မင်းသမီး တန်မို သေဆုံးရသည့် အကြောင်းအရင်း အစုံအလင် ထိုင်းရဲတပ်ဖွဲ့ ရှင်းလင်းထုတ်ပြန်ပြီ

Unicode

ထိုင်းမင်းသမီး Tang Mo သေဆုံးရသည့်အကြောင်းအရင်းကို ရဲတပ်ဖွဲ့ ရှင်းလင်းချက်ထုတ်ပြန် ထိုင်းသရုပ်ဆောင် ရုပ်ရှင်မင်းသမီး တိုင်မိုနိဒါးဟာ လှေမောင်းသူ မကျွမ်းကျင်မှုကြောင့် မတော်တဆ ရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးရတာလို့ နွန်ထပူရီရဲတပ်ဖွဲ့က ပြောပါတယ်။တိုင်မိုနိဒါး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့က လူ ၇၇ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး စီစီတီဗွီကင်မရာ ၆၀ လုံးနဲ့ ဗွီဒီယိုဖိုင် ၂၀ ဖိုင်ကိုပါ စစ်ဆေးခဲ့ပြီး အားရမှုရှိကြောင်း၊

လှေပေါ်ပါ အဖော်တွေရဲ့ ထွက်ဆိုချက်တွေအရ အမှုကို ပုံဖော်လို့ရပြီလို့ နွန်ထပူရီခရိုင်ရဲစခန်း ဒုရဲမှူးကြီး ဥဒွန်းယွမ်းကျရွန်းက မတ်လ ၈ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ စပိဘုတ်လှေမောင်းသူ ရောဘတ်ရဲ့ ဖွင့်ဟဝန်ခံချက်အရ သူဟာ လှေမမောင်းတတ်ဘဲ စမ်းသပ်မောင်းနှင်ခြင်းသာဖြစ်ကြောင်း၊ လှေမောင်းတာလည်း သတ်မှတ်နှုန်းထက် အရှိန်ပိုမြင့်နေတာ စစ်ဆေးတွေ့ရှိကြောင်း၊

လှေဦးခုန်တက်သွားတဲ့အခိုက် လှေအမြီးပိုင်းမှာ အပေါ့သွားနေတဲ့ မင်းသမီး တိုင်မိုဟာ ရုတ်တရက် ရေထဲပြုတ်ကျသွားတာလို့ ဆိုပါတယ်။ အဲဒီမတိုင်ခင်က တိုင်မိုဟာ လှေရဲ့ဝမ်းပိုင်းမှာ ထိုင်ရင်းက အပေါ့သွားချင်တယ်လို့ပြောပြီး အမြီးပိုင်းကို လျှောက်သွားကြောင်း၊ လှေအမြီးပိုင်းမှာ ဆဲမ်း ဆိုသူ အမျိုးသားက လဲလျောင်းရင်း ဖုန်းကစားနေပြီး တိုင်မိုက သူ့ခြေနှစ်ဖက်ကို အားပြု ကိုင်ခွင့်တောင်းခဲ့ကြောင်း၊ ကိစ္စပြီးလို့ ထလိုက်စဉ် လှေကခုန်တဲ့အချိန်နဲ့ ကိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျသွားတာလို့ ဆိုပါတယ်။

သူ့ရဲ့ပေါင်ပေါ်က ဒဏ်ရာကတော့ ရေထဲမကျခင်ရတာလား၊ ရေထဲကျပြီးမှ ရတာလားဆိုတာကို မှုခင်းဆေးသိပ္ပံနည်းနဲ့ စစ်ဆေးနေကြောင်း၊ သူ့အလောင်းကို ကျူလာလောင်ကွန်း ဆေးတက္ကသိုလ်နဲ့ ရာမဓိပတိဆေးရုံက ဓာတ်ခွဲစစ်ဆေးနေပြီး နောက်အပတ်ထဲမှာ အမှုတွဲအားလုံး ခြုံငုံနိုင်လိမ့်မယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။ လှေပေါ်က အဖော်တွေဟာ အရက်သောက်ထားတာ ရှိခဲ့ကြောင်း၊ ဖန်ခွက်ကို ရေထဲပစ်ချလိုက်တာကတော့ အပြစ်ရှိမှာ စိုးရိမ်လို့ လုပ်ရတာလို့ ပြောပါတယ်။

