စစ်ကောင်စီကို တိုက်စစ်ဖွင့်တော့မယ့် EAO အဖွဲ့များနှင့် PDF တပ်ဖွဲ့များ

ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကရင်ပြည်နယ်က လှို့ဝှက်တောတွင်းစခန်းတစ်ရဲ့ အခြေအနေကို ရိုက်တာသတင်းဌာနက တင်ပြထားပါတယ် ။

အဲ့ဒီနေရာကို သတင်းကျင့်ဝတ်အရ အတိအကျ ဖော်ပြမထားပေမယ့် ထိုင်းနယ်စပ်လို့တော့ ဖော်ပြထားပါတယ် ။ ဒီစခန်းမှာ ရောက်နေသူ

တွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသား ၊ အစိုးရဝန်ထမ်း ၊ စီးပွားရေးသမား ၊ အလုပ်သမားနဲ့ ဘာသာရေးဆရာ ၊ ဘုန်းကြီးတွေအထိ ပါဝင်ပါတယ် ။

ထိုင်းနယ်စပ်က ဝေးလံသီခေါင်တဲ့ တောင်ကုန်းတွေမှာ ယာယီတဲတွေထိုးပြီး စစ်ရေးလေ့ကျင့်နေတာပါ ။ ဒီစခန်းတွေဟာ KNU ဌာနချုပ်ရဲ့ ကွပ်ကဲမှု့အောက်မှာ ရှိနေသလားလို့ ရိုက်တာက မေးထားပေမယ့် KNU ကတော့ အကြောင်းမပြန်ပါဘူး ။

ပြောက်ကျားတိုက်ခိုက်ရေးသမားတွေ ဖြစ်လာဖို့ သူတို့ဟာ ကျောင်းထွက် ၊ အလုပ်ထွက် ၊ မိသားစုကိုစွန့်ခွာပြီး ဒီနေရာကို ခက်ခက်ခဲခဲ

ရောက်လာသူတွေပါ ။ ကိုယ်ပေါ်က အရောင်စုံ အဝတ်အစားတွေကို ချွတ်ပြီး တံဆိပ်ဆင်တူပါတဲ့ တီရှပ်တွေနဲ့ ပထမဆုံး စစ်သင်တန်း တက်ကြရပါတယ် ။

ပြီးတော့ ရိုင်ဖယ်သေနတ်တွေ ကိုယ်စီကိုင်ကြရပါတယ် ။ တဆင့်တက်ပြီး လက်လုပ်ဗုံးလုပ်နည်းနဲ့ ဖောက်ခွဲရေးပစ္စည်း တပ်ဆင် အသုံးပြုနည်းတွေကို သင်ယူကြရပါတယ် ။

သင်တန်းပေးသူတွေကတော့ မြန်မာစစ်တပ်ကို သူတင်ကိုယ်တင် တိုက်ခိုက်နိုင်တဲ့ ဝါရင့် ပြောက်ကျားတပ်ဖွဲ့ဝင်တွေလို့ ရိုက်တာက ခန့်မှန်းပါတယ် ။ ( ဓာတ်ပုံအချို့မှာတော့ ဥရောပတိုက်သား သင်တန်းဆရာတွေလည်း တွေ့ရပါတယ် )

ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ၊ ကြံ့ခိုင်ရေး သင်တန်းနည်းပြဖြစ်သူက ” လက်နက်ကိုင်တာဟာ ကျွန်တော်တို့အတွက် တစ်ခုတည်းသာရှိတဲ့ ရွေးချယ်မှု့ပါ ” လို့ ဖြေကြားထားပါတယ် ။

” မြေပြန့်က အရပ်သားပြည်သူတွေကို ကာကွယ်ပေးတာ ၊ လေ့ကျင့်ပေးတာဟာ ပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာ ပြသတာပါ ၊ အတူတူတိုက်ပွဲဝင်ဖို့ပါ ။ များပြားလှတဲ့ ယုံကြည်ချက်ရှိသူတွေကို ကာကွယ်ပေးထားပါတယ် ။

