ဖေဖေ သရုပ်ဆောင် ဦးအရိုင်းရဲ့ မွေးနေ့မှာ သူမဖြစ်စေချင်တဲ့ ခံစားချက်လေးတွေနဲ့ ဆုမွန်ကောင်း တောင်းပေးလိုက်တဲ့ ပျိုပျိုမေ

နိုင်ငံကျော် ဟာသသရုပ်ဆောင်ကြီးတစ်ယောက်လည်းဖြစ်သလို လူရွှင်တော်တစ်ယောက်လည်းဖြစ်တဲ့ အရိုင်းကတော့ ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူဖြစ်ပါတယ်။ အရိုင်းဟာ သူ့ရဲ့အနုပညာအမွေတွေကို

တစ်ဦးတည်းသောသမီးလေး ပျိုပျိုမေကို လက်ဆင့်ကမ်းထားနိုင်သူဖြစ်ပြီး ပျိုပျိုမေကလည်း ဖခင်ဖြစ်သူလိုပဲ အနုပညာကို ဝါသနာပါသူဖြစ်ပါတယ်။ ဒီကနေ့ မတ်လ (၁၃) ရက်နေ့ကတော့ အရိုင်းရဲ့ မွေးနေ့ဖြစ်ပြီး

ပျိုပျိုမေကလည်း သူမရဲ့ဖခင်အတွက် မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။ပျိုပျိုမေက “Happy Birthday Parr🤍

 I love you from the deepest part of my heart❤️

“Be healthy” that’s all I wish for 💓” ဆိုပြီး ဖေဖေအရိုင်း မွေးနေ့မှ ကျန်းကျန်းမာမာရှိစေဖို့ကိုသာ ဆုတောင်းပေးချင်ကြောင်း သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောလာခဲ့တာပဲဖြစ်ပါတယ်။

အရိုင်းကတော့ ဒီကနေ့မှာ မွေးနေ့ကျရောက်ပေမယ့် သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်သလို နှစ်ပေါင်းများစွာ အလုပ် အတူတူ တွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ ဖိုးဖြူရဲ့ နောက်ဆုံးခရီးစဉ်ကို လုက်လံ ပို့ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။

Zawgyi






Add a Comment

Your email address will not be published.