မြန်မာ့ဒီမိုအရေး မဟာဗျူဟာမြောက်ကူနိုင်ဖို့ ကန်ကာကွယ်ရေးဥပဒေပြင်ဆင်မှုမူကြမ်း အထက်လွှတ်တော်အတည်ပြု

မြန်မာ့ဒီမိုကရေစီလူပ်ရှားမှုကို တရားဝင် မဟာဗျူဟာမြောက် ကူညီနိုင်ဖို့ အမေရိကန်ကာကွယ်ရေး

ဆိုင်ရာဥပဒေပြင်ဆင်မှု မူကြမ်းကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။

အမေရိကန်အထတ်လွှတ်တော်အမတ် Mitch McConnell ဦးဆောင်ပြီး ၂၀၂၂ ဘဏ္ဏာနှစ်အတွက် NDAA

လို့အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေပါ မြန်မာ့အရေးဆိုင်ရာပြင်ဆင်ချက်ကို

မနေ့က အတည်ပြုပေးလိုက်ပြီး သမ္မတလက်မှတ်ရေးထိုးဖို့ ပေးပို့လိုက်ပါပြီ။

မြန်မာစစ်ကောင်စီအပေါ်အရေးယူဖို့အပြင် NUG အမျိုူသားညီညွတ်ရေးအစိုးရလို ပြည်သူကိုယ်စားပြုအဖွဲ့တွေကို

တရားဝင်အသိအမှတ်ပြုရေး မဟာဗျူဟာကို အမေရိကန်အစိုးရထိပ်ပိုင်းအရာရှိတွေအနေနဲ့ ၂ လအတွင်း

လွှတ်တော်ကိုတင်သွင်းဖို့အပိုင်းပါဝင်အောင် အထက်လွှတ်အမတ် McConnell က ဖြည့်စွက်ထည့်သွင်းလိုက်တာပါ။

မြန်မာ့ဒီမိုကရေစီအရေးတောက်လျှောက်ထောက်ခံလာတဲ့ McConnell နဲ့အတူ အမေရိကန် အဓိကပါတီကြီး

၂ ခုလုံးက သြဇာကြီးတဲ့ အထက်လွှတ်တော်အမတ်တွေပေါင်းပြီး ဒီမူကြမ်းကို တင်သွင်းခဲ့ရာမှာ မြန်မာနိုင်ငံမှာ

ဒီမိုကရေစီအစိုးရပြန်လည်အုပ်ချုပ်နိုင်စေရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း ထည့်သွင်းထားပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တောက်လျှောက်ထောက်ခံလာခဲ့တဲ့ ရီပတ်ဗလစ်ကန် အထက်လွှတ်တော်

ခေါင်းဆောင် McConnel က ဒီဥပဒေကို ဦးဆောင်လုပ်ခွင့်ရလို့ ဂုဏ်ယူပါကြောင်းနဲ့ အမေရိကန်အနေနဲ့

မဟာဗျူဟာမြောက် လက်တွေ့ကူညီနိုင်အောင် ပြင်ဆင်လိုက်တာပါလို့ ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေး အေဂျင်စီ

USAID၊ နောက် ဘဏ္ဍာရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေအနေနဲ့ပါ NUG အစိုးရနဲ့ CDM လူပ်ရှားမူကို

ကူညီရေးဆိုင်ရာအပါအဝင် အမေရိကန်မူဝါဒနဲ့လုံခြုံရေး ရည်မှန်းချက်တွေကို လွှတ်တော်မှာ လူကိုယ်တိုင် ရှင်းပြရဖို့လည်း ထည့်သွင်းထားပါတယ်။

ဒါ့အပြင် မြန်မာဆိုင်ရာ တရုတ်နဲ့ရုရှားရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားနဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံ


တကယ်တော့ အခုပြင်ဆင်ချက်တွေဟာ မြန်မာစစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ ပစ်မှတ်ထား

အရေးယူရေး ပြဌာန်းထားတဲ့ Burma Unified through Rigorous Military Accountability Act of 2021

ခေါ် ပြီးခဲ့တဲ့ အောက်တိုဘာလက အောက်လွှတ်တော်အမတ်တွေ အဆိုပြုထားတဲ့ ဥပဒေကြမ်းမှာ ထပ်ဆင့် ဖြည့်စွက်ထားတာဖြစ်ပါတယ် ခင်ဗျာ။

credit all

Add a Comment

Your email address will not be published.