ဒီနေ့အထိ ရောက်လာသူတွေ မနည်းပါဘူး ။ ဒါဟာ မြန်မာပြည်သူတွေနဲ့အတူ စည်းလုံးမှု့ရှိတာပါ ” လို့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောထားပါတယ် ။

မြန်မာပြည်အနှံ့အပြားမှာ ဒီလို စစ်ရေးလေ့ကျင့်နေတဲ့ PDF တပ်ဖွဲ့ဝင် အရေအတွက်ဟာ မြန်မာစစ်တပ်ထက်တောင် အင်အားအရ အသာရနေပါတယ် ။

PDF တပ်ဖွဲ့ဝင် ကျောင်းသားလူငယ်တစ်ဦးက ” ပြည်လည်တိုက်ခိုက်ခြင်းဟာ တစ်ခုတည်းသော နည်းလမ်းပါပဲ ။ ငါ့လူမျိုးကို ကာကွယ်ရတာ ဂုဏ်ယူတယ် ” လို့ ရိုက်တာရဲ့အမေးကို ဖြေကြားထားပါတယ် ။

ဒါကတော့ ရိုက်တာသတင်းဌာနက တင်ပြထားတာတွေကို တစ်ဦးဆီ အင်တာဗျူးအချို ကို လုံခြုံရေးအတွက် ချန်လှပ်ထားပြီး စာရေးသူက ကောက်နုတ် တင်ပြလိုက်တာပါ ။

သုံးသပ်ရရင် …… ကရင်ပြည်နယ်ကို စစ်ကောင်စီဝင်မွှေတဲ့သတင်းတွေ ဒီရက်ပိုင်း ပလူပျံနေတာ တွေ့ကြမှာပါ ။ စစ်ကောင်စီဟာ ဒီလိုလုပ်ခဲ့တာ အခုမှမဟုတ်ပါဘူး ။

၁၉၈၈ အရေးအခင်းပြီးခါစကလည်း ဒီပုံအတိုင်းပါပဲ ။ မဲသဝေါ ၊ ဖလူး ၊မာနယ်ပလော စခန်းတွေကို အသည်းအသန် ကာကွယ်ခဲ့တုန်းကလည်း မြေပြန့်က ရောက်လာသူတွေ ရှိတဲ့နေရာတွေကို အရင်ဆုံး ဝင်မွှေတာပါ ။

ပြီးတော့မှ စခန်းကြီးတွေကို အင်အားသုံးပြီး ဝင်ပါတယ် ။ စာရေးသူ ရေးခဲ့ဘူးသလိုပါပဲ ။ စစ်ပွဲနဲ့ တိုက်ပွဲက မတူပါဘူး ။ တိုက်ပွဲဆိုတာ အခြေအနေအရ စခန်းစွန့်ရတာရှိသလို ၊ စခန်းရတာလည်း ရှိပါတယ် ။

အဲ့ဒီတုန်းက KNU ဟာ စခန်းပေးလိုက်ရပေမယ့် ဆုံးရှုံးမှု့တော့ သိပ်မရှိခဲ့ပါဘူး ။ ဘာ့ကြောင့်လဲဆိုတော့ ဖလူးစခန်းရဲ့ ဝင်ပေါက်ဟာ ကရင်ပြည်နယ်ထဲမှာရှိပြီး အနောက်ပိုင်းကတော့ ထိုင်းနိုင်ငံထဲကိုပွင့်နေတဲ့ ရေအိုးပုံစံပါ ။

စခန်းကျတော့ ကျောင်းသားတော်တော်များများက ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခိုလှုံပါတယ် ။ အမေရိကန်က အထူးပုဂ္ဂိုလ်တွေ ထိုင်းကိုလာနေတာဟာ ဒီကိစ္စတွေလည်း ပါဝင်ပါတယ် ။

လက်ရှိအခြေအနေအရ PDF စခန်းတွေဟာ ထိုင်းနိုင်ငံကို မေးတင်ထားတာပါ ။ အချုပ်အခြာ အာဏာအရ မြန်မာစစ်တပ်က တိုက်လို့မရ

