ကျသောင်းဆိပ် စခန်းသိမ်းတိုက်ပွဲမှာ ပြည်သူတွေအတွက်ပေးဆပ်သွားတဲ့ KNLAဗိုလ်သင်တန်းဆင်း
|ကျသောင်းဆိပ် စခန်းသိမ်းတိုက်ပွဲမှာ ပြည်သူတွေအတွက်ပေးဆပ်သွားတဲ့ KNLAဗိုလ်သင်တန်းဆင်း
ဒီဇင်ဘာ ၁၈ရက်၊ ဘီးလင်း
သထုံခရိုင် ဘီးလင်းမြို့နယ် ကျသောင်းဆိပ်ရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် BGF စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က
မနေ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကိုသိမ်းနိုင်ခဲ့ပေမယ့် KNLA ဗိုလ်သင်တန်းဆင်း အသက်၁၈နှစ် လူငယ်တစ်ယောက် ကျဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ဝင် ၇ ဦး လက်နက်ချ အဖမ်းခံခဲ့ပြီး KNLA ပူးပေါင်းတပ်က ၁ ဦးကျဆုံ++++းကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်မဟာ ၁ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
အဆိုပါ KNU ဗိုလ်သင်တန်းဆင်း ကရင်လူငယ်လေး ဒေးဖိုးကျဆုံးသွားတာကို ကိုယ်တိုင်မြင်လိုက်ရတဲ့ သူက Burma VJကို အခုလိုအတည်ပြုပါတယ်။
“တိုက်ပွဲမှာ ဗီဒီယိုရိုက်ရင်း ကျည်ထိသွားတာ။ ဆေးရုံပို့တဲ့လမ်းမှာပဲ အသ+++++က်ပါသွားတယ်။ မနေ့ကရင်ထဲ ဆို့နစ်လွန်းလို့ ပိုစ့်တောင်မတင်နှိုင်ခဲ့ဘူး။ ”
ကေအဲန်ယူ ထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁)နယ်မြေထဲမှာရှိတဲ့ KNLAတပ်တွေနဲ့ အဲ့ဒီမှာရှိနေတဲ့ PDF တပ်တွေကြား တသားတည်းလိုလိုရှိနေကြပြီး ပူးပေါင်းတိုက်ပွဲဝင်မှုတွေလည်း လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
credit all
Zawgyi