မြန်မာအတွက် ဒေါ်လာ ၁၃၆ သန်းကူညီပေးအပ်မယ့် See More…
|မြန်မာအတွက် ဒေါ်လာ ၁၃၆ သန်းကူညီပေးအပ်မယ့် See More…
ဧၿပီ ၇
အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ Mr. Egatd Kavan နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြောင်း NUG ဝန်ကြီးဦးအောင်မျိုးမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
အမေရိကန်အစိုးရနဲ့ ဒေသအတွင်းက မိတ်ဖက်နိုင်ငံတွေ ပူးပေါင်းပြီး မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကူညီနိုင်မဲ့နည်းလမ်းတွေကို ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။
ဒီဆွေးနွေးပွဲဟာ မြန်မာအတွက် ဒေါ်လာ ၁၃၆ သန်းကျော် ကူညီရေး ပါဝင်တဲ့ ၂၀၂၂ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ NDAA နဲ့လည်း ပတ်သက် ဆက်စပ် နေတာ ဖြစ်ပါတယ်။
ဒေါ်လာ ၁၃၆ သန်းကျော် ကူညီထောက်ပံ့မယ့် အဖွဲ့အစည်းတွေထဲမှာ NUG၊ NUCC၊ CRPH၊ EAO တွေနဲ့ CDM လှုပ်ရှားမှု တွေ ပါဝင်ပါဝယ်။ ဒါပေမယ့်လို့ ဒါဟာ အကြမ်းမဖက် လုပ်ငန်း ဆောင်ရွက်မှုတွေ အတွက်သာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
အခု အမေရိကန် အစိုးရပိုင်းနဲ့ ဆွေးနွေးနေတဲ့ NUG ကိုယ်စားလှယ်အဖွဲ့မှာ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး နဲ့ အာဆီယံကိုယ်စားလှယ် ဦးဘိုလှတင့် တို့ပါဝင်ကြပါတယ်။
အမေရိကန်အစိုးရက အခုလို NUG ကိုယ်စားလှယ် အဖွဲ့ကို တွေ့ဆုံတာဟာ၊ ထုတ်မပြောပေမယ့် NUG ကို တရားဝင်အစိုးရ အဖြစ် အသိအမှတ်ပြုရာ ရောက်တယ်လို့ ဦးအောင်မျိုးမင်းက အစောပိုင်းမှာ ပြောကြားထားပါတယ်။
THN freelance journalist
Unicode
မြန်မာအတွက် ဒေါ်လာ ၁၃၆ သန်းကူညီပေးအပ်မယ့် See More…
ဧပြီ ၇