လူမှုကွန်ရက်တွေမှာ ပြောဆိုနေကြသလို တိုင်မိုဟာ အထူးပုဂ္ဂိုလ်အတွက် ဖျော်ဖြေပေးဖို့ အလုပ်ကိစ္စ လက်ခံတယ် ဆိုတာတော့ ဘာမှအထောက်အထားမရှိကြောင်း၊ လှေပေါ်ပါသူတွေ အားလုံး မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိ၊ လူသတ်မှုမြောက်တဲ့ သက်သေမရှိကြောင်း၊ ဒါကြောင့် တပါးသူ သေကံရောက်သည်အထိ ပေါ့ဆစွာ လှေခုတ်မောင်းမှုပဲ မြောက်တယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်က လှေပိုင်ရှင် ဟိုက်စိုးပေါနဲ့ ရောဘတ်တို့ကို ရဲတပ်ဖွဲ့က လိုင်စင်သက်တမ်းကုန် လှေကို အသုံးပြုမှု၊ လှေမောင်းလိုင်စင်မရှိဘဲ (ခွင့်ပြုချက်မရဘဲ လှေမောင်းမှု) တို့နဲ့ ကနဦး စွဲချက်တင်ထားပါတယ်။ သတင်းဌာနတွေကလည်း အမှုမှန်ပေါက်ပေါက်ရေးအတွက် မြစ်ထဲသွားပြီး လှေအမြီးပိုင်းမှာ ဆောင့်ကြောင့်ထိုင်ပြီး အပေါ့သွားလို့ ရ မရ၊ ပြုတ်ကျပြီးရင် ပန်ကာဒလက်က လူကို ထိနိုင်ခြေရှိ၊ မရှိ စမ်းသပ်ခဲ့ကြပြီး

လှေကျွမ်းကျင်သူတွေကိုပါ မေးမြန်းကြည့်ရာမှာ ရဲပြောသလို မဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ တိုင်မိုဟာ အသားကပ်ဘောင်းဘီနဲ့ ဂါဝန်ရှည်ပါ ဝတ်ဆင်ထားတာကြောင့် လှေအမြီးပိုင်းမှာ ဘယ်လိုမှ အပေါ့သွားလို့ မရနိုင်ကြောင်း၊ သူမဟာ နိုင်ငံကျော်မင်းသမီးဖြစ်ပြီး အဲသလိုကြုံရာမှာ အပေါ့သွားလေ့ မရှိကြောင်း ရင်းနှီးသူတွေက တညီတညွတ်တည်း ပြောဆိုကြပါတယ်။

သင်္ဘောကျင်းမှာ နှစ်ပေါင်း ၂၀ ကျော် အလုပ်လုပ်ပြီး တိုင်မိုကို ရေထဲလိုက်ရှာရာမှာ ပါဝင်ခဲ့သူ တဦးကလည်း သူ့တသက် လှေအမြီးပိုင်းကနေ အပေါ့သွားတယ်ဆိုတာ တခါမှ မကြားဘူးကြောင်း၊ ဖြစ်လည်းမဖြစ်နိုင်၊ ကျောက်ဖရားမြစ်က အနက်ကြီးမဟုတ်လို့ ရေနစ်သေမှု မရှိသလောက်ပဲ၊ လှေပေါ်ကလူတွေ ထွက်ဆိုချက်ကို မယုံကြည်ဘူးလို့ ပြောပါတယ်။ ပြည်သူ့ဟစ်တိုင် ရှေ့နေတဦးဖြစ်သူ “သမ့်” ကလည်း တိုင်မိုသေဆုံးရတဲ့အပေါ် မသင်္ကာစရာတွေ အများကြီး တွေ့ရှိကြောင်း၊

တိုင်မိုဟာ ပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသမီးတယောက် ဖြစ်တာကြောင့် အမှုမှန်ပေါ်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။တိုင်မိုရဲ့မိခင်ဖြစ်သူ နန်းဖနိဒါဟာ ဒီကနေ့ မတ်လ ၉ ရက်မှာ နွန်ထပူရီရဲစခန်းကို ရောက်လာစဉ် သတင်းထောက်တအုပ်ကြီးနဲ့ တိုးပြီး တယောက်တပေါက် ဝိုင်းမေးကြတာကြောင့် သတိမေ့မျောမတတ် ဖြစ်ခဲ့ရတယ်လို့ Amarin TV သတင်းမှာ ဖော်ပြပါတယ်။

