တိုင်းရင်းသားတပ်တွေထဲရောက်မှ ကြွေပန်းကန်နဲ့ထမင်းစား၊ ရေသန့်ဘူးဖောက်သောက်တဲ့ စခတွေကို ထိထိမိမိပြောလာတဲ့ မင်းမော်ကွန်း

သရုပ်ဆောင်၊ အဆိုတော် မင်းမော်ကွန်းကတော့ အကယ်ဒမီဆုရှင် ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့

အားပေးမှုကို ရရှိနေသူတစ်ယောက်ဖြစ်ပါတယ်။ ပြည်သူ့အချစ်တော်မင်းသားပီပီ အခုလို တစ်နိုင်ငံလုံးအခက်အခဲထဲရောက်နေချိန်မှာ

လည်း ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ မင်းမော်ကွန်းဟာ သူ့ရဲ့မိသားစုကိုပါခေါ်ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၁၇) ရက်နေ့မှာတော့ မင်းမော်ကွန်းက D day Channel ရဲ့ အပတ်စဉ်တင်ဆက်နေကြ လူထုရဲ့အောင်လံကမ္ဘာမ

ကြေသံ အစီအစဉ်အတွက် “ လေးကေကော်ရဲ့ တွန်းလှန်စစ် “ ခေါင်းစဉ်နဲ့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ထိုအစီအစဉ်မှာ မင်းမော်ကွန်းက

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး နဲ့ နယ်ခြားစောင့်တပ် -BGF ၂ ဦးအား နွေးထွေးစွာ ကြိုဆို

လက်ခံ ထားတဲ့အကြောင်းနဲ့ပက်သတ်ပြီး သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။

မင်းမော်ကွန်းကတော့ စစ်အာဏာရှင်လက်ပါးစေတွေကို ငှက်ပျောဖက်နဲ့ထမင်းစား ကြုံရာရေခပ်သောက်နေရပြီးမှ တိုင်းရင်းသားအဖွဲ့

အစည်းတွေရောက်မှ ကြွေပန်းကန်နဲ့ထမင်းစား၊ ရေသန့်ဘူးအဆင်သင့်ဖွင့်သောက်တယ်ဆိုပြီး ထိထိမိမိပြောလာတာပဲဖြစ်ပါတယ်။

Source: D day Channel’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

credit all

https://www.facebook.com/100005124738312/videos/943012686614542/

Add a Comment

Your email address will not be published.