ကမ္ဘာ့မီဒီယာကြီးတွေမှာ နာမည်ကြီးခဲ့တဲ့ ပြည်သူ့အချစ်တော် တော်လှန်ရေးရဲဘော် ထားထက်ထက်ရဲ့ ဘဝဇာတ်ကြောင်း

Unicode

ဟိုတစ်လောက Miss Grand Ukraine အလှမယ်လေး လက်နက်ကိုင်ပြီး သူ့နိုင်ငံကိုကာကွယ်ဖို့ ရှေ့တန်းမှာပါဝင်တဲ့သတင်းဟာကမ္ဘာ့မီဒီယာတွေမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တယ်။ အဲ့သတင်းကိုမြင်တော့ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးမှာလည်း

ကိုယ်ကျိုးမဖက် အရာရာကိုစွန့်လွှတ်ပြီးမတွန့်မဆုတ်ပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည် သွားပေးခဲ့တဲ့ ပြည်သူ့အလှမယ်စစ်စစ် တစ်ယောက်ကိုသွားသတိရမိပါတယ်။ ဟုတ်ပါတယ်သူမကတော့ အားလုံးသိကြတဲ့ ပြည်သူချစ်အလှမယ်လေး ထားထက်ထက် ပါ။

အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ ထားထက်ထက်ဟာ ငါးတန်းကျောင်းသူအရွယ်ကတည်းကစလို့တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်အထိနိုင်ငံကိုယ်စားပြုမြန်မာ့လက်ရွေးစင် ကျွမ်းဘားမယ်အဖြစ် နိုင်ငံတကာအားကစားပြိုင်ပွဲတွေကနေ ဆုတံဆိပ်ပေါင်းများစွာရရှိခဲ့သူတစ်ဦးပါ။

တက္ကသိုလ်ပထမနှစ်မှာပဲ ကားအက်စီးဒင့်တစ်ခုကြောင့် ကျွမ်းဘားကစားခြင်းကို စွန့်လွှတ်ခဲ့ရပေမဲ့လည်း 2013ခုနှစ်မှာတော့ ကမ္ဘာ့အကြီးဆုံးအလှမယ်ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Miss Grand International ပွဲကြီးမှာ မြန်မာကိုယ်စားပြုအဖြစ်

ဂုဏ်ယူစွာ သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ နိုင်ငံပေါင်း(၈၀) လာပြိုင်ကြတဲ့အထဲမှာမှ သူမဟာ Top(20) နဲ့ Miss Popular Award တို့ကို မြန်မာပြည်အတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲအပြီး 2014ခုနှစ်ကစလို့သရုပ်ဆောင်တစ်ဦးအနေနဲ့ ရုပ်ရှင်နယ်ပယ်ကို ဝင်ရောက်လာခဲ့ပြီး ဗီဒီယိုဇာတ်ကား များစွာအပြင်လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ၊အယူတော်မင်္ဂလာ၊Special Force၊25%အစရှိတဲ့ ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် နဲ့ ကျွမ်းဘားအားကစားနည်းပြ အဖြစ် လုပ်ကိုင်လျက်ရှိတဲ့ ထားထက်ထက်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ကိုဆန့်ကျင်ကာ ပြည်သူနဲ့အတူတစ်သားတည်း ရပ်တည်ခဲ့တာကြောင့် 505ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ခြင်းခံခဲ့ရပြီး

2021, April လမှာတော့ တော်လှန်ရေးနယ်မြေတစ်ခုကို သွားရောက်ကာ စစ်အာဏာရှင်စနစ်ဆိုးကို အထိရောက်ဆုံး တော်လှန်နိုင်မယ့်လမ်းကို ခက်ခက်ခဲခဲ ရွေးချယ်လျှောက်လှမ်းခဲ့ပါတော့တယ်။သူမဟာ တော်လှန်ရေးခရီးလမ်းတစ်လျှောက်

