လျှပ်စစ်မီး ပြတ်ခြင်းကြောင့် အေးခဲထားသို စားသောက်ကုန်လုပ်ငန်းတွေ ရပ်ဆိုင်း

လျှပ်စစ်မီး ပြတ်ခြင်းကြောင့် အေးခဲထားသို စားသောက်ကုန်လုပ်ငန်းတွေ ရပ်ဆိုင်း

ရန်ကုန်မြို့အတွင်းရှိ အေးခဲထားသိုရတဲ့ စားသောက်ကုန်လုပ်ငန်းတွေဟာ ရပ်ဆိုင်းနေပြီလို့ သိရပါတယ်။ ရေခဲမုန့်၊ ရေခဲချောင်း၊ အဖျော်ယမကာ၊ ငါးပုစွန် အေးခဲလုပ်ငန်းစတာတွေဟာ လျှပ်စစ်မီးမရခြင်းနဲ့ လောင်စာဆီ ဈေးကြီးတာကြောင့် ရပ်ဆိုင်းနေကြပြီလို့ လှိုင်မြို့နယ်၊ ဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“ကျွန်မဆိုင်တွေကို အအေးနဲ့ပတ်သက်တာ ဘယ်သူမှလည်း လာမပို့တော့ဘူး။ ကျွန်မတို့လည်း မီးစက်ဆီဖိုး မတတ်နိုင်လို့ လာပို့လည်း မရောင်းတော့ဘူး။ မအလ လက်ထက် မီးပျက်တာ မဆလခေတ်ထက်ဆိုးနေပြီ” လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့တော်အတွင်း စံချိန်တင် မီးပျက်နေသလို ရန်ကုန်စက်မှုဇုန်တွေထဲ လျှပ်စစ်မီးလာတဲ့အချိန်တွေမှာလည်း ဝပ်အားမပြည့်တဲ့အတွက် အအေးခန်းစက်ရုံတွေ ရပ်နားထားရကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံအရာရှိတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလား ဘုရားတနေရပြီ။ ရေခဲစက်တွေကျတော့ ငါးပုစွန် ရေခဲရိုက်တာတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ မဖြစ်မနေသုံးနေရတော့ ဆက်လည်ပတ်နေပေမဲ့ ရေခဲဈေး ၂ ဆကျော်တက်သွားတယ်” လို့ သူကပြောပါတယ်။ ရေခဲပေါင် ၃၀၀ တစ်တုံးကို အရင်ကကျပ် ၇၀၀၀ ဝန်းကျင်ရှိခဲ့ရာကနေ အခုအခါ ကျပ် ၁၅၀၀၀ ဝန်းကျင်အထိ ၂ ဆခန့် စျေးနှုန်း မြင့်လာကြောင်း သူက ဆက်ပြောပါတယ်။

လှိုင်မြို့နယ် ၂ ရပ်ကွက်အတွင်းရှိ အရက်၊ ဘီယာအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက “ကျွန်တော်တို့ဆိုင်ဆို ရေခဲ မရောင်းတော့ဘူး။ ဘီယာကို အအေးမခံထားနိုင်တော့ဘူး။ မအေးတဲ့ဘီယာ ဝယ်ချင်တဲ့လူ ဝယ်၊ မီးစက်ဆီဖိုးနဲ့က မကိုက်ဘူး” လို့ ဆိုပါတယ်။

အသေးစား မုန့်လုပ်ငန်းတွေမှာလည်း လျှပ်စစ်မီးမရခြင်းနဲ့ မီးစက်မသုံးနိုင်တာကြောင့် မီးလာတဲ့အချိန်သာ အလုပ်လုပ်နေကြကာ မုန့်မှာသလောက် မပို့ပေးနိုင်တော့ဘူးလို့ ဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်တဦးကလည်း ဆိုပါတယ်။

