ချစ်တဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းလေးကို ပြောပြလာတဲ့ မော်ဒယ်လ် ပိုင်တံခွန်…
Credit
UNICODE
ချစ်တဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းလေးကို ပြောပြလာတဲ့ မော်ဒယ်လ် ပိုင်တံခွန်…
ကမ္ဘာ့နံပါတ် (၁) အချောဆုံးစာရင်းဝင် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်က မြန်မာနိုင်ငံတွင်သာမကဘဲ နိုင်ငံတကာက ပရိသတ်တွေရဲ့အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူ ပဲ ဖြစ်ပါတယ်။ပိုင်တံခွန်က မြန်မာနိုင်ငံမှာ ကပ်ရောဂါ အခြေအနေတွေကြောင့်ရော အကြောင်းအမျိုးမျိူးကြောင့် အနုပညာလုပ်ငန်းတွေ ရပ်နားထားရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပိုင်တံခွန်က နိုင်ငံရေးကြောင့် (၁၁) လ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာဖြစ်ပြီး အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များမှာ ပါဝင်နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့မှာ လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။
ပိုင်တံခွန်လွတ်မြောက်လာခြင်းအတွက် ပရိသတ်တွေက ဝမ်းသာနေကြသလို ပိုင်တံခွန်ကလည်း လပေါင်းများစွာဝေးကွာနေတဲ့ ပရိသတ်တွေနဲ့ အမြန်ဆုံးပြန်လည် ဆုံတွေ့မယ့်အကြောင်းကို ပြောလာပါတယ်။ ပိုင်တံခွန်က “ကျွန်တော် (၂၀) ရက်နောက်ပိုင်း အရင်လို ပရိသတ်တွေနဲ့ အပြင်မှာရော အလုပ်တွေမှာရော ရင်းရင်းနှီးနှီးပြန်ဆုံပါ့မယ်။
နဲနဲလေး အသားမကျသေးလို့ပါ။ သတိတရနဲ့ အားလုံးကို လေးစားလျှက်ပါ။ “ဆိုပြီး သူ့ရဲ့ Facebook Story ကနော အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း အရင်လိုပြန်တွေ့ရတော့မှာ ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။
Credit
Add a Comment
Your email address will not be published.