သူလှေခါးပေါ်တက်စဉ် သတင်းထောက်တွေ လိုက်လာရာမှာ သူက မေးခွန်းတွေ အများကြီးမေးရင် လှေခါးပေါ်က ခုန်ချမယ်လို့ ခြိမ်းခြောက်တာကြောင့် သတင်းထောက်တွေက ဝိုင်းဝန်း ချော့မော့ခဲ့ရပါတယ်။ သူဟာ သွေးတွေတက်နေကြောင်း၊ ခေါင်းလဲ မူးနောက်နေကြောင်း ပြောတာကြောင့် ရှူဆေးပေးပြီး စိတ်ပြေမှ သတင်းထောက်တွေကို စကားပြောပါတယ်။ တိုင်မိုမိခင်ဟာ လျော်ကြေး ဘတ်သန်းပေါင်း၃၀ကိစ္စ တီဗွီအင်တာဗျူးတခုမှာဖြေကြားအပြီး ပရိသတ်တွေရဲ့ ဆဲဆိုဝေဖန်မှုတွေခံနေရသလို အတိတ်ကကိစ္စ၊ အတွင်းရေးတွေပါဖော်ထုတ်ခံနေရတာကြောင့် စိတ်ဖိစီးနေတာဖြစ်ပါတယ်။

ဒီကနေ့ ရဲစခန်းကိုလာရတဲ့ အကြောင်းကတော့ ရဲတပ်ဖွဲ့ရဲ့ ချိန်းဆိုချက်အရဖြစ်ကြောင်း၊ လှေပိုင်ရှင်သူဌေး ဟိုက်စိုးပေါနဲ့ ရောဘတ်တို့ရဲ့ နောက်ဆုံးဖွင့်ဟချက် မသိရကြောင်း၊ ဆိုရှယ်မီဒီယာလည်း မသုံးတော့ကြောင်း၊ သူတို့က အမေ့ခြေအစုံကို ဦးခိုက်တောင်းပန်ခဲ့လို့ ရာနှုန်းပြည့် ခွင့်လွှတ်တယ်လို့ ထပ်လောင်းပြောဆိုပါတယ်။ အမှုကိစ္စ ရဲတပ်ဖွဲ့က သူလုပ်စရာရှိတာ လုပ်နေကြောင်း၊

အမေ့မှာ ရှေ့နေငှါးထားပြီး နောက်ဆိုရင် သတင်းထောက်တွေနဲ့ တိုက်ရိုက်မေးဖြေ လုပ်တော့မှာမဟုတ်ဘဲ ရှေ့နေကနေတဆင့်သာ ဖြေပေးမယ်လို့ ပြောပါတယ်။ အမှုမှန်ပေါ်ပေါက်ရေး တဖက်က ဆောင်ရွက်နေတဲ့ လူထုအကျိုးဆောင်ရှေ့ (သမ့်) ကိုတော့ စိတ်ဆိုးကြောင်း၊ ခြေအစုံလာကန်တော့တောင်မှ ၁၀၀ ရာခိုင်နှုန်း ခွင့်မလွှတ်ဘူးလို့ ပြောပါတယ်။

(ဒီမတိုင်ခင် ရှေ့နေသမ့်က – တိုင်မိုအမှုမှန်ပေါ်ပေါက်ရေးအတွက် ဘယ်သူမဆို သတင်းထောက်တွေ မေးတာကို တိုင်မိုမိခင်ထံ ခွင့်တောင်းစရာမလိုဘဲ လွတ်လပ်စွာ ပေးပိုင်ခွင့်ရှိကြောင်း၊ တိုင်မိုရဲ့အမေအနေနဲ့ သတင်းပေးသူတွေရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်ခွင့်မရှိဘူးလို့ ပြောခဲ့တာပါ။) တိုင်မိုသေဆုံးမှုမှာ အမှုကိစ္စ လုံးဝဝင်မပြော၊ သတင်းမီဒီယာတွေမှာလည်း ဘာမှမဖြေဘဲ မိမိဘာသာ ကြိတ်ဆွေးနေသူကတော့ သူ့ရဲ့လက်ရှိရည်းစား Bird ပဲ ဖြစ်ပါတယ်။

