ပြင်ဦးလွင်မှန်တံတားကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတဲ့ ဈေးသည်တွေရဲ့ မျက်ရည်များ

ပြင်ဦးလွင်မှန်တံတားနဲ့ ပါတ်သတ်ပြီး နိုင်ငံရေးတွေ အမှားပါမှာစိုးလို့ မပြောဘဲ နေနေတာ သိချင်တဲ့ သူတွေက မေးလို့ပြောပြမယ်။

အရင်က ပွဲကောက်ရွာလေး ရှိတယ်။ ဘယ်ခေတ်မှာ မှန်းမသိ စစ်တပ် သိမ်းလိုက်တော့ တပ်ပိုင်ဖြစ်သွားတယ် ဆိုပါတော့၊ အဲ့ချိန်မှာ

ရွာသားတွေကို အခွန်ကောက်ပြီး စျေးရောင်းခွင့်ပေးတယ်။ ရတဲ့ အခွန်တွေကို ရေတံခွန် စည်ပင်ဖို့ ဘယ်နေရာမှ မသုံးဘူး။ လမ်းကြေးလဲ စစ်တပ်ကဘဲ ရတယ်။

အဲ့မှာ စျေးရောင်းတဲ့ ရွာသားတွေက ကိုယ်ထူ ကိုယ်ထ လမ်းခင်းရတယ်။ တံတားကျိုးတော့လဲ ကိုယ်ထူ ကိုယ်ထ စုပေါင်းပြီး ခင်းရတယ်။ တချို့ အိမ်မရှိဖူး စျေးဆိုင်မှာဘဲ အိပ်ကြတယ်။ ကိုဗစ်လဲ ဖြစ်ရော ပါမစ်နဲ့နေရာကို ရောင်းစားလိုက်တယ်..

ဘယ်သူ့ရောင်းလိုက်လဲ ဆိုတာ တော့ အားလုံးသိကြမှာပါ။ ကိုဗစ်ဖြစ်တာ အကြောင်းပြပြီး ဧည့်သည်တွေ ဝင်ခွင့်ပေးလိုက် မပေးလိုက်

စိတ်ကူးပေါက်သလို တပ်ဂိတ်ကဘဲ စီမံတယ်။ အစက စျေးသည်တွေကို နေရာ ရွေ့ပေး ပိုက်ဆံ ပေးမယ်ဆို ညှိတယ်။ နိုင်ငံရေး ဖြစ်ပြီးတဲ့ နောက်တော့ လှည့်ကို မကြည့်တော့တာ။

တစ်ပြားမှ မပေးတဲ့ အပြင် ဆိုင်တွေကိုလဲ ရက်တိုနဲ့ ဖျက်ခိုင်းတယ်။ ရွာနဲ့ ရေတံခွန်ဆိုတာ ကပ်ရပ် ရောက်ဖူးတဲ့သူတွေ သိမှာပါ။ ရေတံခွန် လမ်းဆုံးသွားရင် ရွာဘဲ။ စျေးသည် တော်တော်များများက ဆိုင်ခန်းနဲ့ ရွာထဲနေကြတာ များတယ်။

ဆိုင်ခန်းတွေ ဖျက်ခိုင်းပြီးတော့ နောက်ပေါက်ကို ပိတ်တယ်။ ပစ္စည်းလေးတွေ ရွာထဲထားချင်တယ် ဆိုတာတောင် ကိုယ်ချင်းစာစိတ်နဲ့ ဖွင့်မပေးဘူး။ ရှေ့ဂိတ်ပေါက်ကနေ လမ်းသစ်အတိုင်း တစ်ပါတ်ကြီးသယ်ရတယ်။

သနားကြင်နာမှု ၊ ညှာတာမှု ၊ လူ့အခွင့်အရေးဆိုတာ ဘာဆို ဘာမှ ပြန်ရခဲ့တာ မရှိ။ အဲ့လိုပြောလို့ စျေးရောင်းခိုင်းတာဘဲ ကျေးဇူးတင်အုံးလို့ လာပြောရင် ဝဠ်မှာအမြဲ ငရဲမှာ အပဆိုတဲ့ ဗုဒ္ဓစကားလေးဘဲ နှလုံး သွင်းမယ်။

အဲ့မှန်တံတားကြောင့် ဘဝပျက်ခဲ့ရတဲ့ စျေးသယ်တွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ စျေးသည်တွေ နေရာမှာ တပ်မိသားစုတွေ အစားထိုး ရောင်းချ

ပေးနေပါတယ်။ နေသာသလိုသာ နေကြပါ။ မျက်ရည်တွေနဲ့ ခင်းထားတဲ့ လမ်းမို့သွားချင်သူတွေလဲ အော်.. နင့်စိတ်က ဒီလိုလားလို့ တွေးယုံက လွဲပြီး ဘာမှ ပြောမှာလဲ မဟုတ်ပါဖူး။

ပွဲကောက်ရေတံခွန်ရောက်တဲ့ အချိန် မက်မန်းသီးလေး မြည်းခဲ့ရတာ ဝိုင်လေး မြည်းခဲ့ရတာ သတိရရင် အဲ့စျေးသည်တွေ ခုချိန်ဘယ်ရောက်နေလဲ ဘာတွေ ဖြစ်နေလဲ သတိရပေးရင်ကို ကျေနပ်ပါပြီ။

