မကြာခင်မှာ လက်ထပ်တော့မယ့် သူငယ်ချင်ဖြစ်သူသီရိရှင်းသန့်အတွက် ပျော်ရွှင်စရာကောင်းတဲ့ Surprise ပါတီပွဲလေးကျင်းပပေးခဲ့တဲ့ ခင်လေးနွယ်နဲ့ စန္ဒီမြင့်လွင်…



သီရိရှင်းသန့်က “🧡



Credit

UNICODE
မကြာခင်မှာ လက်ထပ်တော့မယ့် သူငယ်ချင်ဖြစ်သူသီရိရှင်းသန့်အတွက် ပျော်ရွှင်စရာကောင်းတဲ့ Surprise ပါတီပွဲလေးကျင်းပပေးခဲ့တဲ့ ခင်လေးနွယ်နဲ့ စန္ဒီမြင့်လွင်…

သရုပ်ဆောင်နဲ့ မော်ဒယ်လ် သီရိရှင်းသန့်ကတော့ ချစ်စရာကောင်းတဲ့မျက်နှာဝိုင်းဝိုင်းလေးနဲ့ ပရိသတ်တွေကြားထင်ရှားသူတစ်ယောက်ပါပဲ။ သီရိရှင်းသန့်ဟာ သူမချစ်မြတ်နိုးရသူရဲ့ လက်ထပ်ခွင့်ကို လက်ခံလိုက်ပြီး မကြာခင်အချိန်အတွင်းမှာ လက်ထပ်တော့မှာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မကြာခင်လက်ထပ်တော့မယ့် သူမကို အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သရုပ်ဆောင်ခင်လေးနွယ်နဲ့ အဆိုတော် စန္ဒီမြင့်လွင်၊ ဒီဇိုင်နာ မပုံ့တို့က Surprise ပါတီပွဲကျင်းပပေးခဲ့ကြောင်း သီရိရှင်းသန့်က သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောလာပါတယ်။

သီရိရှင်းသန့်က “🧡Thiri Sold Out 🧡👰‍♀️💍💐အခြေအနေ အမျိုးမျိုးကြောင့် ဘဝမှာ “ Bridal Shower “ ဆိုတာ ကိုယ့်အတွက် မရှိတော့ဘူးလို့ထင်ထားခဲ့တာ ချစ်တဲ့သူတွေကြောင့် အရမ်းလဲ suprise ဖြစ်ခဲ့ရသလို မျက်ရည်ဝဲအောင် ပျော်ခဲ့ရတယ် …. တကယ်ကို ဘဝမှာ အမှတ်တရပါပဲ ….. 🥰🧡ကိုယ်လုံးဝမရိပ်မိအောင်စီစဉ်နိုင်တာ နည်းတဲ့ စကေးလား ???? ☺️Bridal Shower လေးလုပ်ခွင့်ရလို့ အားလုံးကို ကျေးဇူးတင်တယ် ….🙏

🥰ချစ်ပြီး Suprise ဝိုင်းတိုက် သေချာလေး စီစဉ်ပေးကြတဲ့ မမခင်ခင် Khin Lay Nwe ချစ်ဒီး San Lwinချစ်မ Ma Pont ချစ်မာမား Mary Nelsonbo မလာနိုင်ပေမယ့် ချစ်ပေးတဲ့ M Jar Aung Lin Phyu ဓါတ်ပုံလှလှလေး မှတ်တမ်းတင်ပေးတဲ့ မောင်လေး ရဲကျော်ဖြိုး … အားလုံးကို ချစ်တယ်နော် …. 😘😘😘🧡🧡🧡” ဆိုပြီး အပျော်တွေနဲ့ မျှဝေလာပါတယ်။

သီရိရှင်းသန့်ကတော့ မိန်းကလေးသူငယ်ချင်းတွေစီစဉ်ပေးတဲ့ Bridal Shower ပွဲလေးကို ဆင်နွှဲခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ သီရိကတော့ အလိုက်သိပြီး ဂရုစိုက်လွန်းတဲ့ သူငယ်ချင်းကောင်းတွေကြောင့် ဘဝရဲ့အမှတ်တရလေးကို ဖန်တီးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်နော်။
Credit

Add a Comment

Your email address will not be published.