မြန်မာမှန်ရင် သိထားသင့်တဲ့တရော်ကင်ပွန်း နှင့် ခေါင်းလျှော်ရခြင်း အကြောင်းရင်း

မြန်မာမှန်ရင် သိထားသင့်တဲ့တရော်ကင်ပွန်း နှင့် ခေါင်းလျှော်ရခြင်း အကြောင်းရင်း

တရော်ကင်ပွန်းရာဇဝင် မြန်မာမှန်ရင်သိထားဖို့ပါ။မြန်မာလူမျိုးတွေဟာ တရော်ကင်ပွန်းကို အသုံးပြုလို့

ခေါင်းလျှော်ရင် အညံ့တွေ ပျောက်ပြီး ကျက်သရေမင်္ဂလာတွေနဲ့ ထုံမွမ်းစေတယ်လို့ ယုံကြည်ကြပါတယ်။

အိပ်မက်ဆိုးတွေ ဘာတွေ မက်ရင်လည်း တရော်ကင်ပွန်းနဲ့ လျှော်ရင် နိမိတ်ဆိုးတွေ ကြေတယ်လို့ ဆိုပါတယ်။

တရော်ကင်ပွန်း ကို ဘယ်လိုစတင်တွေ့ရှိ အသုံးပြုခဲ့ကြတာလည်းဆိုတော့သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး စိုးစံစဉ်က ဖြစ်သည်။

ထိုမင်းကြီးကား နဖူးအလယ်တွင် မှဲ့ရှင်တော် တစ်ခုပါ၍ မျက်စိသုံးခု အတုမဲ့ပေါင် ဒွတ္တဘောင် ဟု နှောင်းလူများက မှတ်တမ်း တင်ခဲ့သည်။

ထို့ပြင် မင်းကြီးသည် သိကြားမင်းဆက်သော လက်နက်ငါးပါး၊ နာဠာဂီရိဆင်၊ ဝလာဟက နတ်မြင်းတို့ကိုလဲ ပိုင်ဆိုင်သည်ဆို၏။

တစ်ခါသော် သရေခေတ္တရာပြည်အနီးရှိ ဗိဿ နိုးကိုသွားရောက်တိုက်ခိုက်ရာ ဗိဿ နိုး ပန်ထွာဘုရင်မက ရန်ပယ်ချောင်းရေ ကို

စနစ်တကျ အသုံးချကာ ခုခံခဲ့သည်။သို့ရာတွင် မင်းကြီးက သူလျှိုစေလွှတ်ကာ ဗိဿ နိုး၏ကာကွယ်ရေးစနစ်ကို ချေဖျက်ခဲ့ပြီး ဘုရင်မနှင့်တကွ ဗိဿ နိုးကိုသိမ်းပိုက် ခဲ့သည်။

ပန်ထွာမိဖုရားသည် အတင်းအဓမ္မ သိမ်းပိုက်ခံရခြင်းကို မကျေနပ်ပါ။ ထို့ကြောင့် မင်းကြီးကို လက်စားချေရန်ကြံလေ၏။

ကြံပုံမှာ- သူမ၏ ထဘီအောက်နားစ ကို ဖြတ်ကာ နံ့သာအမွှေးအကြိုင်များ ထုံမွှမ်းစေပြီး မင်းကြီး ထံ

မျက်နှာသုတ်ပဝါအဖြစ် ဆက်ကပ်ခြင်းဖြစ်သည်။ မူကွဲများတွင် သုဿာ န်မှ အဝတ်ဟုလည်းဆိုသည်

မင်းကြီးလည်း ထိုမျက်နှာသုတ်ပဝါကို သုံးမိလျှင် ဘုန်းနိမ့်ကာ မှဲ့ရှင်တော်ကွယ်လေ၏။လှံများ ဓါးများလည်း အရောင်မထွက်တော့ပေ။

ပန်ထွာလည်း မိမိအကြံဖြစ်ကြောင်း။ ယခုလောက်ဖြင့် မကျေနပ်သေးဘဲ နောက်ဘဝများတွင်လဲ မင်းကြီး၏ ပျက်စီးကြောင်းကို ကြံစည်လိုသေးကြောင်း။

နောက်ထပ် လက်စားမချေရမခြင်း သရေခေတ္တရာ အနီးရှိ ပေပင် တို့သည် ယခုအရွယ်မှ မတက်ပါစေကြောင်း ဆုတောင်းကာ လက်ထဲမှ အဆိပ်ခွက်ကို မော့ချကာ သေလေ၏။