သူဟာ တိုင်မို ရေထဲပျောက်ဆုံးစဉ် မအိပ်နိုင်မစားနိုင် တနေ့လုံးတညလုံး ကယ်ဆယ်ရေး အဖွဲ့နဲ့အတူ လိုက်ပြီး တိုင်မိုကို လိုက်ရှာနေခဲ့တာပါ။ တိုင်မိုရဲ့ အလောင်းပြန်တွေ့တော့ ကယ်ဆယ်ရေးအဖွဲ့တွေကို လက်အုပ်ချီ ခွင့်တောင်းပြီး အလောင်းကို ပွေ့ဖက် ငိုကြွေးခဲ့ပါတယ်။ အဲဒီနောက် တိုင်မိုနဲ့အတူနေခဲ့တဲ့ အိမ်ကနေ ကြောင်တကောင်၊ ခေါင်းအုံး၊ ဖက်လုံးနဲ့ တိုင်မိုရဲ့ ဓာတ်ပုံတွေသာ ယူဆောင်ပြီး အိမ်ပေါ်က တိတ်တဆိတ် ဆင်းသွားခဲ့ပါတယ်။

သူ့ရဲ့ လူမှုကွန်ရက်မှာတော့ သူဟာ တိုင်မိုရဲ့အချစ်ကိုရဖို့ ၇ နှစ်တိတိ ကြိုးစားပိုးပမ်းခဲ့ပြီး ၂ နှစ်ပဲ တွဲခွင့်ပြုခဲ့တဲ့ ကံတရားကို လုပ်ရက်တယ်လို့ ရေးသားထားပါတယ်။ တီဗွီဖျော်ဖြေရေး အစီအစဉ်တခုက သူ့ကို တကြိမ်ကို ဘတ် ၅ သောင်းနှုန်းနဲ့ အင်တာဗျူးလုပ်ဖို့ ကမ်းလှမ်းပေမယ့် သူက ငွေမလိုချင်ကြောင်း၊ မီဒီယာမှာ ထွက်ဖို့ မနှစ်သက်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

အသက် ၃၇ နှစ်ရွယ် Bird ဟာ Stonerbkk Shop အမည်ရှိ အထည်ဆိုင်ပိုင်ရှင်ဖြစ်ပြီး လေဟာပြင်ဈေးတွေမှာလည်း ကိုယ်တိုင်လှည့်ပတ် ရောင်းချနေသူ ဖြစ်ပါတယ်။မင်းသမီးတိုင်မိုကို ကြိတ်ကြိုက်နေတာ ၁၀ နှစ်ကျော်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကမှ ရည်းစားဖြစ်ခွင့် ရခဲ့တာပါ။ တိုင်မိုက ယခင်အိမ်ထောင်နဲ့ကွဲပြီး ဖခင်လည်း ဆုံးသွားလို့ စိတ်ကျရောဂါရနေစဉ် Bird က နှစ်သိမ့်အားပေးရင်း စိတ်ခွန်အားတွေရခဲ့လို့ တိုင်မိုကလည်း အချစ်စစ်တွေ့ပြီဖြစ်ကြောင်း အင်တာဗျူးဖိုင်လုပ်ပြီး တရားဝင် ကြေညာခဲ့ပါတယ်။

ကာယကံရှင် Bird က မီဒီယာတွေကို ရှောင်ရှားပေမယ့် သူ့နာမည်နဲ့ အကောင့်တုတွေ ထွက်ပေါ်ပြီး သတင်းမီဒီယာတွေကလည်း သူတို့အချစ်ဇာတ်လမ်းအကြောင်းကို အကျယ်တဝံ့ ထုတ်လွှင့်နေကြပါတယ်။

Zawgyi

ထိုင္းမင္းသမီး Tang Mo ေသဆုံးရသည့္အေၾကာင္းအရင္းကို ရဲတပ္ဖြဲ႕ ရွင္းလင္းခ်က္ထုတ္ျပန္ ထိုင္းသ႐ုပ္ေဆာင္ ႐ုပ္ရွင္မင္းသမီး တိုင္မိုနိဒါးဟာ ေလွေမာင္းသူ မကြၽမ္းက်င္မႈေၾကာင့္ မေတာ္တဆ ေရထဲျပဳတ္က်ၿပီး ေရနစ္ေသဆုံးရတာလို႔ ႏြန္ထပူရီရဲတပ္ဖြဲ႕က ေျပာပါတယ္။တိုင္မိုနိဒါး ေသဆုံးမႈ အမႈမွန္ေပၚေပါက္ေရးအတြက္ ရဲတပ္ဖြဲ႕က လူ ၇၇ ဦးကို ေခၚယူစစ္ေဆးခဲ့ၿပီး စီစီတီဗြီကင္မရာ ၆၀ လုံးနဲ႔ ဗြီဒီယိုဖိုင္ ၂၀ ဖိုင္ကိုပါ စစ္ေဆးခဲ့ၿပီး အားရမႈရွိေၾကာင္း၊

