ရေညှိကနေ ထုတ်တဲ့ ကာဗွန်ကင်းမဲ့လောင်စာဆီကို လေယာဉ်မောင်းဖို့ အထိတောင်လုပ်နေပြီ

ရေညှိကနေ ထုတ်တဲ့ ကာဗွန်ကင်းမဲ့လောင်စာဆီကို လေယာဉ်မောင်းဖို့ အထိတောင်လုပ်နေပြီ

တူရကီနိုင်ငံ အီစတန်ဘူးလ်မှာ ယူရို သန်း ၆၀ တန် ရေညှိလောင်စာဆီ ထုတ်ဖို့အတွက်ကို စီမံကိန်း စတင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ နေရောင်ခြည် စွမ်းအင်သုံးပြီး အစာစုဆောင်းထားတဲ့ ရေညှိ ကို ဓာတ်တု ဓာတ်ပေါင်း တွေနဲ့ ရောစပ်ပြီး လောင်စာဆီ ထုတ်လုပ်ဖို့အတွက် သုတေသန လုပ်တာပါ။

သီအိုရီပိုင်း အောင်မြင်ပြီးနောက်မှာ နမူနာ လက်တွေ့စမ်းသက်မှုတွေ လည်းလုပ်ပြီးသွားလို့ အမြောက်အများ ထုတ်လုပ်ဖို့အတွက် ရေညှိစိုက်ခင်းတွေကို အီးယူက ၆၀% တူရကီအစိုးရက ၄၀ % ထည့်ဝင်ပြီး စစမ်းတာပါ။

ရေညှိ အပင်သေး ၊ အပင်ကြီး မျိုးစုံကို စမ်းသက်စိုက်ပျိုး ဖို့အတွက် ဘိုဂါဇီစီ တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဟတ်ဇ်နီဒါရိုဂလူကို ဦးစီးစေကာ ရေညှိမှ အစားအသောက်နဲ့ ဖြည့်စွပ်စာ ထုတ်လုပ်မှု ၊ လောင်စာဆီနဲ့ မြေသြဇာ ထုတ်လုပ်နိုင်မှုတွေကို အဆင့်ခွဲပြီး လုပ်ကိုင်မှာပါ။

ဇီဝသန့်စင်မှု ကို ဇီဝစီးပွားရေးအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် ကြိုးပမ်းမှု တစ်ရပ်ဖြစ်ပါတယ်။ ရေညှိ လောင်စာဆီ ကို အသုံးပြု ပြီး စက်ကိရိယာတွေကို လှည်ပတ်စေခြင်းကနေ ကာဗွန်သုံည ဖြစ်စေတော့မှာပါ။

ရေညှိစိုက်ခင်း ၂၅၀၀ စတုရန်းမီတာကနေ တစ်နှစ်ကို ရေညှိ တန် ၁၂၀၀ ထုတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ဆုံး စမ်းသက်ထားတဲ့ အဆင့်အရ ရုပ်ကြွင်းလောင်စာနေရာမှာ လုံးဝကို အစားထိုးနိုင်လိမ့်မယ်လို့ သေချာပေါက် ပြောနေကြပါပြီ။

ဒီနှစ်ကုန်တာနဲ့ တူရကီနိုင်ငံက ထုတ်တဲ့ ရေညှိဆီတွေနဲ့ ပြည်တွင်းလေကြောင်းလိုင်းက ဂျက်လေယာဉ်တွေမှာ စတင်သုံးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: euronews Photo : euronews

Zawgyi

ေရညႇိကေန ထုတ္တဲ့ ကာဗြန္ကင္းမဲ့ေလာင္စာဆီကို ေလယာဥ္ေမာင္းဖို႔ အထိေတာင္လုပ္ေနၿပီ

တူရကီႏိုင္ငံ အီစတန္ဘူးလ္မွာ ယူ႐ို သန္း ၆၀ တန္ ေရညႇိေလာင္စာဆီ ထုတ္ဖို႔အတြက္ကို စီမံကိန္း စတင္ ေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။ ေနေရာင္ျခည္ စြမ္းအင္သုံးၿပီး အစာစုေဆာင္းထားတဲ့ ေရညႇိ ကို ဓာတ္တု ဓာတ္ေပါင္း ေတြနဲ႔ ေရာစပ္ၿပီး ေလာင္စာဆီ ထုတ္လုပ္ဖို႔အတြက္ သုေတသန လုပ္တာပါ။

သီအိုရီပိုင္း ေအာင္ျမင္ၿပီးေနာက္မွာ နမူနာ လက္ေတြ႕စမ္းသက္မႈေတြ လည္းလုပ္ၿပီးသြားလို႔ အေျမာက္အမ်ား ထုတ္လုပ္ဖို႔အတြက္ ေရညႇိစိုက္ခင္းေတြကို အီးယူက ၆၀% တူရကီအစိုးရက ၄၀ % ထည့္ဝင္ၿပီး စစမ္းတာပါ။

ေရညႇိ အပင္ေသး ၊ အပင္ႀကီး မ်ိဳးစုံကို စမ္းသက္စိုက္ပ်ိဳး ဖို႔အတြက္ ဘိုဂါဇီစီ တကၠသိုလ္က တြဲဖက္ပါေမာကၡ ဟတ္ဇ္နီဒါ႐ိုဂလူကို ဦးစီးေစကာ ေရညႇိမွ အစားအေသာက္နဲ႔ ျဖည့္စြပ္စာ ထုတ္လုပ္မႈ ၊ ေလာင္စာဆီနဲ႔ ေျမၾသဇာ ထုတ္လုပ္ႏိုင္မႈေတြကို အဆင့္ခြဲၿပီး လုပ္ကိုင္မွာပါ။

ဇီဝသန႔္စင္မႈ ကို ဇီဝစီးပြားေရးအျဖစ္ ေျပာင္းလဲႏိုင္ဖို႔အတြက္ ႀကိဳးပမ္းမႈ တစ္ရပ္ျဖစ္ပါတယ္။ ေရညႇိ ေလာင္စာဆီ ကို အသုံးျပဳ ၿပီး စက္ကိရိယာေတြကို လွည္ပတ္ေစျခင္းကေန ကာဗြန္သုံည ျဖစ္ေစေတာ့မွာပါ။

ေရညႇိစိုက္ခင္း ၂၅၀၀ စတုရန္းမီတာကေန တစ္ႏွစ္ကို ေရညႇိ တန္ ၁၂၀၀ ထုတ္ႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ေနာက္ဆုံး စမ္းသက္ထားတဲ့ အဆင့္အရ ႐ုပ္ႂကြင္းေလာင္စာေနရာမွာ လုံးဝကို အစားထိုးႏိုင္လိမ့္မယ္လို႔ ေသခ်ာေပါက္ ေျပာေနၾကပါၿပီ။

ဒီႏွစ္ကုန္တာနဲ႔ တူရကီႏိုင္ငံက ထုတ္တဲ့ ေရညႇိဆီေတြနဲ႔ ျပည္တြင္းေလေၾကာင္းလိုင္းက ဂ်က္ေလယာဥ္ေတြမွာ စတင္သုံးေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

REF: euronews Photo : euronews

Add a Comment

Your email address will not be published.