တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း 9.12.2021 မှ 15.12.2021 အထိ

တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း 9.12.2021 မှ 15.12.2021 အထိ

တနင်္ဂနွေ

ဒီအပတ်အတွင်းကံကောင်းခြင်းတွေ၊အောင်မြင်ခြင်းတွေစတဲ့အကျိုးကျေးဇူးတွေခံစားရလိမ့်မယ်။မိဘ အကြီးအကဲတွေရဲ့အကူအညီတွေ၊

အထောက်အပံ့တွေရလိမ့်မယ်။ အလုပ်ရှာနေသူများ၊ အလုပ်အင်တာဗျူးဖြေထားသူများသတင်းကောင်းကြားရလိမ့်မယ်။ ဒီကာလဟာ ကံဇာတာမြင့်မားနေတဲ့ကာလပါ။

စီးပွားရေး၊ လူမှုရေး၊ အလုပ် အကိုင်တို့ စိတ်တိုင်းကျဖြစ်မည်။ ငွေကြေးကိစ္စတွေမှာ သမ္မာအာဇီဝကျကျ ငွေရှာခြင်းတွေကိုအလေးပေး

ဆောင် ရွက် ပါ။ ဆံပင်ပြုပြင်ခြင်းများ၊ဆံပင်အလှဆင်ခြင်းများ ဒီကာလမှာဆောင်ရွက်ခြင်းဖြင့် ကံမြင့်စေနိုင်တာကို တွေ့ရ ပါ တယ်။ အလုပ်ထဲတွင်မိမိဩဇာညောင်းလာတတ်ပါတယ်။

စီးပွားရေးအလုပ်ထက် အပျော်သဘောလုပ်တဲ့ အလုပ် မျိုးတွေကပိုမိုအဆင်ပြေတတ်တဲ့ကာလပါ။ စန်းပွင့်နေခြင်းကြောင့်အချစ်ရေး၊

အိမ်ထောင်ရေး စိတ်ရှုပ်ရမည်။ အဝေးနေ သားချင်း ဆွေမျိုးအတွက် ကူညီပေးရမည်။ ခြေ၊ လက်တို့ အနာရကိန်းရှိသည်။ သူတစ်ပါး အရှုပ်၊ ကိုယ့် အရှုပ်ဖြစ်မည်။ ဒါပေမဲ့ဖြေရှင်းနိုင်မည်။

လူရင်းချင်းစိတ်ဝမ်းကွဲမည်။ မမျှော်လင့်ဘဲ လက်ထပ်ဖြစ်မည်။ ကျန်းမာရေး ချူချာမည်။စိုးရိမ်စရာမရှိပါ။အဖိုးတန်လက်ဝတ်ရတနာများ

ဝင်လာတတ်သည်။ ပညာရေးကဏ္ဍအတွက် အထောက် အပံ့ကောင်း အကူအညီကောင်းတွေ အထူးရရှိပါလိမ့်မည်။

အကျိုးပေးဂဏန်း ၅ ၊ ၆ ၊ ၈ အထူးဟော ကံမြင့်မားနေမယ် ယတြာ သပြေပန်း ၉ခက်ဘုရားလှူပါ

တနင်္လာ

ကံကောင်းနေပါသည်။ ဆောင်ရွက်မှုတွေ အောင်မြင်မည်။ ကြိုးစားမှုတွေတိုးတက်မည်။ အကျွမ်းကျင်ဆုံး အလုပ်တွေကိုပဲ ဦးစားပေး

ဆောင်ရွက်ပါ။ ဒီကာလက လေနေလို့မရဘူး။အချိန်ဖြုန်းနေလို့ မရဘူး။ကံက အဆင် ပြေမဲ့လမ်းကြောင်းပေါ်တင်ပေးပါလိမ့်မယ်။ မိမိကစိတ်နှစ်ပြီးလုပ်ဖို့ပဲလိုပါတယ်။ငွေကြေးအစု လိုက်ဝင်လာတတ်ပါ တယ်။

အထူးသဖြင့် ရစရာရှိတာတွေပြန်ရလာနိုင်ပါတယ်။ဆုံးမယ်ထင်ထားတဲ့ငွေတွေ လက် ဝယ်ပြန်ရနိုင်ပါတယ်။ ထီဝါသနာပါ

