Mi- 35P လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော် သေနတ်နဲ့ ပစ်ခတ်ခံရ

Mi- 35P လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော် သေနတ်နဲ့ ပစ်ခတ်ခံရ

C8 newsရန်ကုန်၊ ဧပြီ (၁၇)

ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ကို ရောက်ရှိနေတဲ့ လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော် ကို ဒေသခံတော်လှန်ရေးအင်အားစုတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“မနက် ၈ နာရီ ၄၀ လောက်မှာဖြစ်တာ၊ သေနတ်ကတချက်ပဲ ထိတယ် ကြားတယ်။ ရွှေတောင်ကို ခနရောက်ချိန် လုပ်ခံရတာလို့ ပြောတယ်။ တေတာကလွဲပြီး ဘာမှမဖြစ်ပါစေနဲ့ ” လို့ ရွှေတောင်ဒေသခံတစ်ဦး က ပြောပါတယ် ။

ဗိုလ်မှူးအောင်ကိုဇော် ဟာ ဒီနေ့ မနက်ပိုင်းက ရွှေတောင်မြို့၊ ဝါးလည်ရွာအနီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး၊ လက်နက်ချို့ယွင်းခဲ့လို့ ကျည်တစ်ချက်သာ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ကျည်ထိမှန်ခဲ့တဲ့ ဗိုလ်မှူး အောင်ကိုဇော် ကို စစ်ကောင်စီက လုံခြုံရေးအပြည့်ပေးပြီး ပရဟိတအသင်းကား နဲ့ ရန်ကုန်ကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗိုလ်မှူးအောင်ကိုဇော် ဟာ ပြည်သူကို ဗုံးကျဲတိုက်ခိုက်နေတဲ့ Mi- 35P ပိုင်းလော့တစ်ဦး ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီဒေါက်တိုင်တွေ၊ စစ်ကောင်စီ စခန်းတွေ၊ စစ်ကောင်စီ အသုံးပြုနေတဲ့ မော်တော်ယာဉ်တွေနဲ့ နီးကပ်စွာ သွားလာနေထိုင်တာ မပြုလုပ်ဖို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

Mi- 35P ေလယာဥ္မႉး ဗိုလ္မႉးေအာင္ကိုေဇာ္ ေသနတ္နဲ႔ ပစ္ခတ္ခံရ

C8 newsရန္ကုန္၊ ဧၿပီ (၁၇)

ပဲခူးတိုင္း အေနာက္ျခမ္း၊ ျပည္ခ႐ိုင္၊ ေ႐ႊေတာင္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ ေလယာဥ္မႉး ဗိုလ္မႉးေအာင္ကိုေဇာ္ ကို ေဒသခံေတာ္လွန္ေရးအင္အားစုေတြက ေသနတ္နဲ႔ပစ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။

“မနက္ ၈ နာရီ ၄၀ ေလာက္မွာျဖစ္တာ၊ ေသနတ္ကတခ်က္ပဲ ထိတယ္ ၾကားတယ္။ ေ႐ႊေတာင္ကို ခနေရာက္ခ်ိန္ လုပ္ခံရတာလို႔ ေျပာတယ္။တာကလြဲၿပီး ဘာမွမျဖစ္ပါေစနဲ႔ ” လို႔ ေ႐ႊေတာင္ေဒသခံတစ္ဦး က ေျပာပါတယ္ ။

ဗိုလ္မႉးေအာင္ကိုေဇာ္ ဟာ ဒီေန႔ မနက္ပိုင္းက ေ႐ႊေတာင္ၿမိဳ႕၊ ဝါးလည္႐ြာအနီးမွာ ပစ္ခတ္ခံခဲ့ရတာျဖစ္ၿပီး၊ လက္နက္ခ်ိဳ႕ယြင္းခဲ့လို႔ က်ည္တစ္ခ်က္သာ ထိမွန္ခဲ့တယ္လို႔ သိရပါတယ္။

က်ည္ထိမွန္ခဲ့တဲ့ ဗိုလ္မႉး ေအာင္ကိုေဇာ္ ကို စစ္ေကာင္စီက လုံၿခဳံေရးအျပည့္ေပးၿပီး ပရဟိတအသင္းကား နဲ႔ ရန္ကုန္ကို သယ္ေဆာင္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဗိုလ္မႉးေအာင္ကိုေဇာ္ ဟာ ျပည္သူကို ဗုံးက်ဲတိုက္ခိုက္ေနတဲ့ Mi- 35P ပိုင္းေလာ့တစ္ဦး ျဖစ္ပါတယ္။

ျပည္သူေတြအေနနဲ႔ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြ၊ စစ္ေကာင္စီေဒါက္တိုင္ေတြ၊ စစ္ေကာင္စီ စခန္းေတြ၊ စစ္ေကာင္စီ အသုံးျပဳေနတဲ့ ေမာ္ေတာ္ယာဥ္ေတြနဲ႔ နီးကပ္စြာ သြားလာေနထိုင္တာ မျပဳလုပ္ဖို႔ ေ႐ႊေတာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ေမတၱာရပ္ခံထားပါတယ္။

Add a Comment

Your email address will not be published.