မတောင်းပဲနေရင်ငတ်တော့မှာဆိုပြီး မျက်ရည်လေးဝဲ လမ်းတကာ လိုက်တောင်းနေရတဲ့အဘွား
|မတောင်းပဲနေရင်ငတ်တော့မှာဆိုပြီး မျက်ရည်လေးဝဲ လမ်းတကာ လိုက်တောင်းနေရတဲ့အဘွား
ကပ်ဆိုးကြီးရဲ့ ရိုက်ခတ်မှုကြောင့် အဘွားတယောက် မျက်ရည်ဝဲပြီး ညီမတို့ကို ပြောပြလာတဲ့ အကြောင်းလေးပါ။ အဘွားဆိုင်ရှေ့
ချီတုံချတုံနဲ့ ရောက်လာပြီး သမီးရေ အဘွားဗိုက်ဆာလို့ အကြွေ ၂၀၀ လောက်တဲ့၊ ပုံစံကြည့်ပြီး သနားသွားတယ်။ အသက် ၇၀ လောက်ရှိမယ်။
အဲဒါနဲ့ လာ အဘွား ကြာဇံကြော်် စားသွားပါဆိုပြီး အဝ ကျွေးလိုက်တယ်။ အဘွားခမျာ စားနေရင်း မျက်ရည်ဝဲတာ မြင်ရတာ စိတ်တောင် မကောင်းဘူး။ စားပြီးတော့ သူ့အကြောင်းလေး ပြောပြတယ်။
သမီးရယ် အဘွားတခါမှ မတောင်းခဲ့ဖူးဘူး အရမ်းရှက်မိတယ်၊ ကိုယ်မတောင်းလဲ လာကျွေးမယ့်သူ မရှိဘူးတဲ့ ဒီအခြေအနေဆိုးကြီးတွေကြောင့် အဘွားအလုပ်ရှင်က အလုပ်တွေ ပါးတော့ အဘွားကို အလုပ်ဖြုတ်လိုက်တယ်။
အလုပ်တွေ အားလုံးနီးပါးလည်း မကောင်းဘူးလေတဲ့။ ပြောနေရင်း သူမငိုမိအောင် ထိန်းထားတဲ့ မျက်နာလေးခုထိမြင်ယောင်တယ်။ သူ
တောင်းလို့ရတဲ့ငွေလေးနဲ့ ဘုရားပန်းကပ်တယ် လှူတယ် ကပ်ဘေးမှ လွတ်မြောက်ကြပါစေ ဆုတောင်းတယ်။ တစ်နေ့စာလောက်ငအောင်စားရတယ် မတောင်းပဲနေရင်အဘွားငတ်တော့မှာ ဆိုပြီး စကားရပ်သွားတယ်။
ညီမတို့လည်း တတ်နိင်သလောက် ငွေလေးနဲ့ ဗိုက်ပြည့်အောင် အ၀ကျွေးတဲ့အတွက်သူ ဆုတွေပေးနေတာအကြာကြီးပဲ။ တကယ်လည်း
မျက်ရည်မဆည်နိင်ဘူး။ နောက်တော့ သူထပြီး သမီးလေးရယ် အဘွား သွားပြီနော် ဆိုပြီး ဆုတွေ ထပ်ပေးနေတာ ၀မ်းသာပီတိဖြစ်မိတယ်။
သူ့ပုံလေးမြင်မိကြရင် အတော်သနားမိမှာ။ ဒါပေမဲ့ အဲ့လိုရိုက်ရင်သူ ပိုရှက်သွားမယ်။ ပုံပြပြီး ကိုယ်လှူခဲ့တယ်ဆိုပြီး ပြရင်ဘယ်လောက်တောင် လူသားချင်းမစာနာရာဖြစ်မလဲနော် သူအဝေးရောက်မှ ကိုယ်မသိမသာလေးပဲရိုက်ခဲ့တယ်။
ဒီကာလကြီးမှာ အဆင်မပြေတဲ့သူတွေ အများကြီးပါ အလုပ်ရှင်တို့ရယ်။ ဒီလိုသက်ကြီးရွယ်အိုတွေကို ကိုယ်ချင်းစာပေးပါ။ သူတို့မှာ
ကျောထောက်နောက်ခံလူမရှိတဲ့အတွက် ကိုယ်ပေးမှ သူတို့စားရတဲ့ဘ၀လေး ခုတော့သူ မရှက်မကြောက် တနေ့စာ ရဖို့အတွက်တောင်းခဲ့ရပြီ။