သူများ..အဆင်ပြေရာနိုင်ငံရဲ့ ထီကိုထိုးပါ..။ ချစ်သူ၊ စွဲလမ်းသူတွေ့ရတတ်သည်။ ဘာသာရေးနဲ့ဆိုင်သော လက်ဆောင်ရမည်။ မြောက်အရပ် ခရီးရှောင်ပါ။ အချစ်ရေး ကံကောင်းသည်။ အိမ်ထောင်ရေးကံကောင်းသည်။

အလုပ်ရှာနေသူများအလုပ်အကိုင်ကောင်းများရကိန်းရှိသည်။ အင်တာဗျူးအောင်မြင်မည်။ဝင်ခွင့်စာမေးပွဲများ အောင်မည်။ စီးပွားရေး

လုပ်ငန်းတို့ အဆင်ပြေမည်။ ကျန်းမာရေးကောင်းပါသည်။ လူမျိုးခြားနှင့်အကျိုးတူ ပူးပေါင်း လုပ်ကိုင်သောအလုပ်များထူးခြားစွာအကျိုးဖြစ်ထွန်းမည်။ သားသမီးကြောင့် မိမိစိတ်ချမ်းမြေ့ပျော်ရွှင်ရမည်။

အလုပ်ကောင်းသူတွေ၊ငွေကြေး အဆင်ပြေနေသူတွေ ကလေးတွေကို အာဟာရကုသိုလ်ပြုကြည့်ပါ…။ ကံပိုမိုမြင့် လာတာတွေ့ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၇ ၊ ၀ ၊ ၂ အထူးဟော သင်ကံကောင်းပါသည်။ ယတြာ သဘက်တစ်ထည်ရဟန်းတစ်ပါးကိုလှူပါ

အင်္ဂါ

စိတ်ပူစရာကမိမိကစက်ပစ္စည်းတွေကလိတတ်သူဆိုဒီအပတ်ထဲ လက်မဆော့ပါနဲ့။ ကိုယ့်ကြောင့်စက်ပစ္စည်း တွေပျက်လာတတ်ပါတယ်။

ဖုန်းကွန်ပျူတာ ဆော့ဝဲတွေ update လုပ်တာကအစ သတိထားစေချင်ပါတယ်။ အောက်လက်ငယ်သားတွေနဲ့ ညှိနှိုင်းရခက်ခဲတာမျိုးတွေကြုံရတတ်ပါတယ်။ ငွေကြေးအခက်အခဲတွေလဲကြုံရတတ် ပါတယ်။

ငွေကြေးလာရောက်ချေးငှားတာမျိုးကို မချေးလိုက်ဖို့ မှာချင်ပါတယ်။ စိတ်တူသဘောတူ မိတ်ဆွေကောင်း တွေလဲရလာတတ်ပါတယ်။

ငွေကုန်ကြေးကျများနေတတ်သည်။ထင်မြင်လွဲမှားမှုများ ကြုံမည်။ စွပ်စွဲပြောဆိုခံရ မှုများ နှင့် အပြစ်တင်ဝေဖန်မှုများ ခံရမည်။ ၎င်းအပြင် ခုတ်ရာတခြား ထစ်ရာတခြားတွေ ဖြစ်တတ်သည့် ကာလများ ဖြစ်၍ ဂရုစိုက်ပါ။

ကိုယ်ကစေတနာနှင့် ဆောင်ရွက်မှုတို့အပေါ် အပြစ်တင် အကောင်းမမြင်တို့ခံရတတ်၍ ဂရုစိုက် သင့်ပါသည်။ မရည်ရွယ်ဘဲ ခရီးထွက်ဖြစ်

မည်။ ရာထူးတက်လစာတိုးမည်။ နေရာ၊ အိမ်ပြောင်းရွှေ့ဖြစ်မည်။ စာမေး ပွဲ နှင့် အင်တာဗျူးများအောင်မြင်မည်။ အချစ်ရေးမှာ လက်ထပ်ဖို့အတွက် နှစ်ဖက်မိဘသဘောမတူ တာမျိုးကြုံ ရ မည်။

