မှန်းချက် နဲ့ နှမ်းထွက်မကိုက်တော့ အမျိုးမျိုးယုတ်မာကြပြီး ဆိုပီး တွတ်ပီအပေါ်သစ္စာဖောက်သူတွေ အကြောင်း ပြောလာတဲ့ ခင်မြတ်မွန်…








Credit

UNICODE
မှန်းချက် နဲ့ နှမ်းထွက်မကိုက်တော့ အမျိုးမျိုးယုတ်မာကြပြီး ဆိုပီး တွတ်ပီအပေါ်သစ္စာဖောက်သူတွေ အကြောင်း ပြောလာတဲ့ ခင်မြတ်မွန်…

အဆိုတော်ရေမွန်ကတော့ ကွယ်လွန်သွားခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပြီဆိုပေမယ့် သူကွယ်လွန်ပြီးတဲ့နောက် ပြဿနာတွေများစွာဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ ရေမွန် ကွယ်လွန်ပြီးပြီးချင်းက ရေမွန့်ရဲ့ချစ်သူကောင်မလေး K နဲ့ သူ့ရဲ့မိသားစုဝင်တွေကြား ပြဿနာတွေဖြစ်ခဲ့ရသလို လတ်တလောမှာလည် ရေမွန့်ရဲ့ Idiots Band နဲ့ ရေမွန့်ရဲံမိသားစုဝင်တွေကြားမှာ အထင်လွဲနားလည်မှုတွေဖြစ်နေရတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ရေမွန်ရဲ့အမေဖြစ်သူ ခင်မြတ်မွန်က ရေမွန်ရဲ့မိသားစုဝင်တွေဖြစ်တဲ့ အမေနဲ့ညီမအပေါ်မှာ ယုတ်မာကြသူတွေအကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။

ခင်မြတ်မွန်က “တွတ်ပီရဲ့( နောက်ကျော)က ဘယ်သူ့ကို ရည်ညွှန်းခဲ့တာလဲ..? (မိသားစုကိုတော့ မကြာခဏအတိအကျ ရင်ဖွင့်ခဲ့ဖူးတယ်.) ပရိတ်သတ်ကြီးအယောက်တစ်ရာရဲ့အဖြေက………🤔 အမှန်တော့ နောက်ကျောက -ားဆိုတာ အနီးဆုံးသူတွေမှ ကပ်လုပ်လို့ရတာ။ အဝေးကလှမ်းလုပ်လို့ အဆင်မပြေဘူး။

တွတ်ပီရှိစဉ်ကတွတ်ပီကို ဒဲ့လုပ်ခဲ့တယ်။ တွတ်ပီမရှိတော့ ကျန်ရစ်ခဲ့သူမိသားစုရဲ့ အနာဂတ်ကိုတတ်စွမ်းသလောက် ဝိုင်းဝန်းမစွမ်းဆောင်၊မကူညီမစောင့်ရှောက်ပေးကြတဲ့အပြင် ယောင်္ကျားကြီးတွေတန်မဲ့ ကလိမ်ကကျစ်၊ကူလီကူမာတွေလုပ်ပြီး သားဆုံးထားတဲ့အ‌မေ၊အကိုရှုံးထားတဲ့ညီမ. အားနွဲ့တဲ့.မိန်းမသားနှစ်ယောက်အပေါ် လိုချင်တာတွေမရ၊မှန်းချက်နဲ့နှမ်းထွက် မကိုက်တော့အခဲမကြေစိတ်တွေနဲ့(စားလဲဒီစိတ်၊သွားလဲ ဒီစိတ်နဲ့ အိပ်လို့တောင်ပျော်ပါ့မလား😁) ဖျက်လိုဖျက်ဆီးမျိုးစုံလုပ်တဲ့နည်းနဲ့တွတ်ပီရဲ့နောက်ကျောကို -ားနဲ့ထပ်ထိုးကြပြန်ပြီ တစ်ချို့က ကိုယ်တိုင်လုပ် တစ်ချို့က လူငှားလုပ်နဲ့ ..ငှားလုပ်တဲ့သူကလဲ အမှားအမှန်စဉ်းစားချင့်ချိန်နိုင်စွမ်း မရှိလောက်အောင် စိတ်လွတ်(Out of mind) နေဟန်တူပါရဲ့”

“ယုတ္တိယုတ္တာမတန်၊အဓိပ္ပါယ်မရှိတဲ့ရန်လိုမှုတွေ၊ စွပ်စွဲချက်တွေနဲ့ ရီလိုက်ရတာ 😄ဦးနှောက်ရှိသူ၊ကျပ်ပြည့်သူတွေ ချင့်ယုံကြလိမ့်မယ်။ ကိုယ်သေချာပြောနိုင်တာကတော့ ကံ(၅)ပါးထဲမှာ မုသာဝါဒကံကို (အထူးသဖြင့်) မကျူးလွန်မိအောင် တစ်သက်လုံး ကိုယ်တိုင်လဲစောင့်ထိမ်း၊သားသမီးကိုလဲ သင်ကြားဆုံးမခဲ့တာရယ် တွတ်ပီသေဆုံးခြင်းအတွက် သေမတတ်၊ရူးမတတ် စိတ်ထိခိုက်‌ကြေကွဲ ဆုံးရှုံးရဆုံးသူဟာ သူ့ကို (၃၃)နှစ်တိုင်တိုင် ပင်ပန်းဆင်းရဲတဲ့ ဒဏ်တွေကြိတ်မှိတ်ခံပြီး နိုင်ငံကျော် Raymond (Idiots) ဖြစ်အောင် ပျိုးထောင်ပေးခဲ့တဲ့ မာတာမိခင်ပါဘဲ 😊တွတ်ပီလဲ သနားပါတယ်။

သူ့နောက်ကျောမှာ သူ့အရင်းနှီးဆုံးတွေကြောင့် မြင်မကောင်းအောင် ပွထနေပြီ..😯😡😢 တွတ်ပီရောက်ရာအရပ်မှ မြင်ပါစေ၊သိပါ‌စေ၊ကြားပါစေ. .တွတ်ပီကို ကျေးဇူးအရမ်းတင်ပါတယ်။ သူဟာ အစစ်နဲ့အတုတွေကို သူ့ရဲ့အသက်နဲ့ရင်းပြီး ကွဲကွဲပြားပြားပေါ်လွင်အောင် အလင်းပြသွားပေးလို့. .( ဧတနေ သစ္စ ဝဇ္ဇေန ). . .” ဆိုပြီး ပြောလာပါတယ်။

မနေ့ညကတင်ပဲ ရေမွန့်ရဲ့သူငယ်ချင်းလည်းဖြစ်တဲ့ အဆိုတော်အောင်လက ခင်မြတ်မွန်နဲ့ လပြည့်ကဗျာတို့ကို ရေမွန့်ကိုဗန်းပြပြီးလုပ်စားတာတွေရပ်ပါတော့ဆိုပြီး Status တင်ခဲ့သေးတာပဲဖြစ်ပါတယ်။
Credit

Add a Comment

Your email address will not be published.