Zawgyi

ပြင်ဦးလွင်မှန်တံတားနဲ့ ပါတ်သတ်ပြီး နိုင်ငံရေးတွေ အမှားပါမှာစိုးလို့ မပြောဘဲ နေနေတာ သိချင်တဲ့ သူတွေက မေးလို့ပြောပြမယ်။

အရင်က ပွဲကောက်ရွာလေး ရှိတယ်။ ဘယ်ခေတ်မှာ မှန်းမသိ စစ်တပ် သိမ်းလိုက်တော့ တပ်ပိုင်ဖြစ်သွားတယ် ဆိုပါတော့၊ အဲ့ချိန်မှာ

ရွာသားတွေကို အခွန်ကောက်ပြီး ဈေးရောင်းခွင့်ပေးတယ်။ ရတဲ့ အခွန်တွေကို ရေတံခွန် စည်ပင်ဖို့ ဘယ်နေရာမှ မသုံးဘူး။ လမ်းကြေးလဲ စစ်တပ်ကဘဲ ရတယ်။

အဲ့မှာ ဈေးရောင်းတဲ့ ရွာသားတွေက ကိုယ်ထူ ကိုယ်ထ လမ်းခင်းရတယ်။ တံတားကျိုးတော့လဲ ကိုယ်ထူ ကိုယ်ထ စုပေါင်းပြီး ခ

င်းရတယ်။ တချို့ အိမ်မရှိဖူး ဈေးဆိုင်မှာဘဲ အိပ်ကြတယ်။ ကိုဗစ်လဲ ဖြစ်ရော ပါမစ်နဲ့နေရာကို ရောင်းစားလိုက်တယ်..

ဘယ်သူ့ရောင်းလိုက်လဲ ဆိုတာ တော့ အားလုံးသိကြမှာပါ။ ကိုဗစ်ဖြစ်တာ အကြောင်းပြပြီး ဧည့်သည်တွေ ဝင်ခွင့်ပေးလိုက် မပေး

လိုက် စိတ်ကူးပေါက်သလို တပ်ဂိတ်ကဘဲ စီမံတယ်။ အစက ဈေးသည်တွေကို နေရာ ရွေ့ပေး ပိုက်ဆံ ပေးမယ်ဆို ညှိတယ်။ နိုင်ငံရေး ဖြစ်ပြီးတဲ့ နောက်တော့ လှည့်ကို မကြည့်တော့တာ။

တစ်ပြားမှ မပေးတဲ့ အပြင် ဆိုင်တွေကိုလဲ ရက်တိုနဲ့ ဖျက်ခိုင်းတယ်။ ရွာနဲ့ ရေတံခွန်ဆိုတာ ကပ်ရပ် ရောက်ဖူးတဲ့သူတွေ သိမှာပါ။ ရေတံခွန် လမ်းဆုံးသွားရင် ရွာဘဲ။ ဈေးသည် တော်တော်များများက ဆိုင်ခန်းနဲ့ ရွာထဲနေကြတာ များတယ်။

ဆိုင်ခန်းတွေ ဖျက်ခိုင်းပြီးတော့ နောက်ပေါက်ကို ပိတ်တယ်။ ပစ္စည်းလေးတွေ ရွာထဲထားချင်တယ် ဆိုတာတောင် ကိုယ်ချင်းစာစိတ်နဲ့ ဖွင့်မပေးဘူး။ ရှေ့ဂိတ်ပေါက်ကနေ လမ်းသစ်အတိုင်း တစ်ပါတ်ကြီးသယ်ရတယ်။

သနားကြင်နာမှု ၊ ညှာတာမှု ၊ လူ့အခွင့်အရေးဆိုတာ ဘာဆို ဘာမှ ပြန်ရခဲ့တာ မရှိ။ အဲ့လိုပြောလို့ ဈေးရောင်းခိုင်းတာဘဲ ကျေးဇူးတင်အုံးလို့ လာပြောရင် ဝဠ်မှာအမြဲ ငရဲမှာ အပဆိုတဲ့ ဗုဒ္ဓစကားလေးဘဲ နှလုံး သွင်းမယ်။

အဲ့မှန်တံတားကြောင့် ဘဝပျက်ခဲ့ရတဲ့ ဈေးသယ်တွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ဈေးသည်တွေ နေရာမှာ တပ်မိသားစုတွေ အစားထိုး

ရောင်းချပေးနေပါတယ်။ နေသာသလိုသာ နေကြပါ။ မျက်ရည်တွေနဲ့ ခင်းထားတဲ့ လမ်းမို့သွားချင်သူတွေလဲ အော်.. နင့်စိတ်က ဒီလိုလားလို့ တွေးယုံက လွဲပြီး ဘာမှ ပြောမှာလဲ မဟုတ်ပါဖူး။

ပွဲကောက်ရေတံခွန်ရောက်တဲ့ အချိန် မက်မန်းသီးလေး မြည်းခဲ့ရတာ ဝိုင်လေး မြည်းခဲ့ရတာ သတိရရင် အဲ့ဈေးသည်တွေ ခုချိန်ဘယ်ရောက်နေလဲ ဘာတွေ ဖြစ်နေလဲ သတိရပေးရင်ကို ကျေနပ်ပါပြီ။

credit all

Add a Comment

Your email address will not be published.