အနေဝေး နေသောချစ်သူများအသစ်တွေ့မည်။ အနာဂတ်အတွက် စီမံကိန်းချဆောင်ရွက်ခြင်း တွေမကောင်း သေးပါဘူး။ လက်ရှိ

အခြေအနေကိုဘယ်လိုတိုးတတ်အောင်လုပ်မလဲဆိုတာပဲအထူးပြုစဉ်းစား လုပ်ဆောင်စေ ချင် ပါတယ်။

အကျိုးပေးဂဏန်း ၁ ၊ ၀ ၊ ၅ အထူးဟော လူပေါင်းမှားမည်။ ယတြာ သစ်သီး ကိတ်ဘုရားရှင်အားကပ်လှူပူဇော်ပါ

ဗုဒ္ဓဟူး/ရာဟု

စိတ်ကြိုက်ဖန်တီးခွင့်၊ပုံဖော်ခွင့်တွေမရသေးပါဘူး။ အလုပ်ပိုတွေ၊ကိစ္စပိုတွေများနေတတ်ပါတယ်။ မိသားစု အရေးကိစ္စတွေနဲ့ အချိန်ကုန်

ရတတ်ပါတယ်။ မဆိုစလောက်လေးအဆင်ပြေနေတာကိုပဲ မနာလိုတဲ့သူကရှိနေနိုင်ပါ တယ်။နေရာထိုင်ခင်းကိစ္စ၊အမွေကိစ္စတွေ အရင်ကတည်းက ပြဿနာတက်နေသူဆို ပိုမိုပြီး အခက်အခဲများနိုင်တာ ကိုတွေ့ရတတ်ပါတယ်။

စိတ်ချမ်းသာမှုနှင့် စိတ်ဆင်းရဲမှုတို့ တစ်မျိုးပြီး တစ်မျိုး ဆက်တိုက်ပေါ်ပေါက်နေမည်။ ဝေဖန်ပိုင်းခြား၍ မရသော ပုစ္ဆာ၁ပုဒ်ကို ဖြေနေရသ

လို စိတ်ရှုပ်ရလိမ့်မည်။ အတိုက်အခံကြုံမည်။ မနာလိုသူရှိသည်။ အချစ်ရေးမှာလုသူပေါ်မည်။ အချစ်သစ်တွေ့မည်။ ခရီးသစ်သွားရမည်။ စက်၊ ပစ္စည်း၊ ရွှေ၊ ကျောက်တို့ဝင်ထွက်မည်။ ဝမ်းနှင့်ပတ်သတ်၍ ရောဂါရတတ်သည်။

စကားပြောဆင်ခြင်ပါ။ ငွေကြေးက ဝင်သလောက်ကိုပဲ ဆီလိုအပေါက် ရှာပြီးပြန်ထွက်နေလိမ့်မယ်။လက်ဝယ်မထားဘဲ မိဘဆီအပ် ထား

သင့်တယ်။ မိခင်ကျန်းမာရေးကြောင့် ပူပန်ရ လိမ့် မည်။ ပညာရေးကံမြင့်မားနေသည်။ သည်းခံခြင်းကို ဒီကာလမှာလက်ကိုင်ထားတာအကောင်းဆုံးပါပဲ။

ဒီကာလ မှာ မိမိအတွေးအကြံတွေကကောင်းမွန်သောလမ်းကြောင်းကိုရွေးပေးပါလိမ့်မယ်။ဒီကာလမှာရတဲ့အကြံအစည်ကို အကောင် အထည်မဖော်ဖြစ်ရင်တောင် အသုံးပြုဖို့ မှတ်ထားစေချင်ပါတယ်။

အကျိုးပေးဂဏန်း ၃ ၊ ၆ ၊ ၉ အထူးဟော ဆန္ဒမစောသင့်ပါ။ ယတြာ အိုဗာတင်းအထုပ်လေးတွေ မိတ်ဆွေတွေကို လက်ဆောင်ပေးပါ

ကြာသပတေး

စီးပွားရေးနယ်ပယ်ချဲ့ထွင်လို့ကောင်းတဲ့ကာလဖြစ်တာကိုတွေ့ရပါတယ်။ စပ်တူအလုပ်များ၊ရှယ်ယာအလုပ် များအဆင်ပြေအားကောင်း

