အနုပညာအလုပ်တွေရပ်နားထားတုန်း ဇနီးမောင်နှံနှစ်ယောက် စိတ်တူကိုယ်တူ ကုသိုလ်ပြုနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ





Credit

UNICODE
အနုပညာအလုပ်တွေရပ်နားထားတုန်း ဇနီးမောင်နှံနှစ်ယောက် စိတ်တူကိုယ်တူ ကုသိုလ်ပြုနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

နိုင်ငံကျော် ငွေကြယ်ပွင့် နှစ်ပွင့် ဖြစ်ကြတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီ က အနုပညာလုပ်ငန်းတွေ မှာလည်း ကိုယ်စီအောင်မြင်မှု ရရှိနေသလို သာယာတဲ့ အိမ်ထောင်ရေးကိုလည်း အတူတကွ တည်ဆောက်ထား ကြသူများ ဖြစ်ပါတယ်။ ရွှေထူး နဲ့ ရွှေမှုံရတီက အောင်မြင်တဲ့ အနုပညာလမ်းမပေါ် ကို လျှောက်လှမ်းနေ ကြသလို တစ်ယောက်ရဲ့ အလုပ်တွေမှာလည်း တစ်ယောက် တတ်နိုင်သလောက် ပံ့ပိုးမှုတွေ ပြုလုပ် နေကြတဲ့ ချစ်စရာ ဇနီးမောင်နှံပဲ ဖြစ်ကြပါတယ်။

စစ်မှန်တဲ့ ချစ်ခြင်း အပေါ် အခြေပြုပြီး တည်ဆောက် ထားကြတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေး ကတော့ သာယာဖြောင့်ဖြူး စွာနဲ့ပဲ လူတ ကာက အားကျ ခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက အနုပညာအလုပ်တွေရပ်နားထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီဟာ လက်ရှိနိုင်ငံရေးအခြေအနေတွေ မငြိမ်သက်စဉ်မှာလည်း အလုပ်တွေအားလုံးကို ရပ်နားထားလျက်ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရွှေထူးက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ပံ့သကူအလှူလေးပြုလုပ်နေတဲ့အကြောင်းလေးကို ဝေမျှပေးလာခဲ့တာကို တွေ့ရပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ အနုပညာအလုပ်တွေရပ်နားထားတုန်း ဇနီးမောင်နှံနှစ်ယောက် စိတ်တူကိုယ်တူ ကုသိုလ်ပြုနေကြတာ လေးစားဖွယ်ရာပါပဲနော်။

ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်မျှော်နေကြလောက်ပြီလို့ ထင်ပါတယ်။
Credit

Add a Comment

Your email address will not be published.