ကျွန်မအတွက် မိဘဆိုတာ ရှင်လျက်နဲ့ ရှိမနေဘူးလို့ ဖခင်ကို စိတ်နာနာနဲ့ ပြောလာတဲ့ မော်ဒယ်လ် ခင်ရူပ

Unicode

မဂ်လာပါပရိတ်သတ်ကြီးရေ ကျမအတွက်က မိဘဆိုတာ ရှင်လျက်နဲ့ ရှိမနေ သလိုပါဘဲလို့ နာနာ ကျည်းကျည်း ဆိုလာတဲ့ ခင်ရူပ ဖိုမကိစ္စအောင်မြင်လို့ ဖြစ်ပေါ်လာတဲ့ ကလေးပေါ်မှာ တသက်လုံးသူတို့ကိုယ်သူတို့

ကျေးဇူးရှင်ပါလို့ သတ်မှတ်ခိုင်းနေတဲ့ မိဘတွေ ရှုံ့ချတယ်လို့ နာနာကျည်းကျည်းဆိုလိုက်တဲ့ ခင်ရူပ ခင်ရူပကတော့မော်ယ်လ်လောကမှာအောင်မြင်ခဲ့တဲ့ သူဖြစ်တဲ့ အပြင် အလှမယ် တစ်ယောက် အဖြစ်လည်း လူသိ များခဲ့တာပါ။

ဒါ့အပြင် မိမိုက်နေတဲ့ ဖက်ရှင်တွေနဲ့ အမြဲပရိသတ် သတိထားမိခဲ့တဲ့ ခင်ရူပက ပရိသတ်တွေနဲ့ Live လွှင့်ကာပြော ဆိုတဲ့အခါမှာလည်း ပွင့်လင်းလွန်းလို့ ပရိသတ်တွေ ကချစ်ခင်အား ပေးခဲ့ကြတာပါ။

ဒီနေ့မှာတော့” ဘာလိုနေနေ ဘယ်လိုထိုင်ထိုင် ဘာလုပ်နေန”ထာဝရမိဘအမှန်” ဆိုတဲ့ခေတ်က ကုန်သွားပြီနော်။သားသမီး ကို ဒုက္ခပေး သားသမီးဘက်မကြည့်တဲ့ မိဘတွေတစ်ပုံကြီး ကျမအတွက်က မိဘဆိုတာ ရှင်လျက်နဲ့ ရှိမနေသလိုပါဘဲ!

ကျမအရမ်းနေတတ်နေပြီ ..မိဘကျိန်ဆဲတိုင်းလည်း ထိမယ်ထင်တဲ့ နိမ့်ကျတဲ့အတွေးတွေနဲ့ မိဘတွေဆိုပိုဆိုး ကိုယ်မွေးလိုက်လို့ မွေးကျေးဇူးပေမယ့် ဒီကလေးကို လိုလေသေးမရှိ လျှံပယ်အောင် ထားခဲ့ဖူး

လား emotionally and physically abuse or trauma ပေးခဲ့ဖူးတယ်ဆိုရင် မိဘပေမယ့် မိဘမပီသတဲ့ လူတွေလိုပဲ သတ်မှတ်တယ်။ ဖိုမကိစ္စအောင်မြင်လို့ ဖြစ်ပေါ်လာတဲ့ကလေးပေါ်မှာ တာဝန်မယူနိုင်ဘဲ

တသက်လုံး သူတို့ကို သူတို့ကျေးဇူးရှင်ပါလို့ brain washed ခံထားရတဲ့အသိုင်းအဝိုင်းတွေမြင်ရင်လေ တကယ့်ကို ရှုံ့ချတယ်။မိဘက မိဘလိုနေ မိဘကိစ္စလုပ် အသက်အရွယ်အရလုပ်သင့်တဲ့ ဘာသာရေး ဘဝ

အတွက်အကျိုးရှိတာလုပ်ပါ..အဲ့ဒါဆို သားသမီးက သားသမီးကိစ္စပြန်လုပ်ပေးလိမ့်မယ်။ နေပုံထိုင်ပုံတွေ လွဲနေလို့ လမ်းမှန်ပြပေးနေတဲ့သားသမီးနဲ့ အမြဲအတိုက်အခံလုပ် ငရဲတွေပေး အကုသိုလ်တွေပေးတဲ့ လိုချို မိဘတွေနဲ့လည်း နောက်မဆုံပါရစေနဲ

ဒီဝဋ်ကြွေးဒီဘဝမျှသာဘဲ !”ဆိုတဲ့စာလေးနဲ့ ရင်ဖွင့်ပြောပြခဲ့တာ ပါ။ငယ်ငယ်ကတည်းကမိဘတွေရဲ့ ဆိုးသွမ်းမှုတွေကို ခံစားလာခဲ့ရတဲ့ခင်ရူပရဲ့ရင်ဖွင့်စကားသံတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi










Add a Comment

Your email address will not be published.