ပါဘူး ။ ထိုင်းခေါင်းဆောင်က စစ်ကောင်စီနဲ့ ပနံသင့်ပေမယ့် သူ့ဆရာ အမေရိကန်ကိုတော့ လေးစားရပါတယ် ။

ဒီတော့ PDF စခန်းတွေဆီ သွားနေတဲ့ အင်အားတွေကို ဖြတ်တောက်နိုင်ဖို့ လေးကေကော်ကို အရင်ဆုံးမွှေတာပါ ။ သို့ပေမယ့် KNU ကတော့ သူ့ဆီမှာရောက်နေသူတွေကို လက်ဖျားနဲ့တောင် အထိမခံပါဘူး ။

ကျွန်တော်တို့ငယ်ငယ်က သောင်းကျန်းသူလို့ မှိုင်းသွင်းခံရပြီး အထင်လွဲခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နွေဦးတော်လှန်ရေးမှာ

တော့ သူတို့ရဲ့ ပြည်သူတွေနဲ့အတူ စည်းလုံးတဲ့စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း ပြသလိုက်တာပါပဲ ။

ကောင်းပြီ …… နွေဦးတော်လှန်ရေး ဘယ်အခြေအနေလဲ …..? ဆိုရင် ၊ ရေးခဲ့ဘူးသလိုပါပဲ ။ အချိန်ကြာလာလေလေ PDF က အင်အားကောင်းလေလေပါပဲ ။

အခုအချိန်မှာ နိုင်ငံအနှံ့အပြားက PDF တပ်ဖွဲ့ဝင် အရေအတွက်ဟာ စစ်ကောင်စီအင်အားထက် သာလွန်သွားပါပြီ ။ အတန်အသင့်

လက်နက်တွေလည်း ကိုင်နိုင်လာပါပြီ ။ ဖောက်ခွဲရေးသင်တန်း ပြီးမြောက်သူတွေလည်း အများအပြား ရှိနေပါပြီ ။

ဒါ့အပြင် နွေဦးတော်လှန်ရေးကို နောက်တဆင့်တက်တော့မည်ဖြစ်၍ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဝယ်ယူစုဆောင်းကြရန် အမျိုးသား

ညီညွတ်ရေးအစိုးရ – NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ယနေ့ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

NUG အစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက”တော်လှန်ရေးနောက်တဆင့်တက်တော့မယ်။ စားနပ်ရိက္ခာနဲ့ စုဆောင်းကြပါ။ စားနပ်ရိက္ခာနဲ့ ဆေးဝါးများ ဖြန့်ဖြူးကြပါ။

ဆေးကုမ္ပဏီများ၊ ဆေးရုံ၊ ဆေးခန်းများ၊ အလှူရှင်များ၊ ဆေးပညာရှင်များ တော်လှန်ရေး ဆေးတပ်ဖွဲ့အတွက် လျှို့ဝှက်ပါဝင်ကြပါ။

လျှို့ဝှက်လှူဒါန်းကြပါ။ ပြည်သူမှာ ပြည်သူပဲရှိတယ်”ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

NUG လည်း လက်နက်တပ်ဆင်နေသလို စီစဉ်မှု့တွေရှိနေတယ်ဆိုတာ မလွဲပါဘူး ။ ဒီရက်ပိုင်းကတော့ အင်အားကြီး တိုင်းရင်းသား

လက်နက်ကိုင်ဒေသတွေမှာ စစ်ရေးအခြေအနေ လှုပ်ခတ်လာသလို ၊ စိတ်ဓာတ်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် ၊ အရှုံးပေးရတဲ့ သတင်းတွေကလည်း နိုင်ငံတကာသတင်းတွေအထိ ရောက်လာပါတယ် ။

လေးကေကော်တိုက်ပွဲဟာ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ၊ ပြည်သူတွေရဲ့ ရည်မှန်းချက်က အနိုင်နဲ့အရှုံး ၊ အဖြုနဲ့အမဲ သဲကွဲမယ့် စစ်ပွဲပါပဲ ။

ဘကြီးအောင် LA

Credit – Original Writer

Add a Comment

Your email address will not be published.