ဇက်ကြောတက်၊ ဇက်လွဲ၊ ဇက်ကျီးပေါင်းအတွက် ဂွေးတောက်ရွက် ခေါင်းအုံး

ဇက်ကြောတက်၊ ဇက်လွဲ၊ ဇက်ကျီးပေါင်းအတွက် ဂွေးတောက်ရွက် ခေါင်းအုံး

ဇက်ကြောတက် ဂုတ်ကျီးပေါင်းသမားများ ဇက်ကြောနာသူများကို ယခုနည်းလေးပေးလိုက်တာ သက်သာကြလို့ ထပ်တင်ပေးလိုက်ပါသည်။ အမျိုးသမီးတယောက် အဲကွန်းခန်းထဲအိပ်ပျော်သွားတယ် ။ဘယ်လောက်အိပ်မိတာမသိပေမဲ့ အေးတာနဲ့နိုးလာတယ် ။ အဲကွန်းပိတ်ပြီး ၁၀မိနစ်လောက်နှပ်နေသေးတာ ရေဆာတာနဲ့ ရေထပြီးသောက်လိုက်တာ (အိုးထဲကရေနော်) ကျောရိုးထဲကနေ ခေါင်းရဲ့နောက်စေ့ကို ဓားအချွန်နဲ့ထောက်ထားသလို ခံစားလိုက်ရတာ ၃နာရီလောက်နားပြီး ခေါင်းလျှော်ရေချိုးလုပ်ပေမဲ့ ဘယ်လိုမှမသက်သာတော့ပါ ။

ဘာဆေးသောက်ရင်ကောင်းမလဲဘာလုပ်ရင်ကောင်းမလဲပေါ့အမျိုးသားကလည်းခေါင်းနဲ့ဇက်ကိုနှိပ်ပေး ပေမဲ့မထူးခြားလာပါ ။ နောက် အိပ်ယာဝင်ခါနီး ဆရာကြီးဦးရန်အောင်ရဲ့ပို့ချချက်ထဲကစကားကို ကြားယောင်မိလို့ခွေးတောက်အရွက်ခြောက်လေးတွေကို ခေါင်းအုံးလေးလိုထည့်ပြီးဇက်ကြောတက်ရင်ဇက်ကို ၊

ပေါင်ကိုက်ရင်ပေါင်အောက်ကို ၊လက်ကိုက်ရင်လက်အောက်ကို ၊ ခေါင်းကိုက်ရင်ခေါင်းအုံးအိပ်ပါ လို့ကြားဖူးတယ် ။ ဒါကိုပြန်သတိရ ပြီးအရိပ်ခြောက်လုပ်ထားတဲ့ဂွေးတောက်ရွက်ကလည်း အဆင်သင့်ရှိလေတော့ ခေါင်းအုံးအိပ်လိုက်တာ ပထမ တစ်နာရီ ဒုတိယတစ်နာရီ တတိယတစ်နာရီ သိသိသာသာပျောက်ကင်းသွားပါတယ် လို့ဖတ်လိုက် ရလို့တိုက်ဆိုင်သူ များ အသုံးပြု နိုင်ရန်ပြန်လည်မျှဝေ မိပါသည် ။ ။ ဇက်ကြောတက် ဂုတ်ကျီးပေါင်းသမားများ ဇက်ကြောနာသူများကို ယခုနည်းလေးပေးလိုက်တာ သက်သာကြလို့ ထပ်တင်ပေးလိုက်ပါသည် ။ ။ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ…။

Credit – စိုင်းမင်းသန့်

ဇက္ေၾကာတက္၊ ဇက္လြဲ၊ ဇက္က်ီးေပါင္းအတြက္ ေဂြးေတာက္ရြက္ ေခါင္းအုံး

ဇက္ေၾကာတက္ ဂုတ္က်ီးေပါင္းသမားမ်ား ဇက္ေၾကာနာသူမ်ားကို ယခုနည္းေလးေပးလိုက္တာ သက္သာၾကလို႔ ထပ္တင္ေပးလိုက္ပါသည္။ အမ်ိဳးသမီးတေယာက္ အဲကြန္းခန္းထဲအိပ္ေပ်ာ္သြားတယ္ ။ဘယ္ေလာက္အိပ္မိတာမသိေပမဲ့ ေအးတာနဲ႔နိုးလာတယ္ ။ အဲကြန္းပိတ္ၿပီး ၁၀မိနစ္ေလာက္ႏွပ္ေနေသးတာ ေရဆာတာနဲ႔ ေရထၿပီးေသာက္လိုက္တာ (အိုးထဲကေရေနာ္) ေက်ာရိုးထဲကေန ေခါင္းရဲ့ေနာက္ေစ့ကို ဓားအခၽြန္နဲ႔ေထာက္ထားသလို ခံစားလိုက္ရတာ ၃နာရီေလာက္နားၿပီး ေခါင္းေလၽွာ္ေရခ်ိဳးလုပ္ေပမဲ့ ဘယ္လိုမွမသက္သာေတာ့ပါ ။

ဘာေဆးေသာက္ရင္ေကာင္းမလဲဘာလုပ္ရင္ေကာင္းမလဲေပါ့အမ်ိဳးသားကလည္းေခါင္းနဲ႔ဇက္ကိုႏွိပ္ေပး ေပမဲ့မထူးျခားလာပါ ။ ေနာက္ အိပ္ယာဝင္ခါနီး ဆရာႀကီးဦးရန္ေအာင္ရဲ့ပို႔ခ်ခ်က္ထဲကစကားကို ၾကားေယာင္မိလို႔ေခြးေတာက္အရြက္ေျခာက္ေလးေတြကို ေခါင္းအုံးေလးလိုထည့္ၿပီးဇက္ေၾကာတက္ရင္ဇက္ကို ၊

ေပါင္ကိုက္ရင္ေပါင္ေအာက္ကို ၊လက္ကိုက္ရင္လက္ေအာက္ကို ၊ ေခါင္းကိုက္ရင္ေခါင္းအုံးအိပ္ပါ လို႔ၾကားဖူးတယ္ ။ ဒါကိုျပန္သတိရ ၿပီးအရိပ္ေျခာက္လုပ္ထားတဲ့ေဂြးေတာက္ရြက္ကလည္း အဆင္သင့္ရွိေလေတာ့ ေခါင္းအုံးအိပ္လိုက္တာ ပထမ တစ္နာရီ ဒုတိယတစ္နာရီ တတိယတစ္နာရီ သိသိသာသာေပ်ာက္ကင္းသြားပါတယ္ လို႔ဖတ္လိုက္ ရလို႔တိုက္ဆိုင္သူ မ်ား အသုံးျပဳ နိုင္ရန္ျပန္လည္မၽွေဝ မိပါသည္ ။ ။ ဇက္ေၾကာတက္ ဂုတ္က်ီးေပါင္းသမားမ်ား ဇက္ေၾကာနာသူမ်ားကို ယခုနည္းေလးေပးလိုက္တာ သက္သာၾကလို႔ ထပ္တင္ေပးလိုက္ပါသည္ ။ ။ အားလုံးကိုယ္စိတ္ႏွစ္ပါး က်န္းမာခ်မ္းသာၾကပါေစ…။

Credit – စိုင္းမင္းသန႔္

Add a Comment

Your email address will not be published.