ထိုပေပင် တို့သည် ယနေ့တိုင် သရေခေတ္တရာမြို့ရိုးအနီးရှိပြီး အပင်ပု အရွယ်မှ မတက်ကြသေးချေ။ အံ့ဖွယ်ပင် မင်းကြီးတွင် ဘုန်းကံ နိမ့်ပါးကြောင်း သိလျှင်

ကမ်းယံပြည် အပါအဝင် အခြား လက်အောက်ခံ မင်းများ လည်း ထကြွ ပုန်ကန်ကြလေ၏။

မင်းကြီးကိုယ်တိုင် ပုန်ကန်မှုများကို နှိမ်နင်းသော်လဲ အရှုံးနှင့်ရင်ဆိုင်ရကာ ကမ်းယံပြည်မှ လက်လွတ်ပြေးရလေ၏။

ထိုသို့ပြေးစဉ် မိုးရွာလာသဖြင့် ကင်ပွန်းနွယ်များ တက်နေသော တရော်ပင်ကြီး တစ်ပင် အောက်တွင် မိုးခိုရာ ထိုတရော်ကင်ပွန်း အရည်များ

မင်းကြီး၏ ဆံပေါ်ကျလျှင် ကျခြင်း လက်ထဲမှ လှံသည် ချက်ချင်း အရောင်ထွက် လေ၏။

နဖူးပေါ်မှ မှဲ့သည်လည်း ပြန်ပေါ်လာ တော့သည်။ မင်းကြီးလည်း အံ့သြဝမ်းသာ ဖြစ်ကာ တရော်ကင်ပွန်းအပင်များကို မှတ်သားပြီး

မိမိ၏ တပ်သားများကို စိတ်ဓာတ် ရွှင်လန်းစေကာ ရန်သူများကို တိုက်လေ၏။များမကြာမီ ရန်သူအားလုံးကို နှိမ်နင်း အောင်မြင်ကာ သရေခေတ္တရာထီးနန်းကို ပြန်လည် စိုးစံလေတော့သတည်း။

ဤသည်ပင် တရော်ကင်ပွန်း၏ ရာဇဝင်ဖြစ်တော့သည်။

Crd

ျမန္မာမွန္ရင္ သိထားသင့္တဲ့တေရာ္ကင္ပြန္း ႏွင့္ ေခါင္းေလၽွာ္ရျခင္း အေၾကာင္းရင္း

တေရာ္ကင္ပြန္းရာဇဝင္ ျမန္မာမွန္ရင္သိထားဖို႔ပါ။ျမန္မာလူမ်ိဳးေတြဟာ တေရာ္ကင္ပြန္းကို အသုံးျပဳလို႔

ေခါင္းေလၽွာ္ရင္ အညံ့ေတြ ေပ်ာက္ၿပီး က်က္သေရမဂၤလာေတြနဲ႔ ထုံမြမ္းေစတယ္လို႔ ယုံၾကည္ၾကပါတယ္။

အိပ္မက္ဆိုးေတြ ဘာေတြ မက္ရင္လည္း တေရာ္ကင္ပြန္းနဲ႔ ေလၽွာ္ရင္ နိမိတ္ဆိုးေတြ ေၾကတယ္လို႔ ဆိုပါတယ္။

တေရာ္ကင္ပြန္း ကို ဘယ္လိုစတင္ေတြ႕ရွိ အသုံးျပဳခဲ့ၾကတာလည္းဆိုေတာ့သေရေခတၱရာျပည္တြင္ ဒြတၱေပါင္မင္းႀကီး စိုးစံစဥ္က ျဖစ္သည္။

ထိုမင္းႀကီးကား နဖူးအလယ္တြင္ မွဲ႕ရွင္ေတာ္ တစ္ခုပါ၍ မ်က္စိသုံးခု အတုမဲ့ေပါင္ ဒြတၱေဘာင္ ဟု ေႏွာင္းလူမ်ားက မွတ္တမ္း တင္ခဲ့သည္။

ထို႔ျပင္ မင္းႀကီးသည္ သိၾကားမင္းဆက္ေသာ လက္နက္ငါးပါး၊ နာဠာဂီရိဆင္၊ ဝလာဟက နတ္ျမင္းတို႔ကိုလဲ ပိုင္ဆိုင္သည္ဆို၏။

တစ္ခါေသာ္ သေရေခတၱရာျပည္အနီးရွိ ဗိႆ နိုးကိုသြားေရာက္တိုက္ခိုက္ရာ ဗိႆ နိုး ပန္ထြာဘုရင္မက ရန္ပယ္ေခ်ာင္းေရ ကို

