မြန်မာပြည်မှာ ကိုဗစ် စဖြစ်ကတည်းက နံနက်စာရော ညနေစာပါ တနေ့ (၂) နပ် အလကားကျွေးတဲ့ စေတနာ ဇောတိက ဦးစိုးလှမြင့်

နံနက်စာရော ညနေစာပါ တနေ့ (၂) နပ် အလကားကျွေးတဲ့ နေရာ (ရက်ပေါင်း ၅၀၀ ပြည့်ပါတော့မယ်)နေပြည်တော်၊ဥတ္တရသီရိမြို့နယ်

တွင် ထိုက်သူပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးက နေ့စဉ်ပြုလုပ်လျက်ရှိသည့် ညနေခင်း အာဟာရဒါန စတုဒိသာကျွေးမွေးခြင်းအလှူသည်ရက်ပေါင်း၅၀၀ ပြည့်မြောက်တော့မယ် ဖြစ်ပါတယ်။

ယနေ့ ဒီဇင်ဘာ၁၄ရက်တွင် ညနေခင်းအာဟာရဒါန စတုဒိသာအလှူသည် ၄၉၇ရက်ရှိပြီဖြစ်သကဲ့သို့ မကြာသေးမီက ထပ်မံတိုးချဲ့ပြုလုပ်

နေသည့် နံနက်ခင်း အဆာပြေအာဟာရဒါန စတုဒိသာအလှူသည်လည်း ၅၈ရက်ရှိပြီ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ကိုဗစ်စဖြစ်ကတည်းက စားဝတ်နေရေး ခက်ခဲတဲ့သူတွေကို အာဟာရ ဒါနပြုလုပ်ခဲ့တာ ဖြစ်ကြောင်း၊ နေ့စဉ် ဝင်ငွေထဲက

နေ လှူဒါန်းပေးနေတာ ဖြစ်ကြောင်း၊ နံနက်စာအတွက်ပါ ခက်ခဲနေတယ် ကြားလို့ နံနက်စာ အာဟာရဒါနကိုပါ ထပ်တိုးလုပ်ဖြစ်ခဲ့

ကြောင်း၊ ကိုယ်တိုင် ဝင်ရောက် ချက်ပြုတ်တာ ဖြစ်ကြောင်း စေတနာ ဇောတိက ဦးစိုးလှမြင့်က ပြောကြားပါတယ်။

အာဟာရဒါန စတုဒိသာများ ကျွေးမွေးနေသည့်နေရာမှာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မန္တလေးလမ်းနှင့် သော်က(၁၇) လမ်းထောင့်၊

အမှတ်(၅၄၁၃/C) ဖြစ်ပြီး နေ့စဉ် နံနက်ခင်းနှင့် ညနေခင်းတို့တွင် လူဦးရေ ၄၀၀ ခန့် လာရောက် သုံးဆောင်လျက်ရှိပါတယ်။

ယခုပြုလုပ်နေသည့် အာဟာရဒါနအတွက် အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ရှင်များက ပါဝင်လှူဒါန်းမှုများ ရှိလာပြီဖြစ်ပါတယ်။ လှူဒါန်းသူ

တွေရော၊ စီစဉ်ဆောင်ရွက်သူတွေရော မတောင်းဘဲနဲ့ ပြည့်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Crd

zawgyi

နံနက်စာရော ညနေစာပါ တနေ့ (၂) နပ် အလကားကျွေးတဲ့ နေရာ (ရက်ပေါင်း ၅၀၀ ပြည့်ပါတော့မယ်)နေပြည်တော်၊ဥတ္တ

ရသီရိမြို့နယ်တွင် ထိုက်သူပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးက နေ့စဉ်ပြုလုပ်လျက်ရှိသည့် ညနေခင်း အာဟာရဒါန စတုဒိသာကျွေးမွေးခြင်းအလှူသည်ရက်ပေါင်း၅၀၀ ပြည့်မြောက်တော့မယ် ဖြစ်ပါတယ်။

ယနေ့ ဒီဇင်ဘာ၁၄ရက်တွင် ညနေခင်းအာဟာရဒါန စတုဒိသာအလှူသည် ၄၉၇ရက်ရှိပြီဖြစ်သကဲ့သို့ မကြာသေးမီက ထပ်မံတိုးချဲ့ပြုလုပ်နေသည့် နံနက်ခင်း အဆာပြေအာဟာရဒါန စတုဒိသာအလှူသည်လည်း ၅၈ရက်ရှိပြီ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ကိုဗစ်စဖြစ်ကတည်းက စားဝတ်နေရေး ခက်ခဲတဲ့သူတွေကို အာဟာရ ဒါနပြုလုပ်ခဲ့တာ ဖြစ်ကြောင်း၊ နေ့စဉ် ဝင်ေ

ငွထဲကနေ လှူဒါန်းပေးနေတာ ဖြစ်ကြောင်း၊ နံနက်စာအတွက်ပါ ခက်ခဲနေတယ် ကြားလို့ နံနက်စာ အာဟာရဒါနကိုပါ ထပ်တိုးလု

ပ်ဖြစ်ခဲ့ကြောင်း၊ ကိုယ်တိုင် ဝင်ရောက် ချက်ပြုတ်တာ ဖြစ်ကြောင်း စေတနာ ဇောတိက ဦးစိုးလှမြင့်က ပြောကြားပါတယ်။

အာဟာရဒါန စတုဒိသာများ ကျွေးမွေးနေသည့်နေရာမှာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မန္တလေးလမ်းနှင့် ေ

သာ်က(၁၇) လမ်းထောင့်၊ အမှတ်(၅၄၁၃/C) ဖြစ်ပြီး နေ့စဉ် နံနက်ခင်းနှင့် ညနေခင်းတို့တွင် လူဦးရေ ၄၀၀ ခန့် လာရောက် သုံးဆောင်လျက်ရှိပါတယ်။

ယခုပြုလုပ်နေသည့် အာဟာရဒါနအတွက် အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ရှင်များက ပါဝင်လှူဒါန်းမှုများ ရှိလာပြီဖြစ်ပါတယ်။ လှူဒါန်းသူေ

တွရော၊ စီစဉ်ဆောင်ရွက်သူတွေရော မတောင်းဘဲနဲ့ ပြည့်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

credit all

Add a Comment

Your email address will not be published.