ထုတ်ဖော်မပြောပြနိုင်တဲ့ အခက်အခဲပေါင်းများစွာကို တွေ့ခဲ့ရပြီးသူမချစ်ရတဲ့ဖခင် ကွယ်လွန်ဆုံးပါးသွားတဲ့အချိန်မှာတောင် အနားမှာမရှိပေးနိုင်ခဲ့ပဲ တိုင်းပြည်တာဝန်ကိုထမ်းဆောင်ရင်း အဝေးတစ်နေရာမှာသာ ရှိနေခဲ့ရရှာပါတယ်။

ဒါကြောင့်မို့ ဒီလိုအခက်အခဲတွေကြားကနေ လက်ရှိအချိန်ထိ ပရိသတ်ပြည်သူနဲ့အတူ တော်လှန်ရေးခရီးကြမ်းကြီးကို အားမလျော့တမ်းလျှောက်လှမ်းနေပြီး စစ်မှန်တဲ့ဒီမိုကရေစီပြန်ရဖို့ တိုက်ပွဲဝင်ပေးနေတဲ့ ပြည်သူ့အလှမယ် ထားထက်ထက် နဲ့

သူမလို တော်လှန်ရေးမှာ တစ်တပ်တစ်အားပါဝင်ပေးနေကြတဲ့ artist တိုင်းကိုလည်း ကျေးဇူးတင်စွာနဲ့ ပရိသတ်များက မမေ့မလျော့ သတိတရ ရှိနေပေးဖို့လိုပါတယ်။သူတို့ကို ပိုတိုး၊ပိုချစ်၊ပိုအားပေး ကြဖို့ လိုပါတယ်။

Zawgyi

ဟိုတစ္ေလာက Miss Grand Ukraine အလွမယ္ေလး လက္နက္ကိုင္ၿပီး သူ႔ႏိုင္ငံကိုကာကြယ္ဖို႔ ေရွ႕တန္းမွာပါဝင္တဲ့သတင္းဟာကမာၻ႔မီဒီယာေတြမွာ ဟိုးေလးတေက်ာ္ျဖစ္ခဲ့တယ္။ အဲ့သတင္းကိုျမင္ေတာ့ ျမန္မာႏိုင္ငံရဲ႕ ေႏြဦးေတာ္လွန္ေရးမွာလည္း

ကိုယ္က်ိဳးမဖက္ အရာရာကိုစြန႔္လႊတ္ၿပီးမတြန႔္မဆုတ္ျပည္သူ႔ေရွ႕မွာ မားမားမတ္မတ္ရပ္တည္ သြားေပးခဲ့တဲ့ ျပည္သူ႔အလွမယ္စစ္စစ္ တစ္ေယာက္ကိုသြားသတိရမိပါတယ္။ ဟုတ္ပါတယ္သူမကေတာ့ အားလုံးသိၾကတဲ့ ျပည္သူခ်စ္အလွမယ္ေလး ထားထက္ထက္ ပါ။

အသက္ ၃၂ႏွစ္ရွိၿပီျဖစ္တဲ့ ထားထက္ထက္ဟာ ငါးတန္းေက်ာင္းသူအ႐ြယ္ကတည္းကစလို႔တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးခ်ိန္အထိႏိုင္ငံကိုယ္စားျပဳျမန္မာ့လက္ေ႐ြးစင္ ကြၽမ္းဘားမယ္အျဖစ္ ႏိုင္ငံတကာအားကစားၿပိဳင္ပြဲေတြကေန ဆုတံဆိပ္ေပါင္းမ်ားစြာရရွိခဲ့သူတစ္ဦးပါ။

တကၠသိုလ္ပထမႏွစ္မွာပဲ ကားအက္စီးဒင့္တစ္ခုေၾကာင့္ ကြၽမ္းဘားကစားျခင္းကို စြန႔္လႊတ္ခဲ့ရေပမဲ့လည္း 2013ခုႏွစ္မွာေတာ့ ကမာၻ႔အႀကီးဆုံးအလွမယ္ၿပိဳင္ပြဲေတြထဲက တစ္ခုျဖစ္တဲ့ Miss Grand International ပြဲႀကီးမွာ ျမန္မာကိုယ္စားျပဳအျဖစ္

