ခေတ်လေးနဲ့ သစ်လေးက ကူညီလုပ်ဆောင်ပေးထားတဲ့ ရံပုံငွေအတွက် macrame’ လေးတွေကိုပြသလာတဲ့ ချစ်သုဝေ






Credit

UNICODE
ခေတ်လေးနဲ့ သစ်လေးက ကူညီလုပ်ဆောင်ပေးထားတဲ့ ရံပုံငွေအတွက် macrame’ လေးတွေကိုပြသလာတဲ့ ချစ်သုဝေ

နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ အောင်မြင်တဲ့ အနုပညာလမ်းမမှာ အချိန်အတော်ကြာ ရည်တည်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်သုဝေက အဆိုတော် လင်းလင်းနဲ့ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ကို မွေးဖွားထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ချစ်သုဝေက နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ကိုင်တာကြောင့် နေအိမ်ကနေ မိသားစုလိုက်တိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက သူမအသစ်ဖန်တီးထားတဲ့ macrame’ လေးတွေကိုပြသရင်း ခေတ်လေးနဲ့သစ်လေးကလည်း ကူညီလုပ်ဆောင်ပေးကြကြောင်း “ဒီနေ့ “အမျိုးသမီးများနေ့” Trezaက သမီးလေး၂ယောက်ရဲ့မေမေပေါ့။

သမီးလေးတွေကို တန်ဖိုးထားချစ်သလို ” ကလေးတိုင်း” ကိုတန်ဖိုးထားချစ်တယ် သူတို့လက်ရှိအချိန်ရောအနာဂတ်ရော ပျော်ရွှင်လုံခြုံစေချင်တယ်။ သူတို့လေးတွေရဲ့အပူဟာ trezaတို့အပူပါပဲ။ ဒီတိုင်းတော့ ကိုယ့်တာလုံရုံလေးနေလို့အဆင်မပြေဘူးလေနော်။ သူတို့လေးတွေအနာဂတ်အတွက် ရုန်းနေကျသူတွေဆက်ရုန်းကြပါစို့။ အရေးကြီးလွန်းမက ကြီးနေချိန်ပါ။

နေသာသူတွေနေသာသလို ရုန်းသူတွေလည်း လုပ်သင့်လုပ်ထိုက်တာအတွက် ကြောက်စိတ်တွန်းကန်လို့ရုန်းကြရဦးမှာပဲ။ အားရပါးရသာ အားပေးတော့နော်.. ပြည်တွင်းက ဒုက္ခမျိုးစုံနဲ့ပြည်သူတွေရော ပြည်ပကနေ ရင်ဘတ်ထပ်တူရုန်းပေးကြသူတွေပါ ဝယ်နိုင်အောင်စီစဉ်ထားပေးတယ်နော်🙏 သစ်ရွက်လေးတွေကလေ ခေတ်ပလုတ်လေးရယ် သစ်ကလုတ်လေးရယ် အမေကို ကူလုပ်ပေးထားတာပါလို့❤💚” ဆိုပြီး ပြောလာပါတယ်။

ခေတ်လေးနဲ့ သစ်လေးကတော့ အရွယ်လေးနဲ့မလိုက်အောင် အမေကို ကူညီပေးတတ်ကြပြီး အခုမေမေချစ်သုဝေက စစ်ဘေးရှောင်ပြည်သူတွေအတွက် ရံပုံငွေရှာတဲ့ macrame’ လေးတွေပြုလုပ်ချိန်မှာလည်း သူတို့လေးတွေတတ်နိုင်တဲ့အင်အားနဲ့ ကူညီပေးထားကြတာကိုတွေ့ရပါတယ်။
Credit

Add a Comment

Your email address will not be published.