ငှက်ပျောသီးဟာ အစာအိမ်ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့အပြင် ကျန်းမာရေးအတွက် ကောင်းကျိုး ၈ ချက်

ငှက်ပျောသီးဟာ အစာအိမ်ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့အပြင် ကျန်းမာရေးအတွက် ကောင်းကျိုး ၈ ချက်

ငှက်ပျောသီးက ဈေးချိုတယ်၊ အာဟာရရှိတယ်၊ အရသာကောင်းတယ်ဆိုတဲ့ အချက်တွေကြောင့် လူကြိုက်များကြပါတယ် ။ ဒါပေမယ့် အံ့သြစရာကောင်းလောက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေပါသေးတယ်။

၁ -အစာအိမ်ကို ကျန်းမာစေတယ်

ငှက်ပျောသီးမှာ အမျှင်ဓာတ်များပြီး ကာဗိုဟိုက်ဒရိတ် ဓာတ်တွေလည်းမြင့်မားတာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးကို ပုံမှန်စားသုံးပေးမယ်ဆိုရင် အူမကြီးရဲ့ လှုပ်ဆောင်မှုကို ထောက်ပံ့ပေးပါတယ်

ငှက်ပျောသီးမှာ အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းချုပ်မှုကနေ လည်း ကာကွယ်ပေးပါတယ် ။ ငှက်ပျောသီး စားသုံးခြင်းဖြင့် အစာအိမ် ကင်ဆာကို ဖြစ်နိုင်မှုနှုန်းကိုလည်း

လျော့ကျစေပြီး သင့်မှာ အစာအိမ် ပြဿနာရှိရင် ငှက်ပျောသီးကို ထည့်သွင်းစားသုံးခြင်းဖြင့် အစာခြေအားကို တိုးမြှင့်ပေးမှာဖြစ်ပါတယ် ။

၂ -ပိုတက်စီယမ် ဓာတ်

ကျွန်ုပ်တို့နေ့စဉ် ဘ၀ လှုပ်ရှားမှုများအတွက် ပိုတက်ဆီယမ်ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ရရှိဖို့ အလွယ်ဆုံးနည်းလမ်းက ငှက်ပျောသီးကိုစားပေးတာပါဘဲ။

စိတ်ဖိစီးမှုများနေရင်လည်း ငှက်ပျောသီးကိုစားလိုက်ပါ။ ဒါဆို ပိုတက်စီယမ် ရရှိပြီး စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

စိတ်ဖိစီးမှုများနေရင် ခန္ဓာကိုယ်တွင်းက ပိုတက်စီယမ်ဓာတ်ကို လျော့ကျစေတာကြောင့် ငှက်ပျောသီးစားပြီး ပိုတက်ဆီယမ်ဓာတ်ကို ပြန်ဖြည့်ပေးပြီး စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။

၃-။ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို မြှင့်တင်ပေးခြင်း

ပိုတက်ဆီယမ်ဓာတ် ခန္ဓာကိုယ်ထဲမှာ လုံလောက်နေရင် ဆီးကနေ ကယ်ဆီယမ်ဓာတ် ထွက်သွားဖို့ အခွင့်အလမ်းလည်းနည်းပါတယ်။ ဒါက

ကျောက်ကပ်ကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပြီး ကျောက်ကပ်မှာ ကျောက်တည်မှုအန္တရာယ်ကိုလည်း လျော့ချပေးပါတယ်။

၄ – အရိုးကို ခိုင်မာစေတယ်

ငှက်ပျောသီးမှာ Fructooligosaccharide ဆိုတဲ့ ဓာတ်ပါဝင်တာကြောင့် အဟာရတွေကို အလွယ်တကူစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ကယ်ဆီယမ်ဓာတ်တွေကို ပိုမို စုပ်ယူနိုင်ပြီး ကယ်ဆီယမ်ဓာတ်ကို မဆုံးရှုံးစေတဲ့ ဓာတ်လည်း

ငှက်ပျောသီးမှာ ပါဝင်နေတာကြောင့် အရိုးကျိုးတဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အားကစားသမားတွေအတွက်တော့ အဖော်မွန်ပါပဲရှင်။

၅ -။သွေးတိုးခြင်းမှ ကာကွယ်ခြင်း

ငှက်ပျောသီးမှာ ကယ်ဆီယမ်ဓာတ် မြင့်မားစွာပါဝင်ပြီး ဆိုဒီယမ် ပမာဏလျော့နည်းတာကြောင့် သွေးတိုးမှုကနေ ကာကွယ်ပေးပါတယ်။ သွေးတိုးတဲ့သူတွေအနေနဲ့ ငှက်ပျောသီးကို များများစားပေးသင့်ပါတယ်။

၆ -စွမ်းအင်တွေကို မြှင့်တင်ပေးခြင်း

မနက်ခင်း မနက်စာစားချိန် ဒါမှမဟုတ် ပြင်းပြင်း ထန်ထန် အလုပ်လုပ်ပြီးနောက် ပင်ပန်းနွမ်းနယ်တဲ့အခါမှာ စွမ်းအင်ဖြည့် အချိုရည် တွေအစား ငှက်ပျောသီးကို စားသုံးပေးနိုင်ပါတယ်။

၇ -အမြင်အာရုံ ပိုကောင်းလာခြင်း

နေ့တိုင်းနီးပါး ငှက်ပျောသီး စားပေးရင် အမြင်အာရုံ ပိုကောင်းလာပြီး မျက်စိမှုန်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

တစ်နေ့ကို ငှက်ပျောသီး ၃လုံးလောက် စားပေးပါက အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ မျက်လုံးကြွက်သား အားပျော့တာကြောင့် မျက်စိမှုန်ခြင်းများကို လျော့ကျပေးပါတယ်။

၈-စိတ်ကြည်လင်ခြင်း

ငှက်ပျောသီးမှာ Tryptophan နဲ့ အမိုင်နိုအက်ဆစ် (Amino Acid) တို့ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါမှာ Serotonin ဓာတ်ကို ထုတ်ပေးကာ အဲ့ဒီဓာတ်က စိတ်ကို တည်ငြိမ် အေးချမ်းအောင် သဘာဝနည်းဖြင့် လုပ်ဆောင်ပေးပါတယ်။

credit all

Be the first to comment

Leave a Reply

Your email address will not be published.


*