Zue Zue Thet Oo
zawgyi
မတောင်းပဲနေရင်ငတ်တော့မှာဆိုပြီး မျက်ရည်လေးဝဲ လမ်းတကာ လိုက်တောင်းနေရတဲ့အဘွား
ကပ်ဆိုးကြီးရဲ့ ရိုက်ခတ်မှုကြောင့် အဘွားတယောက် မျက်ရည်ဝဲပြီး ညီမတို့ကို ပြောပြလာတဲ့ အကြောင်းလေးပါ။ အ
ဘွားဆိုင်ရှေ့ ချီတုံချတုံနဲ့ ရောက်လာပြီး သမီးရေ အဘွားဗိုက်ဆာလို့ အကြွေ ၂၀၀ လောက်တဲ့၊ ပုံစံကြည့်ပြီး သနားသွားတယ်။ အသက် ၇၀ လောက်ရှိမယ်။
အဲဒါနဲ့ လာ အဘွား ကြာဇံကြော် စားသွားပါဆိုပြီး အဝ ကျွေးလိုက်တယ်။ အဘွားခမျာ စားနေရင်း မျက်ရည်ဝဲတာ မြင်ရတာ စိတ်တောင် မကောင်းဘူး။ စားပြီးတော့ သူ့အကြောင်းလေး ပြောပြတယ်။
သမီးရယ် အဘွားတခါမှ မတောင်းခဲ့ဖူးဘူး အရမ်းရှက်မိတယ်၊ ကိုယ်မတောင်းလဲ လာကျွေးမယ့်သူ မရှိဘူးတဲ့ ဒီအခြေအနေဆိုးကြီးတွေကြောင့် အဘွားအလုပ်ရှင်က အလုပ်တွေ ပါးတော့ အဘွားကို အလုပ်ဖြုတ်လိုက်တယ်။
အလုပ်တွေ အားလုံးနီးပါးလည်း မကောင်းဘူးလေတဲ့။ ပြောနေရင်း သူမငိုမိအောင် ထိန်းထားတဲ့ မျက်နာလေးခုထိမြ
င်ယောင်တယ်။ သူတောင်းလို့ရတဲ့ငွေလေးနဲ့ ဘုရားပန်းကပ်တယ် လှူတယ် ကပ်ဘေးမှ လွတ်မြောက်ကြပါစေ ဆုတော
င်းတယ်။ တစ်နေ့စာလောက်ငအောင်စားရတယ် မတောင်းပဲနေရင်အဘွားငတ်တော့မှာ ဆိုပြီး စကားရပ်သွားတယ်။
ညီမတို့လည်း တတ်နိင်သလောက် ငွေလေးနဲ့ ဗိုက်ပြည့်အောင် အဝကျွေးတဲ့အတွက်သူ ဆုတွေပေးနေတာအကြာကြီးပဲ။
တကယ်လည်း မျက်ရည်မဆည်နိင်ဘူး။ နောက်တော့ သူထပြီး သမီးလေးရယ် အဘွား သွားပြီနော် ဆိုပြီး ဆုတွေ ထပ်ပေးနေတာ ဝမ်းသာပီတိဖြစ်မိတယ်။
သူ့ပုံလေးမြင်မိကြရင် အတော်သနားမိမှာ။ ဒါပေမဲ့ အဲ့လိုရိုက်ရင်သူ ပိုရှက်သွားမယ်။ ပုံပြပြီး ကိုယ်လှူခဲ့တယ်ဆိုပြီး ပြရင်ဘယ်လောက်တောင် လူသားချင်းမစာနာရာဖြစ်မလဲနော် သူအဝေးရောက်မှ ကိုယ်မသိမသာလေးပဲရိုက်ခဲ့တယ်။
ဒီကာလကြီးမှာ အဆင်မပြေတဲ့သူတွေ အများကြီးပါ အလုပ်ရှင်တို့ရယ်။ ဒီလိုသက်ကြီးရွယ်အိုတွေကို ကိုယ်ချင်းစာပေးပါ။ သူ
တို့မှာ ကျောထောက်နောက်ခံလူမရှိတဲ့အတွက် ကိုယ်ပေးမှ သူတို့စားရတဲ့ဘဝလေး ခုတော့သူ မရှက်မကြောက် တနေ့စာ ရဖို့အတွက်တောင်းခဲ့ရပြီ။
credit all