PDF တွေကို လက်နက်တပ်ဆင်ပေးဖို့ အမေရိကန်ဒေါ်လာသန်း ၃၀ ရထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြေ

PDF တွေကို လက်နက်တပ်ဆင်ပေးဖို့ အမေရိကန်ဒေါ်လာသန်း ၃၀ ရထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော

ရန်ကုန်၊ မတ် ၁၃

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို လက်နက်တပ်ဆင်ပေးဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၃၀ ရရှိထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ဒီနေ့ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အွန်လိုင်းကနေ ပြုလုပ်တဲ့ ရန်ပုံငွေရှာဖွေပွဲမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အခုလို ပြောကြားတာဖြစ်ပါတယ်။

ပြည်တွင်း၊ ပြည်ပက ပြည်သူတွေ ထောက်ပံ့တဲ့ ကာကွယ်ရေးရန်ပုံငွေတွေကို PDF တပ်ဖွဲ့တွေအတွက် ခေတ်မီ လက်နက်တပ်ဆင်ရေးနဲ့ လက်နက် ထုတ်လုပ်ရေးတို့မှာ အဓိက အသုံးပြုခဲ့ပေမယ့် တပ်ဖွဲ့ဝင် တစ်ဦးချင်းစီကို လက်နက် အပြည့်အစုံ တပ်ဆင်ပေးဖို့ကတော့ အလှမ်းဝေးနေသေးတယ်လို့ ​ဦးရည်မွန်က ပြောပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေ အားမလို၊ အားမရ ဖြစ်နေတာကို နားလည်သလို အခက်အခဲတွေလည်း ရှိနေပေမယ့် ပိုပြီး ကောင်းမွန်တဲ့ စုဖွဲ့အမိန့်ပေးစနစ်၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ တိုးတက်မှုရှိလာတယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ လက်ရှိအချိန်အထိ ပြင်ပနိုင်ငံတွေဆီကနေ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ထိရောက်တဲ့ အထောက်အပံ့ မရသေးဘဲ ပြည်တွင်း၊ ပြည်ပ က ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတာဖြစ်တယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။

Add a Comment

Your email address will not be published.