လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင့်ခိုလှုံပါက ဒေါ်လာ ၅ သိန်း ဆုငွေချီးမြှင့်မည်ဟု NUG ကြေညာ

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသည့် ယာဉ်ယန္တယား များကို ဖြုန်းတီးအောင်လုပ်ဆောင်နိုင်ပါက ဒေါ်လာ ၃ သိန်း၊ ၂ သိန်း၊ ၁သိန်း စသည့် ဆုငွေများလည်း ထုတ်ပြန်ထား

နွေဦးဝေ/People’s Spring

လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင့်ခိုလှုံလာပါက ဆုငွေ အမေရိကန်ဒေါ်လာ ၅သိန်း(ကျပ်သိန်း ၁၀,၀၀၀) ပေးအပ်ချီးမြှင့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ကြေညာလိုက်သည်။

အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသော လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်၊ စက်ယာဉ်ယန္တယားတို့နှင့်စပ်လျဉ်း၍ ဆုငွေချီးမြှင့်ခြင်း

ဆိုင်ရာထုတ်ပြန်ကြေညာ ချက်တွင် အဆိုပါ ယာဉ်ယန္တယားများ အကြီးစားဖျက်ဆီးနိုင်လျှင် ဒေါ်လာ ၃ သိန်း(ကျပ်သိန်း ၆၀၀၀)၊ ကြား

ဖြတ် ဖျက်ဆီး၊ ပစ်ချချေမှုန်းနိုင်လျှင် ဒေါ်လာ ၃ သိန်း စသည်ဖြင့် NUG က ဆုငွေထုတ်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့အခွန်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပြည်သူပိုင် ပစ္စည်းများဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မှုမပေးသည့်အပြင် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များအား ရက်ရက်စက်စက် တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်မှာ လုံးဝခွင့်လွှတ်နိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

ထို့အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုများ၊ ရေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်များမှ ကာကွယ်နိုင်ရန်အတွက် ယင်းသို့ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာအမိန့်အား ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်ပါက တစ်ကန်လျှင် ဆုငွေ ဒေါ်လာ ၁ သိန်း(ကျပ်သိန်း ၂၀၀၀)၊ အကြမ်းဖက်စစ်တပ်၏ လက်နက် တိုက်၊ လက်နက်စက်ရုံများကို ဖောက်ခွဲဖျက်ဆီးနိုင်ပါက ဆုငွေ ဒေါ်လာ ၁ သိန်း စသဖြင့် NUG က ဆုငွေထုတ်သည်။

အဆိုပါ ဆုချီးမြှင့်ငွေများအား အချက်အလက် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့်ရှိပြီး ချီးမြှင့်သည့် ဆုကြေးငွေများလက်ခံရယူခြင်းနှင့် ဆောင်ရွက်ချက်များအား The Public Property Protection Act-1947 အရ တရားစွဲဆို၊ အရေးယူ၊ အပြစ်ပေးခံရ ခြင်း မရှိစေရဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်သည်။

လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင့်ခိုလှုံပါက ဒေါ်လာ ၅ သိန်း ဆုငွေချီးမြှင့်မည်ဟု NUG ကြေညာ

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသည့် ယာဉ်ယန္တယား များကို ဖြုန်းတီးအောင်လုပ်ဆောင်နိုင်ပါက ဒေါ်လာ ၃ သိန်း၊ ၂ သိန်း၊ ၁သိန်း စသည့် ဆုငွေများလည်း ထုတ်ပြန်ထား

နွေဦးဝေ/People’s Spring

လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင့်ခိုလှုံလာပါက ဆုငွေ အမေရိကန်ဒေါ်လာ ၅သိန်း(ကျပ်သိန်း ၁၀,၀၀၀) ပေးအပ်ချီးမြှင့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ကြေညာလိုက်သည်။

အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသော လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်၊ စက်ယာဉ်ယန္တယားတို့နှင့်စပ်လျဉ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာထုတ်ပြန်ကြေညာ ချက်တွင် အဆိုပါ ယာဉ်ယန္တယားများ အကြီးစားဖျက်ဆီးနိုင်လျှင် ဒေါ်လာ ၃ သိန်း(ကျပ်သိန်း ၆၀၀၀)၊ ကြားဖြတ် ဖျက်ဆီး၊ ပစ်ချချေမှုန်းနိုင်လျှင် ဒေါ်လာ ၃ သိန်း စသည်ဖြင့် NUG က ဆုငွေထုတ်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့အခွန်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပြည်သူပိုင် ပစ္စည်းများဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မှုမပေးသည့်အပြင် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များအား ရက်ရက်စက်စက် တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်မှာ လုံးဝခွင့်လွှတ်နိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

ထို့အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုများ၊ ရေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်များမှ ကာကွယ်နိုင်ရန်အတွက် ယင်းသို့ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာအမိန့်အား ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်ပါက တစ်ကန်လျှင် ဆုငွေ ဒေါ်လာ ၁ သိန်း(ကျပ်သိန်း ၂၀၀၀)၊ အကြမ်းဖက်စစ်တပ်၏ လက်နက် တိုက်၊ လက်နက်စက်ရုံများကို ဖောက်ခွဲဖျက်ဆီးနိုင်ပါက ဆုငွေ ဒေါ်လာ ၁ သိန်း စသဖြင့် NUG က ဆုငွေထုတ်သည်။

အဆိုပါ ဆုချီးမြှင့်ငွေများအား အချက်အလက် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့်ရှိပြီး ချီးမြှင့်သည့် ဆုကြေးငွေများလက်ခံရယူခြင်းနှင့် ဆောင်ရွက်ချက်များအား The Public Property Protection Act-1947 အရ တရားစွဲဆို၊ အရေးယူ၊ အပြစ်ပေးခံရ ခြင်း မရှိစေရဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်သည်။

Add a Comment

Your email address will not be published.