Social Punishment လုပ်လိုက် အချိန်တန်တော့ ပြေးဖားယားလိုက် လုပ်နေကြတဲ့သူတွေကရော အစစအရာရာ အဆင်ပြေနေကြရဲ့လားလို့ မေးလာတဲ့ နိုဗန်ထူး

Unicode

အဆိုတော် နိုဗန်ထူးကတော့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ လွတ်မြောက်နယ်မြေမှာနေထိုင်ရင်း တော်လှန်နေကြတာပဲဖြစ်ပါတယ်။ နိုဗန်ထူးဟာ သူကိုယ်တိုင်လည်း လူသိများတဲ့ အဆိုတော်တစ်ယောက်ဆိုပေမယ့်

သူချစ်မြတ်နိုးတဲ့အနုပညာအလုပ်တွေကိုရော စွန့်လွှတ်ပြီး သက်စွန့်စံဖြား ကြိုးစားနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နိုဗန်ထူးက Social Punishment လုပ်ခံထားရတဲ့လူတွေကို ပြန်အားပေးနေကြတဲ့လူတွေကရော

အစစအရာရာအဆင်ပြေနေရဲ့လားဆိုပြီး မေးခွန်းထုတ်လာခဲ့ပါတယ်။ နိုဗန်ထူးက “Social Punishment (ခ ) စောက်ဖတ်မလုပ်ရမယ့် လူတွေဆိုပြီး သတ်မှတ်ထားတာကို ပြန်ပေါ်လာပြီး ကြွားတဲ့အပေါ်မှာ တချို့က လွမ်းနေတာ ၊

စိတ်ပူလို့ ပြောနေကြတော့ ပြောတဲ့သူတွေက မီးကောရရဲ့လား ရေကော ချိုးရတာအဆင်ပြေလား မပူမပန် စားဖို့သောက်ဖို့ကော ရှိရဲ့လား အလုပ်အကိုင်ကော အဆင်ပြေရဲ့လား အပြင်သွားရင်ကော လုံခြုံစိတ်အေးချမ်းသာစွာ သွားနိုင်ရဲ့လား

(လုံးဝအခြေခံကိုဘဲပြောတာပါ။) ဒါမှမဟုတ် ဒါတွေကို အားပေးဖို့ အေဂျင်စီတွေများ ဖွင့်ထားကြတာလား။ စောက်မှတ်မရှိဆုံး လူမျိုး ဆိုပြီး ဂရင်းနစ်စံချိန်ယူဖို့ မှန်းထားတာလား။ တိုင်းပြည်ကြီး xီးဖြစ်နေတာ ရိုးရိုးxီးတောင် မဟုတ်

ပန်းသေဗားရှင်းကြီး မှာ နေထိုင်သူတွေက အနေသာကြီး ဖြစ်နေတဲ့ သူတွေကို စိတ်ပူနေကြတာဆိုတော့ ကျမ်းစာအသစ်တွေ ၊ ဘာသာအသစ်တွေများ ထပ်ထွက်နေပြီး ကိုးကွယ်နေကြတာလား ငါ့လည်းပြောအုန်း

ချစ်တတ် နှလုံးသားကလှတဲ့ကောင်ဆိုပြီးတော့ ချန်မထားခဲ့ကြနဲ့အုန်း ။” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ နိုဗန်ထူးပြောသလိုပဲ Social Punishment လုပ်ခံထားရတဲ့လူတွေပြန်ပေါ်လာတဲ့အပေါ် အမှတ်ရှိကြဖို့ ပြောလာတာပဲဖြစ်ပါတယ်။

Zawgyi








Add a Comment

Your email address will not be published.