အိမ်ကိုအလည်လာတဲ့ ပြင်သစ်နိုင်ငံသူယောက္ခမကြီးကို သူမတတ်စွမ်းတဲ့ပညာလေးနဲ့ အချစ်ပိုအောင်လုပ်လိုက်တဲ့ အမွန်း…





Credit

UNICODE
အိမ်ကိုအလည်လာတဲ့ ပြင်သစ်နိုင်ငံသူယောက္ခမကြီးကို သူမတတ်စွမ်းတဲ့ပညာလေးနဲ့ အချစ်ပိုအောင်လုပ်လိုက်တဲ့ အမွန်း…

ထူးခြားတဲ့ ကိုယ်ပိုင်စတိုင်နဲ့ သီချင်းတွေကို မြူးမြူးကြွကြွ သီဆိုတတ်တဲ့ အဆိုတော်မလေး အ မွန်းကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါ တယ်။ အမွန်းကတော့ သူမရဲ့ ဂီတလမ်းကြောင်းလျှောက်လှမ်းမှုကိုသာမက သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတာပဲ ဖြစ်ပါတယ်။

အမွန်းရဲ့ ချစ် သူကတော့ တိုင်းတစ်ပါးသားဖြစ်ပေမယ့် အမွန်းကို အရမ်းချစ်ပြီး မိသားစုရဲ့ ဓလေ့ရိုးရာ အစဉ် အလာကို လေးစားစွာ လိုက်နာတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။အမွန်းကိုယ်တိုင်ကလည်း သူ့ခင်ပွန်းရဲ့ ရိုးရာ၊ ယဉ်ကျေးမှုတွေကို လေးစားလိုက်နာပြီး ခင်ပွန်းသည်ရဲ့မိသားစုဝင်တွေကိုလည်း လေးစားချစ်ခင်တတ်သူဖြစ်ပါတယ်။

ဒီကနေ့မှာလည်း အမွန်းက အိမ်လာလည်တဲ့ ပြင်သစ်နိုင်ငံသူယောက္ခမကို ရှမ်းခေါက်ဆွဲလုပ်ကျွေးဖြစ်ကြောင်း “Mom in law visited us last night 🌹ညက ယောက္ခမလာလည်တော့ ရှမ်းခေါက်ဆွဲချက်ကျွေးဖြစ်တယ်။ ( အဖေက ရှမ်းပြည်သားကချင်ဆိုတော့ကာ သူသင်ပေးခဲ့တဲ့ ခေါက်ဆွဲချက်နည်းက ရှမ်းခေါက်ဆွဲလား ကချင်ခေါက်ဆွဲလားမသဲကွဲတော့ ကြက်ပေါင်းခေါက်ဆွဲပဲခေါ်လည်းရတယ် 😁) ” ဆိုပြီး ပြောလာပါတယ်။

အမွန်းကတော့ လူမျိုးခြားယောက္ခမကို သူမကျွမ်းကျင်တဲ့ အစားအသောက်နဲ့ ဧည့်ခံကျွေးမွေးခဲ့တာပဲဖြစ်ပါတယ်။
Credit

Add a Comment

Your email address will not be published.