ေလွေပၚပါ အေဖာ္ေတြရဲ႕ ထြက္ဆိုခ်က္ေတြအရ အမႈကို ပုံေဖာ္လို႔ရၿပီလို႔ ႏြန္ထပူရီခ႐ိုင္ရဲစခန္း ဒုရဲမႉးႀကီး ဥဒြန္းယြမ္းက်႐ြန္းက မတ္လ ၈ ရက္ေန႔ သတင္းစာရွင္းပြဲမွာ ေျပာပါတယ္။ စပိဘုတ္ေလွေမာင္းသူ ေရာဘတ္ရဲ႕ ဖြင့္ဟဝန္ခံခ်က္အရ သူဟာ ေလွမေမာင္းတတ္ဘဲ စမ္းသပ္ေမာင္းႏွင္ျခင္းသာျဖစ္ေၾကာင္း၊ ေလွေမာင္းတာလည္း သတ္မွတ္ႏႈန္းထက္ အရွိန္ပိုျမင့္ေနတာ စစ္ေဆးေတြ႕ရွိေၾကာင္း၊

ေလွဦးခုန္တက္သြားတဲ့အခိုက္ ေလွအၿမီးပိုင္းမွာ အေပါ့သြားေနတဲ့ မင္းသမီး တိုင္မိုဟာ ႐ုတ္တရက္ ေရထဲျပဳတ္က်သြားတာလို႔ ဆိုပါတယ္။ အဲဒီမတိုင္ခင္က တိုင္မိုဟာ ေလွရဲ႕ဝမ္းပိုင္းမွာ ထိုင္ရင္းက အေပါ့သြားခ်င္တယ္လို႔ေျပာၿပီး အၿမီးပိုင္းကို ေလွ်ာက္သြားေၾကာင္း၊ ေလွအၿမီးပိုင္းမွာ ဆဲမ္း ဆိုသူ အမ်ိဳးသားက လဲေလ်ာင္းရင္း ဖုန္းကစားေနၿပီး တိုင္မိုက သူ႔ေျခႏွစ္ဖက္ကို အားျပဳ ကိုင္ခြင့္ေတာင္းခဲ့ေၾကာင္း၊ ကိစၥၿပီးလို႔ ထလိုက္စဥ္ ေလွကခုန္တဲ့အခ်ိန္နဲ႔ ကိုက္ၿပီး အရွိန္မထိန္းႏိုင္ဘဲ ျပဳတ္က်သြားတာလို႔ ဆိုပါတယ္။

သူ႔ရဲ႕ေပါင္ေပၚက ဒဏ္ရာကေတာ့ ေရထဲမက်ခင္ရတာလား၊ ေရထဲက်ၿပီးမွ ရတာလားဆိုတာကို မႈခင္းေဆးသိပၸံနည္းနဲ႔ စစ္ေဆးေနေၾကာင္း၊ သူ႔အေလာင္းကို က်ဴလာေလာင္ကြန္း ေဆးတကၠသိုလ္နဲ႔ ရာမဓိပတိေဆး႐ုံက ဓာတ္ခြဲစစ္ေဆးေနၿပီး ေနာက္အပတ္ထဲမွာ အမႈတြဲအားလုံး ၿခဳံငုံႏိုင္လိမ့္မယ္လို႔ ဒုရဲမႉးႀကီးက ေျပာပါတယ္။ ေလွေပၚက အေဖာ္ေတြဟာ အရက္ေသာက္ထားတာ ရွိခဲ့ေၾကာင္း၊ ဖန္ခြက္ကို ေရထဲပစ္ခ်လိုက္တာကေတာ့ အျပစ္ရွိမွာ စိုးရိမ္လို႔ လုပ္ရတာလို႔ ေျပာပါတယ္။

လူမႈကြန္ရက္ေတြမွာ ေျပာဆိုေနၾကသလို တိုင္မိုဟာ အထူးပုဂၢိဳလ္အတြက္ ေဖ်ာ္ေျဖေပးဖို႔ အလုပ္ကိစၥ လက္ခံတယ္ ဆိုတာေတာ့ ဘာမွအေထာက္အထားမရွိေၾကာင္း၊ ေလွေပၚပါသူေတြ အားလုံး မူးယစ္ေဆးဝါးသုံးစြဲထားျခင္းမရွိ၊ လူသတ္မႈေျမာက္တဲ့ သက္ေသမရွိေၾကာင္း၊ ဒါေၾကာင့္ တပါးသူ ေသကံေရာက္သည္အထိ ေပါ့ဆစြာ ေလွခုတ္ေမာင္းမႈပဲ ေျမာက္တယ္လို႔ ဆိုပါတယ္။

