မေမေခိုင်သင်းကြည်ရဲ့ အလှအပတွေကို အမွေရရှိပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးလှလာတဲ့ စံထိပ်ထားဦး…





Credit

UNICODE
မေမေခိုင်သင်းကြည်ရဲ့ အလှအပတွေကို အမွေရရှိပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးလှလာတဲ့ စံထိပ်ထားဦး…

အကယ်ဒမီမင်းသမီး ခိုင်သင်းကြည်ရဲ့ သမီးလေးဖြစ်တဲ့ စံထိပ်ထားဦးက ငယ်စဉ်ကတည်းက ပရိသတ်တွေ အချစ်ကြီးချစ်ခဲ့ရသူတစ်ယောက်ပါ။ စံထိပ်ထားဦးက အကယ်ဒမီရွှေကြိုအဖြစ် ဆောင်ရွက်ခဲ့ပြီး ကြော်ငြာအနည်းငယ်ကိုလည်း ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

ပရိသတ်တွေက ခိုင်သင်းကြည်ကို အားပေးချစ်ခင်သလို သမီးလေး စံထိပ်ထားဦးကိုလည်း ကိုယ့်သမီးလေးလို၊ ကိုယ့်ညီမလေးလို ချစ်ခင်အားပေးကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခိုင်သင်းကြည်က သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ သမီးလေးနဲ့အတူတူရိုက်ကူးထားတဲ့ ကြော်ငြာဓာတ်ပုံတွေကို မျှဝေလာပါတယ်။

အဆိုပါဓာတ်ပုံမှာ ပရိသတ်တွေက ခိုင်သင်းကြည်ရဲ့ နုပျိုမှုကိုချီးကျူးထားပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာပြီး မင်းသမီးပေါက်စလေးတစ်ယောက်လိုဖြစ်လာတဲ့ စံထိပ်ထားဦးကိုလည်း သတိထားမိခဲ့ကြပါတယ်။

ခိုင်သင်းကြည်တို့ သားအမိကတော့ အပြစ်ရယ်လို့ ဆိုဖွယ်ရာမရှိအောင် တစ်ယောက်တစ်မျိုးစီ ပြီးပြည့်စုံလှပနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ သားအမိနှစ်ယောက်ကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

Add a Comment

Your email address will not be published.