လၽွပ္စစ္မီး ျပတ္ျခင္းေၾကာင့္ ေအးခဲထားသို စားေသာက္ကုန္လုပ္ငန္းေတြ ရပ္ဆိုင္း

ရန္ကုန္ၿမိဳ႕အတြင္းရွိ ေအးခဲထားသိုရတဲ့ စားေသာက္ကုန္လုပ္ငန္းေတြဟာ ရပ္ဆိုင္းေနၿပီလို႔ သိရပါတယ္။ ေရခဲမုန႔္၊ ေရခဲေခ်ာင္း၊ အေဖ်ာ္ယမကာ၊ ငါးပုစြန္ ေအးခဲလုပ္ငန္းစတာေတြဟာ လၽွပ္စစ္မီးမရျခင္းနဲ႔ ေလာင္စာဆီ ေဈးႀကီးတာေၾကာင့္ ရပ္ဆိုင္းေနၾကၿပီလို႔ လွိုင္ၿမိဳ႕နယ္၊ ဘူတာ႐ုံလမ္းရွိ ကုန္စုံဆိုင္ပိုင္ရွင္တဦးက ေျပာပါတယ္။

“ကၽြန္မဆိုင္ေတြကို အေအးနဲ႔ပတ္သက္တာ ဘယ္သူမွလည္း လာမပို႔ေတာ့ဘူး။ ကၽြန္မတို႔လည္း မီးစက္ဆီဖိုး မတတ္နိုင္လို႔ လာပို႔လည္း မေရာင္းေတာ့ဘူး။ မအလ လက္ထက္ မီးပ်က္တာ မဆလေခတ္ထက္ဆိုးေနၿပီ” လို႔ သူက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္အတြင္း စံခ်ိန္တင္ မီးပ်က္ေနသလို ရန္ကုန္စက္မႈဇုန္ေတြထဲ လၽွပ္စစ္မီးလာတဲ့အခ်ိန္ေတြမွာလည္း ဝပ္အားမျပည့္တဲ့အတြက္ အေအးခန္းစက္႐ုံေတြ ရပ္နားထားရေၾကာင္း လွိုင္သာယာၿမိဳ႕နယ္အတြင္းရွိ အေအးခန္းစက္႐ုံအရာရွိတစ္ဦးက ေျပာပါတယ္။

“ကၽြန္ေတာ္တို႔အလုပ္ေတြေတာင္ လကုန္က်ရင္ ျပဳတ္မလား ဘုရားတေနရၿပီ။ ေရခဲစက္ေတြက်ေတာ့ ငါးပုစြန္ ေရခဲရိုက္တာေတြနဲ႔ စားေသာက္ဆိုင္လုပ္ငန္းေတြမွာ မျဖစ္မေနသုံးေနရေတာ့ ဆက္လည္ပတ္ေနေပမဲ့ ေရခဲေဈး ၂ ဆေက်ာ္တက္သြားတယ္” လို႔ သူကေျပာပါတယ္။ ေရခဲေပါင္ ၃၀၀ တစ္တုံးကို အရင္ကက်ပ္ ၇၀၀၀ ဝန္းက်င္ရွိခဲ့ရာကေန အခုအခါ က်ပ္ ၁၅၀၀၀ ဝန္းက်င္အထိ ၂ ဆခန႔္ ေစ်းႏႈန္း ျမင့္လာေၾကာင္း သူက ဆက္ေျပာပါတယ္။

လွိုင္ၿမိဳ႕နယ္ ၂ ရပ္ကြက္အတြင္းရွိ အရက္၊ ဘီယာအေရာင္းဆိုင္ဝန္ထမ္းတစ္ဦးက “ကၽြန္ေတာ္တို႔ဆိုင္ဆို ေရခဲ မေရာင္းေတာ့ဘူး။ ဘီယာကို အေအးမခံထားနိုင္ေတာ့ဘူး။ မေအးတဲ့ဘီယာ ဝယ္ခ်င္တဲ့လူ ဝယ္၊ မီးစက္ဆီဖိုးနဲ႔က မကိုက္ဘူး” လို႔ ဆိုပါတယ္။

အေသးစား မုန႔္လုပ္ငန္းေတြမွာလည္း လၽွပ္စစ္မီးမရျခင္းနဲ႔ မီးစက္မသုံးနိုင္တာေၾကာင့္ မီးလာတဲ့အခ်ိန္သာ အလုပ္လုပ္ေနၾကကာ မုန႔္မွာသေလာက္ မပို႔ေပးနိုင္ေတာ့ဘူးလို႔ ဘူတာ႐ုံလမ္းရွိ ကုန္စုံဆိုင္ပိုင္ရွင္တဦးကလည္း ဆိုပါတယ္။

Add a Comment

Your email address will not be published.