ဒီမတိုင္ခင္က ေလွပိုင္ရွင္ ဟိုက္စိုးေပါနဲ႔ ေရာဘတ္တို႔ကို ရဲတပ္ဖြဲ႕က လိုင္စင္သက္တမ္းကုန္ ေလွကို အသုံးျပဳမႈ၊ ေလွေမာင္းလိုင္စင္မရွိဘဲ (ခြင့္ျပဳခ်က္မရဘဲ ေလွေမာင္းမႈ) တို႔နဲ႔ ကနဦး စြဲခ်က္တင္ထားပါတယ္။ သတင္းဌာနေတြကလည္း အမႈမွန္ေပါက္ေပါက္ေရးအတြက္ ျမစ္ထဲသြားၿပီး ေလွအၿမီးပိုင္းမွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး အေပါ့သြားလို႔ ရ မရ၊ ျပဳတ္က်ၿပီးရင္ ပန္ကာဒလက္က လူကို ထိႏိုင္ေျခရွိ၊ မရွိ စမ္းသပ္ခဲ့ၾကၿပီး

ေလွကြၽမ္းက်င္သူေတြကိုပါ ေမးျမန္းၾကည့္ရာမွာ ရဲေျပာသလို မျဖစ္ႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ၾကပါတယ္။ တိုင္မိုဟာ အသားကပ္ေဘာင္းဘီနဲ႔ ဂါဝန္ရွည္ပါ ဝတ္ဆင္ထားတာေၾကာင့္ ေလွအၿမီးပိုင္းမွာ ဘယ္လိုမွ အေပါ့သြားလို႔ မရႏိုင္ေၾကာင္း၊ သူမဟာ ႏိုင္ငံေက်ာ္မင္းသမီးျဖစ္ၿပီး အဲသလိုႀကဳံရာမွာ အေပါ့သြားေလ့ မရွိေၾကာင္း ရင္းႏွီးသူေတြက တညီတၫြတ္တည္း ေျပာဆိုၾကပါတယ္။

သေဘၤာက်င္းမွာ ႏွစ္ေပါင္း ၂၀ ေက်ာ္ အလုပ္လုပ္ၿပီး တိုင္မိုကို ေရထဲလိုက္ရွာရာမွာ ပါဝင္ခဲ့သူ တဦးကလည္း သူ႔တသက္ ေလွအၿမီးပိုင္းကေန အေပါ့သြားတယ္ဆိုတာ တခါမွ မၾကားဘူးေၾကာင္း၊ ျဖစ္လည္းမျဖစ္ႏိုင္၊ ေက်ာက္ဖရားျမစ္က အနက္ႀကီးမဟုတ္လို႔ ေရနစ္ေသမႈ မရွိသေလာက္ပဲ၊ ေလွေပၚကလူေတြ ထြက္ဆိုခ်က္ကို မယုံၾကည္ဘူးလို႔ ေျပာပါတယ္။ ျပည္သူ႔ဟစ္တိုင္ ေရွ႕ေနတဦးျဖစ္သူ “သမ့္” ကလည္း တိုင္မိုေသဆုံးရတဲ့အေပၚ မသကၤာစရာေတြ အမ်ားႀကီး ေတြ႕ရွိေၾကာင္း၊

တိုင္မိုဟာ ျပည္သူ႔အခ်စ္ေတာ္ ႐ုပ္ရွင္မင္းသမီးတေယာက္ ျဖစ္တာေၾကာင့္ အမႈမွန္ေပၚေအာင္ ႀကိဳးစားမယ္လို႔ ေျပာပါတယ္။တိုင္မိုရဲ႕မိခင္ျဖစ္သူ နန္းဖနိဒါဟာ ဒီကေန႔ မတ္လ ၉ ရက္မွာ ႏြန္ထပူရီရဲစခန္းကို ေရာက္လာစဥ္ သတင္းေထာက္တအုပ္ႀကီးနဲ႔ တိုးၿပီး တေယာက္တေပါက္ ဝိုင္းေမးၾကတာေၾကာင့္ သတိေမ့ေမ်ာမတတ္ ျဖစ္ခဲ့ရတယ္လို႔ Amarin TV သတင္းမွာ ေဖာ္ျပပါတယ္။

