ခေတ်သစ်မီဒီယာကိုလှောင်ပြောင်လို့ စစ်တပ်လော်ဘီ Han Nyein Oo ၏ Telegram အရှင်းလင်းခံရ

စစ်တပ်လော်ဘီ Han Nyein Oo ၏ Telegram ဖြုတ်ချခံရ

ရန်ကုန်၊ မတ် ၁၁

ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများကို ဖမ်းဆီးရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသော စစ်တပ်လော်ဘီ Han Nyein Oo ၏ Follower ၁ သိန်း ကျော်ရှိသော Telegram ကို ယနေ့ ည ၁၀ နာရီကျော်အချိန်တွင် ဖြုတ်ချလိုက်ကြောင်း သိရှိရသည်။

 

Telegram ၏ ထုတ်ပြန်စာတွင် Han Nyein Oo Channel သည် Telegram ၏ လူမှုစံနှုန်းများနှင့်မကိုက်ညီ၍ ဖြုတ်ချကြောင်း ဖော်ပြထားသည်။

Han Nyein Oo သည် ယနေ့ ညနေပိုင်းတွင် ခေတ်သစ်အယ်ဒီတာချုပ် သာလွန်ဇောင်းထက်နှင့်ပတ်သက်၍ မမှန်ကန်သော သတင်းများကို ဖြန့်ဝေခဲ့သေးပြီး အဆိုပါပို့စ်မှာ ၎င်း Channel ၏ နောက်ဆုံးပို့စ်လည်းဖြစ်သည်။

လက်ရှိတွင် Han Nyein Oo ၏ Followers သုံးသောင်းခြောက်ထောင်ကျော် ရှိနေသော တယ်လီဂရမ်Channel တစ်ခုကျန်ရှိနေသေးသည်ကိုတွေ့ရသည်။

ဓာတ်ပုံ- Follower ၁ သိန်းကျော်ရှိသော Han Nyein Oo တယ်လီဂရမ်တွင် နောက်ဆုံးတင်သွားသော ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချုပ် သာလွန်ဇောင်းထက်နှင့်ပတ်သက်၍ မမှန်မကန်ဖြန့်ဝေထားသော ပို့စ်။

Add a Comment

Your email address will not be published.