွ်င္ က်ပ္ ၁၀၀၀၀ ေက်ာ္အထိ ေဈးတက္ႏိုင္ေၾကာင္း ေဈးကြက္ ကြၽမ္းက်င္ ပညာရွင္မ်ားက သုံးသပ္ထားၾကပါတယ္။