သူေလွခါးေပၚတက္စဥ္ သတင္းေထာက္ေတြ လိုက္လာရာမွာ သူက ေမးခြန္းေတြ အမ်ားႀကီးေမးရင္ ေလွခါးေပၚက ခုန္ခ်မယ္လို႔ ၿခိမ္းေျခာက္တာေၾကာင့္ သတင္းေထာက္ေတြက ဝိုင္းဝန္း ေခ်ာ့ေမာ့ခဲ့ရပါတယ္။ သူဟာ ေသြးေတြတက္ေနေၾကာင္း၊ ေခါင္းလဲ မူးေနာက္ေနေၾကာင္း ေျပာတာေၾကာင့္ ရွဴေဆးေပးၿပီး စိတ္ေျပမွ သတင္းေထာက္ေတြကို စကားေျပာပါတယ္။ တိုင္မိုမိခင္ဟာ ေလ်ာ္ေၾကး ဘတ္သန္းေပါင္း၃၀ကိစၥ တီဗြီအင္တာဗ်ဴးတခုမွာေျဖၾကားအၿပီး ပရိသတ္ေတြရဲ႕ ဆဲဆိုေဝဖန္မႈေတြခံေနရသလို အတိတ္ကကိစၥ၊ အတြင္းေရးေတြပါေဖာ္ထုတ္ခံေနရတာေၾကာင့္ စိတ္ဖိစီးေနတာျဖစ္ပါတယ္။

ဒီကေန႔ ရဲစခန္းကိုလာရတဲ့ အေၾကာင္းကေတာ့ ရဲတပ္ဖြဲ႕ရဲ႕ ခ်ိန္းဆိုခ်က္အရျဖစ္ေၾကာင္း၊ ေလွပိုင္ရွင္သူေဌး ဟိုက္စိုးေပါနဲ႔ ေရာဘတ္တို႔ရဲ႕ ေနာက္ဆုံးဖြင့္ဟခ်က္ မသိရေၾကာင္း၊ ဆိုရွယ္မီဒီယာလည္း မသုံးေတာ့ေၾကာင္း၊ သူတို႔က အေမ့ေျခအစုံကို ဦးခိုက္ေတာင္းပန္ခဲ့လို႔ ရာႏႈန္းျပည့္ ခြင့္လႊတ္တယ္လို႔ ထပ္ေလာင္းေျပာဆိုပါတယ္။ အမႈကိစၥ ရဲတပ္ဖြဲ႕က သူလုပ္စရာရွိတာ လုပ္ေနေၾကာင္း၊

အေမ့မွာ ေရွ႕ေနငွါးထားၿပီး ေနာက္ဆိုရင္ သတင္းေထာက္ေတြနဲ႔ တိုက္႐ိုက္ေမးေျဖ လုပ္ေတာ့မွာမဟုတ္ဘဲ ေရွ႕ေနကေနတဆင့္သာ ေျဖေပးမယ္လို႔ ေျပာပါတယ္။ အမႈမွန္ေပၚေပါက္ေရး တဖက္က ေဆာင္႐ြက္ေနတဲ့ လူထုအက်ိဳးေဆာင္ေရွ႕ (သမ့္) ကိုေတာ့ စိတ္ဆိုးေၾကာင္း၊ ေျခအစုံလာကန္ေတာ့ေတာင္မွ ၁၀၀ ရာခိုင္ႏႈန္း ခြင့္မလႊတ္ဘူးလို႔ ေျပာပါတယ္။

(ဒီမတိုင္ခင္ ေရွ႕ေနသမ့္က – တိုင္မိုအမႈမွန္ေပၚေပါက္ေရးအတြက္ ဘယ္သူမဆို သတင္းေထာက္ေတြ ေမးတာကို တိုင္မိုမိခင္ထံ ခြင့္ေတာင္းစရာမလိုဘဲ လြတ္လပ္စြာ ေပးပိုင္ခြင့္ရွိေၾကာင္း၊ တိုင္မိုရဲ႕အေမအေနနဲ႔ သတင္းေပးသူေတြရဲ႕လြတ္လပ္ခြင့္ကို ပိတ္ပင္ခြင့္မရွိဘူးလို႔ ေျပာခဲ့တာပါ။) တိုင္မိုေသဆုံးမႈမွာ အမႈကိစၥ လုံးဝဝင္မေျပာ၊ သတင္းမီဒီယာေတြမွာလည္း ဘာမွမေျဖဘဲ မိမိဘာသာ ႀကိတ္ေဆြးေနသူကေတာ့ သူ႔ရဲ႕လက္ရွိရည္းစား Bird ပဲ ျဖစ္ပါတယ္။

