လေးကေ့ကော်အမြှောက်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့က KNU ထံ ရိက္ခာပေးရန် အကူအညီတောင်း
|ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေ ၊ လေးကေ့ကော်မြို့သစ်နားရှိ အမြှောက်ကုန်းမှ အကြမ်းဖက်စစ်ကောင်စီ
တပ်သားအင်အား ၈၀ က ရိက္ခာမရှိတော့၍ KNU ထံ အကူအညီတောင်းခံလာကြောင်း သိရှိရသည်။
“သူတို့မှာ ရေနဲ့ ရိက္ခာပေးပါဆိုပြီး အကူအညီတောင်းလာတယ်ပြောတယ်။ လေးကေ့ကော်ဥက္ကဋ္ဌကလည်း
လက်နက်ချရင် ပေးမယ်လို့ ပြန်ပြောထားတယ်လို့ သိရပါတယ်” ဟု အဆိုပါနယ်မြေတွင်း
ရောက်ရှိနေသည့် သတင်းထောက်က ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။
အဆိုပါ သတင်းနှင့်ပတ်သက်ပြီး KNU၏ တရားဝင် အတည်ပြုချက် ရရှိခြင်း မရှိသေးပေ။
လေးကေ့ကော်အမြှောက်ကုန်းသည် လေးကေ့ကော်မြို့သစ်၊ ရသေ့ဂူအပါအဝင် အဆိုပါပတ်ဝန်းကျင်များသို့
လက်နက်ကြီးများ တောက်လျှောက်ဆိုသလို ဒီဇင် ဘာလ ၁၅ ရက်နေ့မှ ယနေ့အထိ
ပစ်ခတ်နေသော မဟာဗျူဟာမြောက်နေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။
credit all
ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေ ၊ လေးကေ့ကော်မြို့သစ်နားရှိ အမြှောက်ကုန်းမှ အကြမ်းဖက်စစ်ကောင်စီ