ကမ္ဘာကပေးတဲ့ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင် IWOC ဆု ချီးမြှင့်ခံခဲ့ရတဲ့ အိသဥ္ဇာမောင်

Unicode

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ ၂၀၂၂ခုနှစ် International Women of Courage Award ဆုရသူစာရင်းကို ထုတ်ပြန်ကြောငြာလိုက်ပြီဖြစ်ပြီး ဆုရတဲ့သူ ၁၂ ဦးထဲမှာ မြန်မာပြည်က

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ NUGအစိုးရအဖွဲ့ ဒုဝန်ကြီး မအိသဥ္စာမောင် လည်း ပါဝင်ပါတယ် ဆုပေးပွဲကို မတ်လ၁၄ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေဘလင်ကင်က အွန်လိုင်းကနေ

ဦးဆောင် ကျင်းပမှာဖြစ်ပါတယ် IWOC ဆုဟာ ကမ္ဘာအနှံ့ကနိုင်ငံတွေမှာ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ကျားမတန်းတူရေးနှင့် တန်းတူညီမျှရေးတွေမှာ စွမ်းစွမ်းတမန် ကိုယ်ကျိုးစွန့် အနစ်နာခံ

လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့နှစ်စဉ် ချီးမြှင့်နေတဲ့ဆုဖြစ်ပါတယ်။ IWOC ဆုပေးပွဲကို ၂၀၀၇ခုနှစ်ကစတင်ကျင်းပခဲ့တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ၈၀ ကျော်က အမျိုးသမီး ၁၇၀ ကို

ဆုချီးမြှင့်ခဲ့ပြီးပါပြီ ၂၀၂၂ခုနှစ်အတွက် မအိသဥ္စာမောင်နဲ့ အတူဆုရတဲ့သူတွေထဲမှာ ဘင်္ဂံလားဒေ့ရှ် ၊ ဘရာဇီး၊ကိုလံဘီယာ ၊ အီရတ်၊ လိုက်ဘေးရီးယား၊ လစ်ဗျား၊ မော်ဒိုဗာ၊ နီပေါ ၊ ရိုမေးနီးယား၊တော င်အာဖရိကက နဲ့

ဗီယက်နမ်က အမျိုးသမီးတွေလဲပါဝင်ပါတယ် International Women of Courage Awardဆုကို ၂၀၁၂ခုနှစ်က NUG နိုင်ငံခြားရေးဝန်ကြီး မဇင်မာအောင်လဲ ရခဲ့ဘူးပြီး အဲ့ဒီအချိန်က သူကိုယ်တိုင်

အမေရိကန်နိုင်ငံ သွားပြီးဆုလက်ခံယူခဲ့ပါတယ်။ အခုဆို NUG အစိုးရအဖွဲ့ထဲမှာ IWOCဆုရတဲ့သူနှစ်ဦးရှိသွားပြီဖြစ်ပါတယ်

Zawgyi

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခ်ီးျမႇင့္တဲ့ ၂၀၂၂ခုႏွစ္ International Women of Courage Award ဆုရသူစာရင္းကို ထုတ္ျပန္ေၾကာျငာလိုက္ၿပီျဖစ္ၿပီး ဆုရတဲ့သူ ၁၂ ဦးထဲမွာ ျမန္မာျပည္က

ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူ၊ NUGအစိုးရအဖြဲ႕ ဒုဝန္ႀကီး မအိသၪၥာေမာင္ လည္း ပါဝင္ပါတယ္ ဆုေပးပြဲကို မတ္လ၁၄ရက္ေန႔မွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ေဂ်ဘလင္ကင္က အြန္လိုင္းကေန

ဦးေဆာင္ က်င္းပမွာျဖစ္ပါတယ္ IWOC ဆုဟာ ကမာၻအႏွံ႔ကႏိုင္ငံေတြမွာ ၿငိမ္းခ်မ္းေရး၊ တရားမွ်တမႈ၊ လူ႔အခြင့္အေရး၊ က်ားမတန္းတူေရးႏွင့္ တန္းတူညီမွ်ေရးေတြမွာ စြမ္းစြမ္းတမန္ ကိုယ္က်ိဳးစြန႔္ အနစ္နာခံ

လုပ္ေဆာင္ေနတဲ့ အမ်ိဳးသမီးေတြကို အသိအမွတ္ျပဳတဲ့အေနနဲ႔ႏွစ္စဥ္ ခ်ီးျမႇင့္ေနတဲ့ဆုျဖစ္ပါတယ္။ IWOC ဆုေပးပြဲကို ၂၀၀၇ခုႏွစ္ကစတင္က်င္းပခဲ့တာျဖစ္ၿပီး ကမာၻ႔ႏိုင္ငံ ၈၀ ေက်ာ္က အမ်ိဳးသမီး ၁၇၀ ကို

ဆုခ်ီးျမႇင့္ခဲ့ၿပီးပါၿပီ ၂၀၂၂ခုႏွစ္အတြက္ မအိသၪၥာေမာင္နဲ႔ အတူဆုရတဲ့သူေတြထဲမွာ ဘဂႍလားေဒ့ရွ္ ၊ ဘရာဇီး၊ကိုလံဘီယာ ၊ အီရတ္၊ လိုက္ေဘးရီးယား၊ လစ္ဗ်ား၊ ေမာ္ဒိုဗာ၊ နီေပါ ၊ ႐ိုေမးနီးယား၊ေတာ င္အာဖရိကက နဲ႔

ဗီယက္နမ္က အမ်ိဳးသမီးေတြလဲပါဝင္ပါတယ္ International Women of Courage Awardဆုကို ၂၀၁၂ခုႏွစ္က NUG ႏိုင္ငံျခားေရးဝန္ႀကီး မဇင္မာေအာင္လဲ ရခဲ့ဘူးၿပီး အဲ့ဒီအခ်ိန္က သူကိုယ္တိုင္

အေမရိကန္ႏိုင္ငံ သြားၿပီးဆုလက္ခံယူခဲ့ပါတယ္။ အခုဆို NUG အစိုးရအဖြဲ႕ထဲမွာ IWOCဆုရတဲ့သူႏွစ္ဦးရွိသြားၿပီျဖစ္ပါတယ္

Add a Comment

Your email address will not be published.