သူဟာ တိုင္မို ေရထဲေပ်ာက္ဆုံးစဥ္ မအိပ္ႏိုင္မစားႏိုင္ တေန႔လုံးတညလုံး ကယ္ဆယ္ေရး အဖြဲ႕နဲ႔အတူ လိုက္ၿပီး တိုင္မိုကို လိုက္ရွာေနခဲ့တာပါ။ တိုင္မိုရဲ႕ အေလာင္းျပန္ေတြ႕ေတာ့ ကယ္ဆယ္ေရးအဖြဲ႕ေတြကို လက္အုပ္ခ်ီ ခြင့္ေတာင္းၿပီး အေလာင္းကို ေပြ႕ဖက္ ငိုေႂကြးခဲ့ပါတယ္။ အဲဒီေနာက္ တိုင္မိုနဲ႔အတူေနခဲ့တဲ့ အိမ္ကေန ေၾကာင္တေကာင္၊ ေခါင္းအုံး၊ ဖက္လုံးနဲ႔ တိုင္မိုရဲ႕ ဓာတ္ပုံေတြသာ ယူေဆာင္ၿပီး အိမ္ေပၚက တိတ္တဆိတ္ ဆင္းသြားခဲ့ပါတယ္။

သူ႔ရဲ႕ လူမႈကြန္ရက္မွာေတာ့ သူဟာ တိုင္မိုရဲ႕အခ်စ္ကိုရဖို႔ ၇ ႏွစ္တိတိ ႀကိဳးစားပိုးပမ္းခဲ့ၿပီး ၂ ႏွစ္ပဲ တြဲခြင့္ျပဳခဲ့တဲ့ ကံတရားကို လုပ္ရက္တယ္လို႔ ေရးသားထားပါတယ္။ တီဗြီေဖ်ာ္ေျဖေရး အစီအစဥ္တခုက သူ႔ကို တႀကိမ္ကို ဘတ္ ၅ ေသာင္းႏႈန္းနဲ႔ အင္တာဗ်ဴးလုပ္ဖို႔ ကမ္းလွမ္းေပမယ့္ သူက ေငြမလိုခ်င္ေၾကာင္း၊ မီဒီယာမွာ ထြက္ဖို႔ မႏွစ္သက္ေၾကာင္း ျငင္းဆိုခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္႐ြယ္ Bird ဟာ Stonerbkk Shop အမည္ရွိ အထည္ဆိုင္ပိုင္ရွင္ျဖစ္ၿပီး ေလဟာျပင္ေဈးေတြမွာလည္း ကိုယ္တိုင္လွည့္ပတ္ ေရာင္းခ်ေနသူ ျဖစ္ပါတယ္။မင္းသမီးတိုင္မိုကို ႀကိတ္ႀကိဳက္ေနတာ ၁၀ ႏွစ္ေက်ာ္ၿပီး လြန္ခဲ့တဲ့ ၂ ႏွစ္ကမွ ရည္းစားျဖစ္ခြင့္ ရခဲ့တာပါ။ တိုင္မိုက ယခင္အိမ္ေထာင္နဲ႔ကြဲၿပီး ဖခင္လည္း ဆုံးသြားလို႔ စိတ္က်ေရာဂါရေနစဥ္ Bird က ႏွစ္သိမ့္အားေပးရင္း စိတ္ခြန္အားေတြရခဲ့လို႔ တိုင္မိုကလည္း အခ်စ္စစ္ေတြ႕ၿပီျဖစ္ေၾကာင္း အင္တာဗ်ဴးဖိုင္လုပ္ၿပီး တရားဝင္ ေၾကညာခဲ့ပါတယ္။

ကာယကံရွင္ Bird က မီဒီယာေတြကို ေရွာင္ရွားေပမယ့္ သူ႔နာမည္နဲ႔ အေကာင့္တုေတြ ထြက္ေပၚၿပီး သတင္းမီဒီယာေတြကလည္း သူတို႔အခ်စ္ဇာတ္လမ္းအေၾကာင္းကို အက်ယ္တဝံ့ ထုတ္လႊင့္ေနၾကပါတယ္။

Add a Comment

Your email address will not be published.