ဂုဏ္ယူစြာ သြားေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ပါတယ္။ ႏိုင္ငံေပါင္း(၈၀) လာၿပိဳင္ၾကတဲ့အထဲမွာမွ သူမဟာ Top(20) နဲ႔ Miss Popular Award တို႔ကို ျမန္မာျပည္အတြက္ ဆြတ္ခူးရယူေပးႏိုင္ခဲ့ပါတယ္။

ၿပိဳင္ပြဲအၿပီး 2014ခုႏွစ္ကစလို႔သ႐ုပ္ေဆာင္တစ္ဦးအေနနဲ႔ ႐ုပ္ရွင္နယ္ပယ္ကို ဝင္ေရာက္လာခဲ့ၿပီး ဗီဒီယိုဇာတ္ကား မ်ားစြာအျပင္လူၾကမ္းတစ္ေယာက္ရဲ႕ ဒိုင္ယာရီ၊အယူေတာ္မဂၤလာ၊Special Force၊25%အစရွိတဲ့ ႐ုပ္ရွင္ကားႀကီးေတြမွာလည္း ပါဝင္႐ိုက္ကူးခဲ့ပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ နဲ႔ ကြၽမ္းဘားအားကစားနည္းျပ အျဖစ္ လုပ္ကိုင္လ်က္ရွိတဲ့ ထားထက္ထက္ဟာ အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာရွင္ကိုဆန႔္က်င္ကာ ျပည္သူနဲ႔အတူတစ္သားတည္း ရပ္တည္ခဲ့တာေၾကာင့္ 505ပုဒ္မနဲ႔ ဖမ္းဝရမ္းထုတ္ျခင္းခံခဲ့ရၿပီး

2021, April လမွာေတာ့ ေတာ္လွန္ေရးနယ္ေျမတစ္ခုကို သြားေရာက္ကာ စစ္အာဏာရွင္စနစ္ဆိုးကို အထိေရာက္ဆုံး ေတာ္လွန္ႏိုင္မယ့္လမ္းကို ခက္ခက္ခဲခဲ ေ႐ြးခ်ယ္ေလွ်ာက္လွမ္းခဲ့ပါေတာ့တယ္။သူမဟာ ေတာ္လွန္ေရးခရီးလမ္းတစ္ေလွ်ာက္

ထုတ္ေဖာ္မေျပာျပႏိုင္တဲ့ အခက္အခဲေပါင္းမ်ားစြာကို ေတြ႕ခဲ့ရၿပီးသူမခ်စ္ရတဲ့ဖခင္ ကြယ္လြန္ဆုံးပါးသြားတဲ့အခ်ိန္မွာေတာင္ အနားမွာမရွိေပးႏိုင္ခဲ့ပဲ တိုင္းျပည္တာဝန္ကိုထမ္းေဆာင္ရင္း အေဝးတစ္ေနရာမွာသာ ရွိေနခဲ့ရရွာပါတယ္။

ဒါေၾကာင့္မို႔ ဒီလိုအခက္အခဲေတြၾကားကေန လက္ရွိအခ်ိန္ထိ ပရိသတ္ျပည္သူနဲ႔အတူ ေတာ္လွန္ေရးခရီးၾကမ္းႀကီးကို အားမေလ်ာ့တမ္းေလွ်ာက္လွမ္းေနၿပီး စစ္မွန္တဲ့ဒီမိုကေရစီျပန္ရဖို႔ တိုက္ပြဲဝင္ေပးေနတဲ့ ျပည္သူ႔အလွမယ္ ထားထက္ထက္ နဲ႔

သူမလို ေတာ္လွန္ေရးမွာ တစ္တပ္တစ္အားပါဝင္ေပးေနၾကတဲ့ artist တိုင္းကိုလည္း ေက်းဇူးတင္စြာနဲ႔ ပရိသတ္မ်ားက မေမ့မေလ်ာ့ သတိတရ ရွိေနေပးဖို႔လိုပါတယ္။သူတို႔ကို ပိုတိုး၊ပိုခ်စ္၊ပိုအားေပး ၾကဖို႔ လိုပါတယ္။

Add a Comment

Your email address will not be published.