အဆိုးအကောင်းဟူသမျှ အတူမျှဝေခံစားရင်း ချစ်သူသက်တမ်း (၁၁) နှစ်တင်းတင်းပြည့်ခဲ့ပြီဆိုတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ




Credit

UNICODE
အဆိုးအကောင်းဟူသမျှ အတူမျှဝေခံစားရင်း ချစ်သူသက်တမ်း (၁၁) နှစ်တင်းတင်းပြည့်ခဲ့ပြီဆိုတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ

အဆိုတော်ကျော်ထွဋ်ဆွေနဲ့ မော်ဒယ်လ်နန်းသူဇာတို့နှစ်ယောက်ဟာဆိုရင် လိုက်ဖက်လွန်းတဲ့ လူငယ်စုံတွဲလေးအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးတာဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာဟာ ချစ်သူတွေအဖြစ် နှစ်အတော်ကြာလက်တွဲခဲ့ကြပြီးနောက် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေခိုင်မြဲစွာနဲ့ လက်ထပ်ဖို့အရေးစဉ်းစားနေကြတာပဲဖြစ်ပါတယ်။

ဒီကနေ့ မတ်လ (၁၀) ရက်နေ့ကတော့ ကျော်ထွဋ်ဆွေရဲ့ မွေးနေ့ဖြစ်သလို ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ ချစ်သူသက်တမ်း (၁၁) နှစ်ပြည့်တဲ့နေ့လေးပဲဖြစ်ပါတယ်။ နန်းသူဇာကတော့ သူမတို့ချစ်သူနှစ်ယောက်အတွက် အထိမ်းအမှတ်နေ့လေးဖြစ်သလို ချစ်ရတဲ့ ကိုကိုကျော်ထွဋ်ဆွေရဲ့ မွေးနေ့လေးအတွက် သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အမှတ်တရဆုတောင်းစကားလေးတွေရေးသားထားပါတယ်။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ကတော့ တွဲလက်တွေခိုင်ခိုင်မြဲပြီး ချစ်သူဘဝကိုတည်ဆောက်ထားတာ အခုဆိုရင် ချစ်သူသက်တမ်း (၁၁) နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့အတွဲလေးကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေကြမယ်ထင်ပါတယ်နော်။
Credit

Add a Comment

Your email address will not be published.