ချစ်ရတဲ့ ဝန်ထမ်းတွေရဲ့ မွေးနေ့အကြို Surprise လေးကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ခိုင်နှင်း‌ဝေ…





Credit

UNICODE
ချစ်ရတဲ့ ဝန်ထမ်းတွေရဲ့ မွေးနေ့အကြို Surprise လေးကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ခိုင်နှင်း‌ဝေ…

အနုပညာနယ်မှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ခိုင်နှင်းဝေကတော့ လက်ရှိမှာ ပြည်သူ့အကျိုးကို သယ်ပိုးထမ်းရွက်နေတဲ့ ပရဟိတသူရဲကောင်း တစ်ဦးအဖြစ် လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါ ဆောင်ရွက်နေတဲ့ကြားကနေ မိဘမဲ့နေတဲ့ ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ ဂေဟာလေးကိုလည်းလိုလေသေးမရှိအောင် ဂရုစိုက်ပေးနေရှာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်နှင်းဝေဟာ သူမရဲ့ ဂေဟာ လေးမှာ လုပ်ကိုင်ပေးနေတဲ့ ဝန်ထမ်းတွေကိုလည်း စေတနာ၊မေတ္တာတွေနဲ့ မိသားစုလေးသဖွယ် အလေးထား ဆက်ဆံပေးတာ တွေ့ရပါတယ်။

မကြာခင်မှာတော့ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေဟာ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ရက်မြတ်လေးကို ကျရောက်တော့မှာ ဖြစ်ပါတယ်။ဒါပေမယ့် ချစ်ခင်ရတဲ့ ဝန်ထမ်းတွေက မွေးနေ့အကြို Surprise လေး လုပ်ပေးထားတဲ့ ကြည်နူးစရာဗီဒီယိုလေးကို ယမန်နေ့က ဖော်ပြလာတာ တွေ့ရပါတယ်။

ဗီဒီယိုထဲမှာတော့ ပရဟိတလုပ်ငန်းတွေကို အတူတူ လုပ်ကိုင်ပေးနေတဲ့ ဝန်ထမ်းတွေက ခိုင်နှင်းဝေအတွက် တန်ဖိုးကြီး ကျောက်စီပုံတူ ပန်ချီးကားကြီးတစ်ချပ်ကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေဆီကနေ မထင်မှတ်ဘဲ ရလိုက်တဲ့ မွေးနေ့လက်ဆောင်လေးကြောင့် သူမဟာ ဝမ်းသားမျက်ရည်ကျခဲ့ရပါတယ်။ ဒီဗီဒီယိုလေးကတော့ ပရိသတ်တွေအတွက်လည်း ကြည်နူးပီတိ ဖြစ်စေမယ်လို့လည်း မျှော်လင့်မိပါတယ်။
Credit

Add a Comment

Your email address will not be published.