စနစ္တက် အသုံးခ်ကာ ခုခံခဲ့သည္။သို႔ရာတြင္ မင္းႀကီးက သူလၽွိုေစလႊတ္ကာ ဗိႆ နိုး၏ကာကြယ္ေရးစနစ္ကို ေခ်ဖ်က္ခဲ့ၿပီး ဘုရင္မႏွင့္တကြ ဗိႆ နိုးကိုသိမ္းပိုက္ ခဲ့သည္။

ပန္ထြာမိဖုရားသည္ အတင္းအဓမၼ သိမ္းပိုက္ခံရျခင္းကို မေက်နပ္ပါ။ ထို႔ေၾကာင့္ မင္းႀကီးကို လက္စားေခ်ရန္ႀကံေလ၏။

ႀကံပုံမွာ- သူမ၏ ထဘီေအာက္နားစ ကို ျဖတ္ကာ နံ့သာအေမႊးအႀကိဳင္မ်ား ထုံမႊမ္းေစၿပီး မင္းႀကီး ထံ

မ်က္ႏွာသုတ္ပဝါအျဖစ္ ဆက္ကပ္ျခင္းျဖစ္သည္။ မူကြဲမ်ားတြင္ သုႆာ န္မွ အဝတ္ဟုလည္းဆိုသည္

မင္းႀကီးလည္း ထိုမ်က္ႏွာသုတ္ပဝါကို သုံးမိလၽွင္ ဘုန္းနိမ့္ကာ မွဲ႕ရွင္ေတာ္ကြယ္ေလ၏။လွံမ်ား ဓါးမ်ားလည္း အေရာင္မထြက္ေတာ့ေပ။

ပန္ထြာလည္း မိမိအႀကံျဖစ္ေၾကာင္း။ ယခုေလာက္ျဖင့္ မေက်နပ္ေသးဘဲ ေနာက္ဘဝမ်ားတြင္လဲ မင္းႀကီး၏ ပ်က္စီးေၾကာင္းကို ႀကံစည္လိုေသးေၾကာင္း။

ေနာက္ထပ္ လက္စားမေခ်ရမျခင္း သေရေခတၱရာ အနီးရွိ ေပပင္ တို႔သည္ ယခုအရြယ္မွ မတက္ပါေစေၾကာင္း ဆုေတာင္းကာ လက္ထဲမွ အဆိပ္ခြက္ကို ေမာ့ခ်ကာ ေသေလ၏။

ထိုေပပင္ တို႔သည္ ယေန႔တိုင္ သေရေခတၱရာၿမိဳ႕ရိုးအနီးရွိၿပီး အပင္ပု အရြယ္မွ မတက္ၾကေသးေခ်။ အံ့ဖြယ္ပင္ မင္းႀကီးတြင္ ဘုန္းကံ နိမ့္ပါးေၾကာင္း သိလၽွင္

ကမ္းယံျပည္ အပါအဝင္ အျခား လက္ေအာက္ခံ မင္းမ်ား လည္း ထႂကြ ပုန္ကန္ၾကေလ၏။

မင္းႀကီးကိုယ္တိုင္ ပုန္ကန္မႈမ်ားကို ႏွိမ္နင္းေသာ္လဲ အရႈံးႏွင့္ရင္ဆိုင္ရကာ ကမ္းယံျပည္မွ လက္လြတ္ေျပးရေလ၏။

ထိုသို႔ေျပးစဥ္ မိုးရြာလာသျဖင့္ ကင္ပြန္းႏြယ္မ်ား တက္ေနေသာ တေရာ္ပင္ႀကီး တစ္ပင္ ေအာက္တြင္ မိုးခိုရာ ထိုတေရာ္ကင္ပြန္း အရည္မ်ား

မင္းႀကီး၏ ဆံေပၚက်လၽွင္ က်ျခင္း လက္ထဲမွ လွံသည္ ခ်က္ခ်င္း အေရာင္ထြက္ ေလ၏။

နဖူးေပၚမွ မွဲ႕သည္လည္း ျပန္ေပၚလာ ေတာ့သည္။ မင္းႀကီးလည္း အံ့ၾသဝမ္းသာ ျဖစ္ကာ တေရာ္ကင္ပြန္းအပင္မ်ားကို မွတ္သားၿပီး

မိမိ၏ တပ္သားမ်ားကို စိတ္ဓာတ္ ရႊင္လန္းေစကာ ရန္သူမ်ားကို တိုက္ေလ၏။မ်ားမၾကာမီ ရန္သူအားလုံးကို ႏွိမ္နင္း ေအာင္ျမင္ကာ သေရေခတၱရာထီးနန္းကို ျပန္လည္ စိုးစံေလေတာ့သတည္း။

ဤသည္ပင္ တေရာ္ကင္ပြန္း၏ ရာဇဝင္ျဖစ္ေတာ့သည္။

Crd

Add a Comment

Your email address will not be published.