ချစ်ခင်ရတဲ့ ရဲဘော်ရဲဘက်တစ်ဦး တိုက်ပွဲကျသွားတာကြောင့် စိတ်မကောင်းဖြစ်ပြီး သွေးကြွေးဆပ်မယ်လို့ ကြုံးဝါးလိုက်တဲ့ နိုဗန်ထူး

Unicode

လုပ်ဖော်ကိုင်ဘက် ရဲဘော် ကျဆုံးသွားလို့ စိတ်မကောင်းဖြစ်နေတဲ့ အဆိုတော် နိုဗန်ထူး အဆိုတော် နိုဗန်ထူး ကတော့ The Voice Myanmar ရဲ့ Winner တစ်ဦးဖြစ်ပြီး ရော့ခ်ဂီတအပြင်းစားတွေကို

သီဆိုနိုင်တဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ နိုဗန်ထူး ကမြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သတ်ပြီး ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့အတူတူ လမ်းမပေါ်ထွက်

ဆန္ဒထုတ်ဖော်ပြသခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီက ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားတာကြောင့် တိမ်းရှောင်နေရပါတယ်။

လက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးနောက်လက်နက်ကိုင်ပြီး စစ်ကောင်စီကို အစွမ်းကုန်တော်လှန်နေပါတယ်။ နိုဗန်ထူး ဟာ ခက်ခဲကြမ်းတမ်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေကို

ရောက်ရှိနေတာဆိုရင်တော့ လပေါင်းများစွာကြာမြင့်လို့ တစ်နှစ်နီးပါးရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်က နိုဗန်ထူး ဟာ စိတ်မကောင်းစရာ စာသားလေးတစ်ခု တင်ထားတာကြောင့် ပရိသတ်တွေ ဝမ်းနည်းခဲ့ရပါတယ်။

ဒါကတော့ ” အလေးနီပြုပါတယ် ရဲဘော်ရေ ငါတို့ကတော့ ငရဲမှာ ဆက်လက်ရှင်သန်ရင်း တော်လှန်ရေးကို ဆက်လက်သယ်ဆောင်ရင်း သွေးကြွေးပြန်ယူမယ်ကွာ Rest in power ဖြူဖွေး” လို့ စိတ်မကောင်းစွာ ရေးသားထားပါတယ်။

အဆိုတော် နိုဗန်ထူး ဟာ ဘဝတူရဲဘော် ဖြူဖွေး ကျဆုံးသွားခဲ့လို့ အရမ်းကို စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ ရဲဘော် ဖြူဖွေး ဟာ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာ တိုက်ပွဲမှာ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Zawgyi

လုပ္ေဖာ္ကိုင္ဘက္ ရဲေဘာ္ က်ဆုံးသြားလို႔ စိတ္မေကာင္းျဖစ္ေနတဲ့ အဆိုေတာ္ ႏိုဗန္ထူး အဆိုေတာ္ ႏိုဗန္ထူး ကေတာ့ The Voice Myanmar ရဲ႕ Winner တစ္ဦးျဖစ္ၿပီး ေရာ့ခ္ဂီတအျပင္းစားေတြကို

သီဆိုႏိုင္တဲ့ ပရိသတ္အခ်စ္ေတာ္ အဆိုေတာ္တစ္ဦးပဲျဖစ္ပါတယ္။ ႏိုဗန္ထူး ကျမန္မာျပည္မွာ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနေတြနဲ႔ပတ္သတ္ၿပီး ဒီမိုကေရစီတိုက္ပြဲမွာ ျပည္သူေတြနဲ႔အတူတူ လမ္းမေပၚထြက္

ဆႏၵထုတ္ေဖာ္ျပသခဲ့တဲ့ အႏုပညာရွင္ေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ပါတယ္။ ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့တာေၾကာင့္ စစ္ေကာင္စီက ပုဒ္မ ၅၀၅ ကနဲ႔ တရားစြဲဆိုထားတာေၾကာင့္ တိမ္းေရွာင္ေနရပါတယ္။

လက္ရွိမွာ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနၿပီးေနာက္လက္နက္ကိုင္ၿပီး စစ္ေကာင္စီကို အစြမ္းကုန္ေတာ္လွန္ေနပါတယ္။ ႏိုဗန္ထူး ဟာ ခက္ခဲၾကမ္းတမ္းတဲ့ တိုင္းရင္းသားလက္နက္ကိုင္နယ္ေျမကို

ေရာက္ရွိေနတာဆိုရင္ေတာ့ လေပါင္းမ်ားစြာၾကာျမင့္လို႔ တစ္ႏွစ္နီးပါးရွိခဲ့ၿပီပဲ ျဖစ္ပါတယ္။ မၾကာေသးခင္နာရီပိုင္းေလာက္က ႏိုဗန္ထူး ဟာ စိတ္မေကာင္းစရာ စာသားေလးတစ္ခု တင္ထားတာေၾကာင့္ ပရိသတ္ေတြ ဝမ္းနည္းခဲ့ရပါတယ္။

ဒါကေတာ့ ” အေလးနီျပဳပါတယ္ ရဲေဘာ္ေရ ငါတို႔ကေတာ့ ငရဲမွာ ဆက္လက္ရွင္သန္ရင္း ေတာ္လွန္ေရးကို ဆက္လက္သယ္ေဆာင္ရင္း ေသြးေႂကြးျပန္ယူမယ္ကြာ Rest in power ျဖဴေဖြး” လို႔ စိတ္မေကာင္းစြာ ေရးသားထားပါတယ္။

အဆိုေတာ္ ႏိုဗန္ထူး ဟာ ဘဝတူရဲေဘာ္ ျဖဴေဖြး က်ဆုံးသြားခဲ့လို႔ အရမ္းကို စိတ္မေကာင္းျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ရဲေဘာ္ ျဖဴေဖြး ဟာ တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္၊ ကဒဲေက်း႐ြာ တိုက္ပြဲမွာ က်ဆုံးခဲ့ရတာ ျဖစ္ပါတယ္။

Add a Comment

Your email address will not be published.