“ကြည့်မိသူတိုင်း မျက်ရည်ကျခဲ့ရတဲ့ PDF လူငယ်လေး နှင့် မိခင်ဖြစ်သူတို့ ရဲ့ Video call မှတ်တမ်း(ရုပ်သံ)”

Junior Zaw ဆိုတဲ့ PDF လူငယ်လေး တစ်ယောက်က မတွေ့ရတာ တစ်နှစ်ကျော် ကြာပြီဖြစ်တဲ့ မိခင်ဖြစ်သူနှင့် Video call ပြောဖြစ်တာလေးကို ခုလို တင်ထားပါတယ်

“ကျနော်ရဲ့…အမေ ❤

သားဖြစ်သူကျနော်က Android Phone ကိုင်တယ်

အမေကမသုံးတတ်မကိုင်တတ်တော့ခလုတ်ဖုန်းလေးကိုင်တာပေါ့…

အမေမျက်နှာ​လေးမမြင်ရပဲ အသံလေးနဲ့ နေကောင်းရဲ့လား အမေ…ကျန်းမာရဲ့လား အမေ…အစစအရာရာဂရုစိုက်နော်လို့ အသံလေးနဲ့ပဲကြားခဲ့ပြောခဲ့ရတာ ၁နှစ်ကျော်ပြီ…

အခုတော့ကံကောင်းစွာနဲ့သူငယ်ချင်းတစ်ယောက်အကူညီကြောင့် အမေမျက်နှာလေးပြန်တွေ့ခဲ့ရတယ် တွေ့တွေ့ချင်းအမေမျက်နှာလေးဆချာင်သွားတာမြင်လိုက်ရတယ် မျက်ရည်တွေမထိန်းနိုင်ပဲကျလာတယ်

အမေရှေ့မှာငိုရင် အမေပိုပြီးစိတ်မကောင်းဖြစ်မှာဆိုးလို့ စကားကိုမနည်းထိန်းပြောရတယ် ရှေ့တန်းရောက်တဲ့အချိန်ဖြစ်နေတော့ စကားအကြာကြီးတောင်မပြောလိုက်ရပဲ ကန်တော့ပြီးတော့ အမေပေးတဲ့ဆုလေးယူပြီးဖုန်းချလိုက်ရတယ်….

အမေမှာတဲ့အတိုင်း သားအမေဆီဆက်ဆက်ပြန်လာခဲ့ပေးပါနော်လို့စကားကို သားကတိတည်နိုင်အောင်ကြိုးစားပြီးပြန်လာခဲ့ပါမယ် အမေ အခုတော့ သားလျှောက်ခဲ့တဲ့လမ်းကို သားဆုံးအောင်လျှောက်လိုက်ပါဦးမယ် အမေ…

အမေမငိုပါနဲ့နော် အမေငိုရင်သားရင်တွေကွဲရလို့ပါ အမေ….😔 သားဆက်ဆက်အမေရှိတဲ့အိမ်လေးဆီပြန်လာခဲ့ပါမယ်နော်… 🙏🙏🙏

#ဖုန်းပြောလို့ရအောင်အမေမျက်နှာလေးမြင်ခွင့်ရအောင်ကူညီပေးတဲ့သူငယ်ချင်းညီကိုကိုယ့်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ…😊🙏❤” ဆိုပြီး သူ့အကောင့်မှာ တင်ထားတာဖြစ်ပါတယ်

ရုပ်သံကြည့်ရန်

မြန်မာနိုင်ငံတစ်ဝှမ်းက သားကောင်းမိခင်များ ကျန်းမာစွာ ဘေးကင်းစွာ နေထိုင်နိုင်ကြပါစေ…အမေကလည်းချစ်. . .ပြည်သူကလည်းချစ်တဲ့ သားလိမ္မာတွေနဲ့ အမြန်ဆုံး ပြန်လည် ဆုံစည်းနိုင်ကြပါစေ

Credit : Junior Zaw

Add a Comment

Your email address will not be published.