သေမင်းနဲ့ သုံးကြိမ်တိုင်တိုင်စစ်ခင်းခဲ့ပြီး နောက်ဆုံးမှာကျဆုံးသွားခဲ့ရတဲ့ ဖိုးဖြူအတွက် စိတ်မကောင်းများစွာဖြစ်နေရတဲ့ ဇာဂနာ

ေသမင္းနဲ႔ သုံးႀကိမ္တိုင္တိုင္စစ္ခင္းခဲ့ၿပီး ေနာက္ဆုံးမွာက်ဆုံးသြားခဲ့ရတဲ့ ဖိုးျဖဴအတြက္ စိတ္မေကာင္းမ်ားစြာျဖစ္ေနရတဲ့ ဇာဂနာ

တစ္ႏိုင္ငံလုံးက ပရိသတ္ေတြ ခ်စ္ခင္အားေပးၾကတဲ့ လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္ ဦးဖိုးျဖဴဟာ မေန႔က မတ္လ (၁၁) ရက္ေန႔ကပဲ ကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။ ဦးဖိုးျဖဴဟာ ျမပုဏၰမာအၿငိမ့္မွာ လူ႐ႊင္ေတာ္အျဖစ္ ေဆာင္႐ြက္ခဲ့သလို သရဲေလးေကာင္ျပဇာတ္မွာလည္း ေအာင္ျမင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ဖိုးျဖဴရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္သလို ႏွစ္ေပါင္းမ်ားစြာ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္လည္းျဖစ္တဲ့ ဇာဂနာက သြားေလသူအတြက္ ယူႀကဳံးမရျဖစ္ေနတာကိုေတြ႕ရပါတယ္။ ဇာဂနာက “ျမပုဏၰမာစထူေထာင္ေတာ့ ၁၉၈၅။၃၇ႏွစ္လုံးလုံး၊ညီရင္းအကိုလိုလက္တြဲခဲ့ၾက၊အခက္အခဲမွန္သမွ် အတူတကြရင္ဆိုင္ခဲ့ၾကတာ။

ေသမင္းနဲ႔သုံးႀကိမ္တိုင္တိုင္၊စစ္ခင္းခဲ့ရာက၊ခုေတာ့ က်ဆုံးခဲ့ရၿပီ။လူတိုင္းကို စတတ္၊ေနာက္တတ္၊ဂိုးထည့္တတ္သူႀကီး၊အသက္ရႉရပ္ေတာ့ ေနာက္ေနတာပဲ ျဖစ္ပါေစလို႔ဆုေတာင္းေပမဲ့၊မျပည့္ခဲ့။ ျပဳသမွ်ကုသိုလ္အတြက္အမွ်ေဝပါတယ္ကိုျဖဴ။” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

ဇာဂနာကေတာ့ (၃၇) ႏွစ္တိုင္တိုင္ သူငယ္ခ်င္းလို လုပ္ေဖာ္ကိုင္ဖက္လို ခင္မင္ရင္းႏွီးခဲ့ရတဲ့ ဖိုးျဖဴအတြက္ ေနာက္ေနတာပဲျဖစ္ပါေစလို႔ ဆုေတာင္းခဲ့ေပမယ့္ ဆုေတာင္းမျပည့္တဲ့အေၾကာင္းကို ဝမ္းနည္းစြာနဲ႔ ရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္။
Credit

UNICODE
သေမင်းနဲ့ သုံးကြိမ်တိုင်တိုင်စစ်ခင်းခဲ့ပြီး နောက်ဆုံးမှာကျဆုံးသွားခဲ့ရတဲ့ ဖိုးဖြူအတွက် စိတ်မကောင်းများစွာဖြစ်နေရတဲ့ ဇာဂနာ

တစ်နိုင်ငံလုံးက ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ လူရွှင်တော် ဟာသသရုပ်ဆောင် ဦးဖိုးဖြူဟာ မနေ့က မတ်လ (၁၁) ရက်နေ့ကပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဦးဖိုးဖြူဟာ မြပုဏ္ဏမာအငြိမ့်မှာ လူရွှင်တော်အဖြစ် ဆောင်ရွက်ခဲ့သလို သရဲလေးကောင်ပြဇာတ်မှာလည်း အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဖိုးဖြူရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သလို နှစ်ပေါင်းများစွာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်လည်းဖြစ်တဲ့ ဇာဂနာက သွားလေသူအတွက် ယူကြုံးမရဖြစ်နေတာကိုတွေ့ရပါတယ်။ ဇာဂနာက “မြပုဏ္ဏမာစထူထောင်တော့ ၁၉၈၅။၃၇နှစ်လုံးလုံး၊ညီရင်းအကိုလိုလက်တွဲခဲ့ကြ၊အခက်အခဲမှန်သမျှ အတူတကွရင်ဆိုင်ခဲ့ကြတာ။

သေမင်းနဲ့သုံးကြိမ်တိုင်တိုင်၊စစ်ခင်းခဲ့ရာက၊ခုတော့ ကျဆုံးခဲ့ရပြီ။လူတိုင်းကို စတတ်၊နောက်တတ်၊ဂိုးထည့်တတ်သူကြီး၊အသက်ရှူရပ်တော့ နောက်နေတာပဲ ဖြစ်ပါစေလို့ဆုတောင်းပေမဲ့၊မပြည့်ခဲ့။ ပြုသမျှကုသိုလ်အတွက်အမျှဝေပါတယ်ကိုဖြူ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ဇာဂနာကတော့ (၃၇) နှစ်တိုင်တိုင် သူငယ်ချင်းလို လုပ်ဖော်ကိုင်ဖက်လို ခင်မင်ရင်းနှီးခဲ့ရတဲ့ ဖိုးဖြူအတွက် နောက်နေတာပဲဖြစ်ပါစေလို့ ဆုတောင်းခဲ့ပေမယ့် ဆုတောင်းမပြည့်တဲ့အကြောင်းကို ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။
Credit

Add a Comment

Your email address will not be published.