“စိတ်ဝေဒနာသည် ဆိုပေမယ့်လည်းအရက်မြည်းဖို့ကြောင်လေးတွေကိုဖမ်းပြီးရောင်းနေတာလက်မခံနိုင်ပါဘူး.”

ခလေးတို့ရယ် ဝဋ်ကျွေးရှိသမျကြေပါစေတော့ကွယ်…😢😢😭

၁၀ မိုင်ကုန်း မြဝတီ မင်းကြီးလမ်းက စိတ်ဝေဒနါသည် အမျိုးသမီး တစ်ဦးမှ ရပ်ကွက်ထဲက ကြောင်လေးတွေနှင့် ဘုန်းကြီးကျောင်းက ကြောင်လေးတွေပါ

မကျန် အစာကြွေးဖမ်းပြီး အရက်သေစာ သောက်စားတဲ့ သူများထံ တစ်ကောင်လျင် ၂၀၀၀၊ ၃၀၀၀..ဖြင့် ရောင်းချနေတာကို ​မျက်မြင် တိချစ်သူများမှ ပြောပြလို့ သိရပါတယ်၊

လှောင်အိမ်အကျဥ်းလေးထဲမှာ ခလေးတွေ နေပူဒဏ်ခံရသည့် အပြင် အစာရေစာ ပြတ်လပ်ပြီး ပိန်လှီနေတဲ့ ခလေးတွေ၊ သူစိတ်ဖောက်ပြီး ခလေးတွေကို အပြင်ကနေ တုတ်နဲ့ထိုးလို့ ဒဏ်ရာရနေတဲ့ ခလေးတွေနှင့်အတူ သေနေတဲ့ ခလေးတွေနဲ့ အတော့ကို စိတ်မကောင်းစရာပါ၊

အတတ်နိုင်ဆုံး ကြိုးစားကြည့်ပေမယ့် စိတ်မနှံ့တဲ့ မိန်းမတစ်ယောက်မို့ ရိုင်းပျစွာ ပြောဆိုခံရတဲ့ အပြင် ခလေးတွေ မရရှိခဲ့သေးပါဘူး၊

ငွေပေး ဝယ်ပြန်တော့လဲ မရောင်းပါဘူးတဲ့😢😢😢

သက်ဆိုင်ကို အကြောင်းကြားပြီးအကူညီတောင်းသော်လည်း အဆင်မပြေခဲ့ပါ၊

ဆက်လက်၍ ခလေးတွေကို ကယ်တင် နိုင်အောင် ကြိုးစားကြည့်ပါအုံးမည် ဖြစ်ပါကြောင်း။

ဆယ်မိုင်ကုန်းရှိတဲ့ တိချစ်သူများနှင့် အချားသော တိချစ်သူများ အနေဖြင့်လည်း အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီ ပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်၊

#KindHeart

13.3.2022′ Sunday

Add a Comment

Your email address will not be published.