ကော့ကရိတ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်ရန်အတွက် ဝန်ထမ်းများ ထွက်ခွာရန်နှင့် နုတ်ထွက်ရန် KNU အသိပေးစာထုတ်

ကော့ကရိတ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်ရန်အတွက် ဝန်ထမ်းများ ထွက်ခွာရန်နှင့် နုတ်ထွက်ရန် KNU အသိပေးစာထုတ်

ရန်ကုန်၊ မတ် ၁၉

ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ အရပ်ဖက်ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ နေထိုင်ရာဒေသသို့ ထွက်ခွာကြရန်နှင့် မြို့ခံ ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေခြင်းမှ နုတ်ထွက်ကြရန် KNU တပ်မဟာ ၆ က အသိပေးထုတ်ပြန်လိုက်သည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်ကို မတ်လ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး လိုက်နာမှုမရှိဘဲ ပျက်ကွက်လျှင် ဖြစ်လာမည့် အကျိုးဆက်ကို တာဝန်ယူမည်မဟုတ်ဟု KNU က ဆိုသည်။

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားစေရန်အတွက် KNU ကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီများနှင့် KNLA တပ်ရင်း ၁၈၊ တပ်ရင်း ၂၇၊ တပ်ရင်း ၁၀၃၊ တပ်ရင်း ၂၀၁၊ KNDO လုံခြုံရေးတပ်ရင်းနှင့် တပ်မဟာ စစ်ကြောင်းခေါင်းဆောifများ ညှိနှိုင်းသဘောတူညီချက်အရ ထုတ်ပြန်ခြင်းဖြစ်သည်ဟု သိရှိရသည်။

ကရိတ္တြင္ စစ္ေကာင္စီအုပ္ခ်ဳပ္ေရးယႏၲရား ရပ္တန႔္ရန္အတြက္ ဝန္ထမ္းမ်ား ထြက္ခြာရန္ႏွင့္ ႏုတ္ထြက္ရန္ KNU အသိေပးစာထုတ္

ရန္ကုန္၊ မတ္ ၁၉

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU၊ တပ္မဟာ ၆၊ ဒူးပလာယာခ႐ိုင္၊ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းရွိ စစ္ေကာင္စီ လက္ေအာက္ခံ အရပ္ဖက္ဌာနဆိုင္ရာအသီးသီးမွ ဝန္ထမ္းမ်ား ေနထိုင္ရာေဒသသို႔ ထြက္ခြာၾကရန္ႏွင့္ ၿမိဳ႕ခံ ဝန္ထမ္းမ်ားအေနျဖင့္ စစ္ေကာင္စီလက္ေအာက္တြင္ တာဝန္ထမ္းေဆာင္ေနျခင္းမွ ႏုတ္ထြက္ၾကရန္ KNU တပ္မဟာ ၆ က အသိေပးထုတ္ျပန္လိုက္သည္။

အဆိုပါ အသိေပးထုတ္ျပန္ခ်က္ကို မတ္လ ၁၇ ရက္ ရက္စြဲျဖင့္ ထုတ္ျပန္ထားျခင္းျဖစ္ၿပီး လိုက္နာမႈမရွိဘဲ ပ်က္ကြက္လွ်င္ ျဖစ္လာမည့္ အက်ိဳးဆက္ကို တာဝန္ယူမည္မဟုတ္ဟု KNU က ဆိုသည္။

ဒူးပလာယာခ႐ိုင္၊ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းရွိ အၾကမ္းဖက္စစ္ေကာင္စီ၏ အုပ္ခ်ဳပ္ေရးယႏၲရား ရပ္တန႔္သြားေစရန္အတြက္ KNU ေကာ့ကရိတ္ၿမိဳ႕နယ္ အၿမဲတမ္းေကာ္မတီမ်ားႏွင့္ KNLA တပ္ရင္း ၁၈၊ တပ္ရင္း ၂၇၊ တပ္ရင္း ၁၀၃၊ တပ္ရင္း ၂၀၁၊ KNDO လုံၿခဳံေရးတပ္ရင္းႏွင့္ တပ္မဟာ စစ္ေၾကာင္းေခါင္းေဆာifမ်ား ညႇိႏႈိင္းသေဘာတူညီခ်က္အရ ထုတ္ျပန္ျခင္းျဖစ္သည္ဟု သိရွိရသည္။

Add a Comment

Your email address will not be published.