“ရေနုတ်မြောင်းထဲ စီးဝင်လာတဲ့ ဘယ်ကမှန်းမသိတဲ့ စားအုန်းဆီတွေကို အလုအယက် ခပ်ယူနေကြတဲ့ မြန်မာ ပြည်သူတွေ အဖြစ်”

အင်းစိန်မြို့နယ်အတွင်း ရေနုတ်မြောင်းထဲတွင် စွန့်ပစ်ထားသည်ဟု ယူဆရသည့် စားအုန်းဆီတွေကို မြို့ခံအချို့ ခပ်ယူနေကြတာကို တွေ့ရှိရတာဖြစ်ပါတယ်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကမ်းနားတလျှောက်တွင် ရေနုတ်မြောင်းထဲတွင် တွေ့ရှိသည့် စားအုန်းဆီတွေကို ခပ်ယူနေကြကြောင်း ရန်ကုန်မြို့ခံများထံက သိရပါတယ်။

အဆိုပါ ရေနုတ်မြောင်းအတွင်း တွေ့ရှိသည့် စားအုန်းဆီများသည် စွန့်ပစ်ထားတာဖြစ်နိုင်သလို ဆီလှောင်ကန်တစ်ခုမှ ပေါက်ကျတာမျိုးလည်းဖြစ်နိုင်သည်ဟု မြို့ခံတွေက ဝေဖန်နေကြပါတယ်။

ရှေ့လျှောက်..မီး..မလာ..ရေမရှိ့..စီးပွားတွေပျက်. . .မီးမလာလို့…အလုပ်လက်မဲ့တွေဖြစ်..စားဖို့ကမရှိ့နဲ့….မြို့ပျက်ကြီးထဲက..Zonbie.. တွေလို..လူအချင်းချင်းတောင် အမဲဖျက်လေမလား.တွေးမိ့တော့….မြန်မာ့အနာဂဏ်က..ကြောက်စရာဖြစ်လာတယ်။

ဓာတ်ပုံ-CJ

#Ayeyarwaddy_Times

Add a Comment

Your email address will not be published.