လာနိုင်ပါတယ်။ အကူအညီတောင်းထားတဲ့ကိစ္စတွေ ရလာတတ်ပါတယ်။ ကြီးမားကျယ် ပြန့်တဲ့လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအဆင်ပြေတတ်ပါတယ်။ ငွေကြေးအဝင်များတတ်ပါတယ်။

ကိုယ် ပိုင်စီးပွားလုပ်ကိုင်သူများ ထူးခြားစွာအကျိုးဖြစ်ထွန်းမည်။ စွန့်စားမှု၊ စူးစမ်းမှု၊ လေ့လာမှုများဖြင့် လှုပ်ရှားဖြစ်မည်။

အကောင်အထည်ဖော်နိုင်မှု နှောင့်နှေးဦးမည်။ ပညာရေးကံကောင်းမည်။ စာမေးပွဲအောင်မြင်မည်။ အင်တာဗျူးများ အောင်မြင်မည်။ အကူအညီပေးသူ ပေါ်မည်။ ချစ်ရေးဆိုသူတွေ့မည်။

စဉ်းစားပြီးမှ ဆုံးဖြတ်တတ်၍ ဆင်ခြင်နိုင်မည်။ လူမျိုးခြား ဘာသာခြားများထံမှအကူအညီတွေရမည်။ ခရီးယာယီသွားရမည်။ အလုပ်

ရာထူးတက်မည်။ ငွေဝင်လာ မည်။ စက် ပစ္စည်းဝင်မည်။ လက်ဆောင်ရမည်။ ပညာရပ်အသစ်များသင်ကြားခွင့်ရမည်။ ငွေအထူးဝင်မည်။ ရင်းနှီး မြုပ်နှံထားတဲ့ငွေတွေပြန်လည်ပြီးတော့ ငွေပေါ်လာလိမ့်မယ်။

တနင်္ဂနွေသားသမီးတစ်ဦးဦးနဲ့ ထီစပ်ထိုးတာမျိုးလုပ် စေချင်ပါတယ်။ အသိဉာဏ်ပွင့်လင်းစေမဲ့ အတွေးအမြင်တွေ၊ဗဟုသုတတွေရလာနိုင်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၂ ၊ ၅ ၊ ၃ အထူးဟော စီးပွားရေးဦးမော့လာလိမ့်မယ် ယတြာ သဇင်ပန်းဘုရားလှူပါ…သဇင်ပန်းအဆင်မပြေသူများ သစ္စာပန်းကပ်ပါ

သောကြာ

အဓိကသတိထားရမှာက မိတ်ဆွေအရင်းကြီးတွေက ဒုက္ခပေးတတ်ပါတယ်။ မိမိအပေါ်သိပ်ကောင်းတယ်လို့ ထင်တဲ့သူတွေကပဲ

သစ္စာဖောက်တာခံရတတ်ပါတယ်။ ဘယ်သူကိုမှမိမိအတွင်းရေးကိစ္စတွေကိုမသိစေပါနဲ့။ မှာချင် တာတစ်ခုက ဒီအပတ်ထဲ မလိုအပ်ရင်ခရီးမသွားတာပိုကောင်းပါတယ်။

အလုပ်ကြောင့် သွားနေကြသူတွေ၊မဖြစ် မနေ ခရီးသွားရသူတွေကိုမဆိုလိုပါဘူး။ မိမိအနေနဲ့ အိမ်တံခါးပိတ်ပြီး အလုပ်သွား၊ခရီးသွား

ရတတ်သူဆို အိမ်ကိုလုံ ခြုံအောင်ထားပါ။ ဖောက်ထွင်းခံရတတ်တဲ့ကာလပါပဲ။ စိတ်လေနေမည်။ အရာရာစိတ်တိုင်းမကျမှုများကြုံမည်။ သို့သော် အန္တရာယ်မရှိပါ။ အချစ်ရေးလည်း စိတ်ရှုပ်ရမည်။

အိမ်ထောင်ရေးလည်းရှုပ်မည်။ အထင်မှားခံရမည်။ အလုပ်တွင်သူများနေရာကိုယာယီတာဝန်ထမ်းဆောင်ရမည်။ အလုပ်အခြေအနေ

