မန္တလေးမင်္ဂလာမန္တလေးဓားပြမှုတွင်သုံးသည့်ကား၊ကော်သေန.တ်နှင့်ငွေများပိုင်ရှင်မဲ့ဖမ်းမိဟုဆို(ရုပ်သံ)

အဆုံးတွင်Videoဖိုင်ပါသည်။

မန္တလေးမင်္ဂလာမန္တလေးဓားပြမှုတွင်သုံးသည့်ကား၊ကော်သေန.တ်နှင့်ငွေများပိုင်ရှင်မဲ့ဖမ်းမိဟုဆို၊

မင်္ဂလာမန္တလေးအနီးကျူးကျော်များကြားရှိအောင်မြင်သူကုမ္ပဏီခြံတွင်ဖမ်းမိခြင်းဖြစ်ကာခြံစောင့်အချို့ကိုစစ်ဆေးနေ၊

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၇၃လမ်းပေါ်ရှိမင်္ဂလာမန္တလေးတွင်ယမန်နေ့ညနေပိုင်းကဓားပြတို.က်ခံရမှုနှင့်ပတ်သက်၍ဓားပြတို.က်ရာတွင်အသုံးပြုခဲ့သည့်ကားအပါအဝင်

ငွေအချို့နှင့်ကော်သေနတ်များကိုပိုင်ရှင်မဲ့သိမ်းဆည်းရမိကြောင်းစစ်ကောင်စီရဲအသိုင်းအဝိုင်းကပြောသည်။

ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁)ရပ်ကွက်ရှိတရုတ်စီးပွားရေးသမားများပိုင်သည့်မင်္ဂလာမန္တလေးအိမ်ယာမြေညီထပ်တွင်ရုံးခန်းဖွင့်ထားသောကုမ္ပဏိီတစ်ခု၏

ငွေထုတ်၊ငွေအပ်ပြုလုပ်ရာနေရာသို့ယမန်နေ့ဒီဇင်ဘာ(၁၇)ရက်ညနေ(၄)နာရီဝန်းကျင်ကအမျိုးသားလေးဦးဝင်ရောက်လာကာသေနတ်ပြခြိ.မ်းခြော.က်ပြီး

ငွေကျပ်သိန်း(၃၀၀၀)ဓားမြတို.က်သွားခြင်းဖြစ်သည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍စစ်ကောင်စီရဲများကစုံစမ်းရာဓားပြတိုက်ရာတွင်အသုံးပြုခဲ့သည့်

MDY-9C/….ESTIMAနံပါတ်တပ်ဆင်ထားသော ကား၊ကော်ဖြင့်ပြုလုပ်ထားသောသေနတ်အတိုနှစ်လက်၊အရှည်နှစ်လက်၊စကားပြောစက်တစ်လုံးနှင့်

ပီနံအိတ်ဖြင့်ထုပ်ထားသောတစ်ထောင်တန်ငွေစက္ကူကျပ်သိန်း(၃၀၀)ကိုယမန်နေ့ဒီဇင်ဘာ(၁၇)ရက်ည(၈)နာရီဝန်းကျင်တွင်ပိုင်ရှင်မဲ့ဖမ်းမိခြင်းဖြစ်သည်ဟုသတင်းရရှိသည်။

ဓားပြတိုက်ရာတွင်အသုံးပြုသောကားနှင့်ကော်သေနတ်များ၊ဓားပြတိုက်ယူလာသောငွေများကိုမင်္ဂလာမန္တလေးစီမံကိန်းအနီးရှိ

အောင်မြင်သူကုမ္ပဏီပိုင်အုန်အင်း(ကျူး)ခြံထဲတွင်ပိုင်ရှင်မဲ့ရပ်တန့်ထားလျက်ပြန်လည်တွေ့ရှိခဲ့သည်ဟုဆိုသည်။

ထို့အပြင်အနီးပတ်ဝန်းကျင်ကိုစုံစမ်းရာမှအောင်မြင်သူကုမ္ပဏီပိုင်ခြံစောင့်များဖြစ်သည့်အသက်(၃၀)ဝန်းကျင်အရွယ်အမျိုးသားနှစ်ဦးနေထိုင်သောတဲအတွင်းမှ

ကော်သေန.တ်အရှည်တစ်လက်သိမ်းဆည်းရမိသဖြင့်အဆိုပါခြံစောင့်အမျိုးသားနှစ်ဦးကိုစကစရဲများကခေါ်ယူစစ်ဆေးနေကြောင်းသတင်းရရှိသည်။

ဓားပြတိုက်ရာတွင်အသုံးပြုခဲ့သည့်ကား၊ကော်သေနတ်နှင့်ငွေအချို့ဖမ်းမိသည်ဆိုသောအောင်မြေသူကုမ္ပဏီခြံဝန်းသည်

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၇၃လမ်း၊မြို့သစ်အပိုင်း(၅)တွင်တည်ရှိပြီးကျူးကျော်နေထိုင်သူအများအပြားရှိသောနေရာဖြစ်သည်။

အောင်မြင်သူကုမ္ပဏီသည်မန္တလေးစည်ပင်နှင့်ပူးပေါင်းကာပြီးခဲ့သည့်NLDအစိုးရလက်ထက်၂၀၁၉တွင်ကျူးကျော်များကိုအင်အားသုံးဖယ်ရှားခဲ့ပြီးနောက်ခြံခတ်ကာမြေနေရာရယူထားခြင်းဖြစ်သည်။#MFP

Videoကြည့်ရန် link here

https://www.facebook.com/watch/?v=305335654835251

Add a Comment

Your email address will not be published.