သွေးဆိုးတဲ့ ဖခင်ကြီးက အရက်မူးလာတိုင်း ရိုက်နှက်တတ်တာကြောင့် မောင်နှမနှစ်ယောက်လုံး စိတ်ဒါဏ်ရာတွေ ရခဲ့ကြောင်း ရင်ဖွင့်လာတဲ့ လပြည့်ကဗျာ

Unicode

ချစ်လှစွာသောပရိသတ်ကြီးရေ အမိုက်စားရော့ခ်ဂီတ သီချင်းတွေကိုသီဆိုပြီး ပရိတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ရေမွန် ဟာဆိုရင်တော့ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ သူရဲ့သေဆုံးမှု့ကတော့

ဂီတလောကကြီးတစ်ခုလုံးအတွက်ရော ပရိသတ်တွေအတွက်ပါ ယူကြုံးမရနှမြောတသဖြစ်ရုံမက ကာယကံရှင်မိသားစု မိခင်အတွက်ပါ ကြီးမားတဲ့ဆုံးရှုံးမှု့တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ ကွယ်လွန်သွားခဲ့ပေမယ့် ချစ်တဲ့ပရိသတ်တွေက

ကျန်ရစ်တဲ့ မိသားစုကို ဒီနေ့ထိချစ်ပေးနေဆဲပါပဲ…။ ‌ အဆိုတော် ရေမွန် တို့မောင်နှမနှစ်ယောက်ဟာ ဖခင်နဲ့ပတ်သတ်လို့ စိတ်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်းကို ” အမေဆို အိမ်ထောင် ၂ဆက်လုံးမှာ ကံတော်တော်ဆိုးခဲ့တာ

အမေတင်မဟုတ်ကိုယ်ကော ဘပီကော အရက်မူးတိုင်းသွေးဆိုးရိုက်နှက်တတ်တဲ့ အဖေ့လက်ထဲနေ လာရတာ စိတ်ဒဏ်ရာတွေ မရေတွက်နိုင်အောင်ပဲ အဲ့လိုစိတ်ဒဏ်ရာတွေကနေကယ်တင်ရုန်းထွက်ပီး သားသမီးကို

လူတန်းစေ့နေနိုင်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မေကြီး သူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု့က ကိုယ့်ပါကူးစက်တာထင်ပါရဲ့ ကိုယ်လဲ Single Mom ဘဝကိုသတ္တိရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ်လာတာအခုဆို ပိုပိုးတသက်ပါပဲ” သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ

ရေးသားထားတာကို တွေ့ရပါတယ်။အဆိုတော် ရေမွန် ရဲ့ ညီမဖြစ်သူ လပြည့်ကဗျာ ဟာ လက်ရှိမှာ single mother အဖြစ် ဘဝကိုသတ္တိရှိရှိ ကျော်ဖြတ်နေတာ အရမ်းကိုလေးစားစရာကောင်းပါတယ်နော်။ ဘဝကိုသတ္တိရှိစွာ ဖြတ်သန်းနေတဲ့ လပြည့်ကဗျာလေး အတွက်အားပေးစကားလေးတွေ ကောမန့်မှာ ပြောပေးခဲ့ ပါအုန်းနော်…။

Zawgyi







Add a Comment

Your email address will not be published.