ကောင်းသည်။ ရာထူးတက် အလုပ်ပိုလာပေမဲ့ လစာမတိုးတာမျိုး ကြုံရမည်။ အကြီးအကဲ မြောက်စားမည်။ ကိုယ်ပိုင် စီးပွားရေး ရှယ်ယာ လုပ်ငန်း အကျိုးပေးပါသည်။

ချစ်သူရဲ့လှည့်စားခြင်း ခံရတတ်၍ ဆင်ခြင်ပါ။ ငွေကံညံ့နေသည်။ ရစရာရှိတာတွေ မရနိုင်သလို ပေးစရာရှိရင်လဲမပေးနိုင်တာမျိုးကြုံရမည်။ ပညာရေးမှာ သူများတွေလွယ်ကူနေတဲ့သင်ခန်းစာက မိမိ အတွက်ခက်ခဲနေတာမျိုး ကြုံရတတ်သည်။

အကျိုးပေးဂဏန်း ၄ ၊ ၆ ၊ ၃အထူးဟော အိမ်မကပ်ရတာမျိုး ကြုံရလိမ့်မည်။ ယတြာ ကန်စွန်းရွက်ကြော်ပြီး ဘုရားကပ်လှူပေးပါ။

စနေ

ဒီကာလဟာ အဆင်ပြေပေမဲ့ ပင်ပန်းစရာတစ်ခုပြီးတစ်ခုပေါ်လာတတ်ပါတယ်။ တာဝန်တွေများလိုက်တာဆို တာမျိုးထိ မိမိကိုယ်တိုင်

တောင်အံ့ဩရတတ်ပါတယ်။ ငွေမရ၊ပညာမရဘဲ အလကားလုပ်ပေးလိုက်ရတာတွေလဲကြုံ ရတတ်ပါတယ်။ နှစ်ဖက်ဆွေမျိုးတွေရဲ့ အပူသောကတွေမိမိဆီကူးစက်လာတတ်ပါတယ်။

အရှုပ်ထုပ်တွေထဲ ခေါင်းခံပြီး ဝင်ပါပေးတာ၊အာမခံပေးတာမျိုးတွေကို ဒီကာလမှာဆင်ခြင်ဆောင်ရွက်ပါ..။ အလုပ်တွေကောင်းပေမဲ့

ကောင်းသလောက် ကိုယ်စွမ်း၊ဉာဏ်စွမ်းအကုန်ထုတ်သုံးနေရတတ်ပါတယ်။ စိတ်လောနေမည်။ အတွေးများမည်။ တယူသန် တဇွတ်ထိုးလုပ်ဖြစ်တတ်သည်။ ဆန္ဒမစောသင့်ပါ။ ဆုံးဖြတ်ချက် ပြင်သင့်ပါသည်။

နေရာအိမ် ပြောင်း ရွှေ့မှုဖြစ်မည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျမည်။ အကြီးအကဲ မိဘတို့၏ အပြစ်တင်၊ မကောင်းထင် ခံရမည်။

ကျန်းမာရေးချူချာမည်။ သွေးတိုးရှိသူများသတိထားပါ။ မိန်းကလေးများ သွေးသားနဲ့ပတ်သက်သော ရောဂါ များ ဖြစ်လွယ်သည်။

ရုတ်တရက် ခိုက်မိမည်။ စက်၊ ရွှေ၊ မြေတို့ ရောင်းခြင်း၊ ဝယ်ခြင်းဖြစ်မည်။ မြေ၊ အိမ် တို့ရမည်။ မိမိ ချစ်သူက အချစ်ဇာတ်လမ်းရှုပ်မည်။ အိမ်တွင်းရေးသောကကြုံရမည်။ ပညာရေးအပေါ် စိတ်မဝင် စားခြင်းမျိုး ဖြစ်နေတတ်သည်။

အကျိုးပေးဂဏန်း ၁ ၊ ၆ ၊ ၈ အထူးဟော ကျန်းမာရေး မပေါ့သင့်ပါ။ ယတြာ ပေါင်မုန့်ကြော်ပြီးဘုရားကပ်ပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 09 44 5555 695

credit all

Add a Comment

Your email address will not be published.