တော်လှန်ရေးကြီးမှာ မပါဝင်နိုင်တဲ့သူတွေအတွက် အကြံပေးလိုက်တဲ့ သရုပ်ဆောင် ဒေါင်း…

Unicode

ပရိသတ်ကြီးရေ… မင်းသား ဒေါင်း ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပြီးတော့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အပြင် ယောက်ကျားပီသတဲ့

ရုပ်ရည်သွင်ပြင်ရှိတာကြောင့် ပျိုမေတို့ချစ်ခင်အားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ဒေါင်း ကတော့ ပရိသတ်ကြီးနဲ့အတူတူ အမှန်တရားဘက်က အမြဲတမ်းရပ်တည်နေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

သူဟာပြည်သူတွေနဲ့ဘက်နဲ့ရပ်တည်ခဲ့တာကြောင့် လက်ရှိမှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရပါတယ်။ မင်းသားချော ဒေါင်း ဟာ လက်ရှိမှာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီးတော့ တော်လှန်ရေးတာဝန်ကို

ကျရာနေရာကနေ ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စနစ်ဆိုးမှာ မစီးမြောကြဖို့ ပြည်သူတွေကို သတိပေးလိုက်ပါတယ်။ ဒါအပြင် တော်လှန်ရေးမှာ

မပါဝင်နိုင်တဲ့ သူတွေကိုလဲ အကြံတစ်ခုပေးထားပါသေးတယ်။ ” တော်လှန်ရေးထဲအပြည့်အဝ မပါဝင်နိုင်ရင်တောင် စနစ်ဆိုးမှာမစီးမြောလိုက်ပါနဲ့ အဲ့လောက်တော့ဆန့်ကျင်တတ်ရမယ်” လို့ ဒေါင်း ဟာ

သူ့ရဲ့ လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရေ မင်းသား ဒေါင်း ပြောတဲ့အကြံကို လက်ခံသဘောတူကြရဲ့လား??? ဘာပဲ ဖြစ်ဖြစ်စနစ်ဆိုးမှာ မစီးမြောကြဖို့လိုပါတယ်နော်။ မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Zawgyi







Add a Comment

Your email address will not be published.