သမီလေး Shandra ရဲ့ မထင်မှတ်ထားလောက်အောင် ထူးဆန်းလွန်းတဲ့အပြုအမူတစ်ခုကြောင့် အံ့အားသွားခဲ့ရတဲ့ ဖေဖေစည်ဖြိုး…
Credit
UNICODE
သမီလေး Shandra ရဲ့ မထင်မှတ်ထားလောက်အောင် ထူးဆန်းလွန်းတဲ့အပြုအမူတစ်ခုကြောင့် အံ့အားသွားခဲ့ရတဲ့ ဖေဖေစည်ဖြိုး…
ပရိတ်သတ်ကြီးရေ…..ဇာတ်ဝင်ခန်းတိုင်းမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ အတူ ဖြူစင်ရိုးသားတဲ့ စိတ်ဓာတ်လေးတွေကြောင့် အချစ်တွေပိုနေရတာကတော့ သရုပ်ဆောင်စည်ဖြိုးပဲဖြစ်ပါတယ်။သူသရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကလည်းပရိသတ်တွေကို ခံစားမှုရသတွေပေးနိုင်တာကြောင့်ချစ်နေရတာပါ။ ဆင်းရဲ ချမ်းသာမရွေး မာနမထားပဲ ကူညီတက်တဲ့ စိတ်ဓာတ်လေးတွေကြောင့် အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ပေးနေတာပါ။
သူကတော့လက်ရှိအချိန်မှာ ချစ်စရာကောင်းတဲ့သမီးလေးနဲ့ အတူပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာပါ။ချစ်ဇနီးလေး ခင်လွှမ်းကလည်း ပရိသတ် အချစ်တော်တစ်ယောက်ဖြစ်တာကြောင့်သူတို့မိသားစုလေးကို ချစ်ပေးရတဲ့သူတွေနဲ့ ပြည့်နေတာပါ။မြေးဦးလေးဖြစ်တဲ့စည်ဖြိုးရဲ့သမီးလေးကို အဖွားဖြစ်သူကလည်းသဲသဲလှုပ်ချစ်နေရတာပဲဖြစ်ပါတယ်နော်။
ကွယ်လွန်သွားပြီဖြစ်တဲ့စည်ဖြိုးရဲ့အဒေါ်ဖြစ်သူဗေဒင်ဆရာမကြီး ET ကလည်း စည်ဖြိုးရဲ့သမီးလေးကိုဝင်စားတယ်ဆိုပြီး သမီးလေးမမွေးခင်က အရိပ်လက္ခဏာတွေနဲ့အိမ်မက်တွေပေးခဲ့တယ်လို့လည်းသိရပါတယ်နော်။ဒီနေ့မှာဆိုရင်လည်း စည်ဖြိုးက သမီးလေးShandra ရဲ့ထူးခြားတဲ့အပြုအမူလေးတစ်ခုကိုပြောပြလာတာပဲဖြစ်ပါတယ်နော်။
ဒါကတော့ သမီးလေးကသူ့လက်ကလေးကိုဖြန့်ဖြန့်ကြည့်ပြိီးပြုံးနေတာတွေ့ရလို့အံ့သြနေတဲ့အကြောင်းကို အခုလိုပဲပြောပြလာတာဖြစ်ပါတယ်နော်။”အမြဲ သူ့ လက်ဖဝါးသူတစိမ့်စိမ့် လက္ခဏာကြည့်တယ် ပြုံးတယ် ဘာသဘောပါလဲ နော် … ချစ်စရာ..🥰” ဆိုပြီးသမီးလေးပုံလေးနဲ့တကွပြသလာခဲ့တာပဲဖြစ်ပါတယ်နော်။
သမီးလေးShandraရဲ့ဒီလိုအပြုအမူလေးတွေအပေါ်ပရိတ်သတ်ကြီးရဲ့အထင်ကိုလည်းပြောပြခဲ့ပါအုံးနော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးလည်းသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေ။
Credit
Add a Comment
Your email address will not be published.