ပရိတ်သတ်တွေနဲ့ ပြန်လည်ဆုံစည်းဖို့ အလုပ်တွေ ပြန်လုပ်မယ့် နေ့ရက်ကို ပြောပြလာတဲ့ သရုပ်ဆောင် ပိုင်တံခွန်

Unicode

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် မော်ဒယ်လ် မင်းသား ပိုင်တံခွန် ကတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မတရားဖမ်းစီးခံခဲ့ရပြီး ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် စကစရဲ့

အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များမှာ ပါဝင်နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့မှာ လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ ပိုင်တံခွန် လွတ်မြောက်လာခြင်းအတွက်

ပရိသတ်တွေက ဝမ်းသာနေကြသလို ပိုင်တံခွန်ကလည်း လပေါင်းများစွာဝေးကွာနေတဲ့ ပရိသတ်တွေနဲ့ အမြန်ဆုံးပြန်လည်ဆုံတွေ့မယ့်အကြောင်းကို ပြောလာပါတယ်…။ ပိုင်တံခွန် က “ကျွန်တော် (၂၀) ရက်နောက်ပိုင်း

အရင်လို ပရိသတ်တွေနဲ့ အပြင်မှာရော အလုပ်တွေမှာရော ရင်းရင်းနှီးနှီးပြန်ဆုံပါ့မယ်။ နဲနဲလေး အသားမကျသေးလို့ပါ။ သတိတရနဲ့ အားလုံးကို လေးစားလျှက်ပါ။ “ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ် Story ကနေ လေးစားစွာ

အသိပေးလာခဲ့တာကို တွေ့ရပါတယ်…။ ပိုင်တံခွန် ကတော့လပေါင်းများစွာအကျဉ်းကျခံရပြီးတဲ့နောက် သူမြတ်နိုးတဲ့အလုပ်တွေ သူချစ်တဲ့ပရိသတ်တွေနဲ့ အမြန်ဆုံးထိတွေ့နိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း ပိုင်တံခွန်ကို အရင်လို အလုပ်တွေလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်မြင်ချင်နေကြပြီထင်ပါတယ်နော်…။

Zawgyi

ခ်စ္လွစြာေသာပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ေမာ္ဒယ္လ္ မင္းသား ပိုင္တံခြန္ ကေတာ့ ႏိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ မတရားဖမ္းစီးခံခဲ့ရၿပီး ေထာင္ဒဏ္ (၃) ႏွစ္ ခ်မွတ္ခံခဲ့ရတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ စကစရဲ႕

အႏုပညာျဖင့္ ႏိုင္ငံတည္ေဆာက္ေရးလုပ္ငန္းစဥ္မ်ားမွာ ပါဝင္ႏိုင္ဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ပိုင္တံခြန္ဟာ ၿပီးခဲ့တဲ့ မတ္လ (၂) ရက္ေန႔မွာ လြတ္ေျမာက္လာခဲ့တာပဲျဖစ္ပါတယ္။ ပိုင္တံခြန္ လြတ္ေျမာက္လာျခင္းအတြက္

ပရိသတ္ေတြက ဝမ္းသာေနၾကသလို ပိုင္တံခြန္ကလည္း လေပါင္းမ်ားစြာေဝးကြာေနတဲ့ ပရိသတ္ေတြနဲ႔ အျမန္ဆုံးျပန္လည္ဆုံေတြ႕မယ့္အေၾကာင္းကို ေျပာလာပါတယ္…။ ပိုင္တံခြန္ က “ကြၽန္ေတာ္ (၂၀) ရက္ေနာက္ပိုင္း

အရင္လို ပရိသတ္ေတြနဲ႔ အျပင္မွာေရာ အလုပ္ေတြမွာေရာ ရင္းရင္းႏွီးႏွီးျပန္ဆုံပါ့မယ္။ နဲနဲေလး အသားမက်ေသးလို႔ပါ။ သတိတရနဲ႔ အားလုံးကို ေလးစားလွ်က္ပါ။ “ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္ေပ့ခ်္ Story ကေန ေလးစားစြာ

အသိေပးလာခဲ့တာကို ေတြ႕ရပါတယ္…။ ပိုင္တံခြန္ ကေတာ့လေပါင္းမ်ားစြာအက်ဥ္းက်ခံရၿပီးတဲ့ေနာက္ သူျမတ္ႏိုးတဲ့အလုပ္ေတြ သူခ်စ္တဲ့ပရိသတ္ေတြနဲ႔ အျမန္ဆုံးထိေတြ႕ႏိုင္ဖို႔ ႀကိဳးစားေနတာပဲျဖစ္ပါတယ္။

ပရိသတ္ႀကီးကလည္း ပိုင္တံခြန္ကို အရင္လို အလုပ္ေတြလုပ္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျမင္ခ်င္ေနၾကၿပီထင္ပါတယ္ေနာ္…။

Add a Comment

Your email address will not be published.