
ရှေးယခင်ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေခဲ့တဲ့ သိရသ္မိံဂါထာတော်
ရှေးယခင်ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေခဲ့တဲ့ သိရသ္မိံဂါထာတော်ကို ပြန်လည်မျှဝေပေးလိုက်ပါရစေ။ ရတနာ့ဂုဏ်ရည်တန်ခိုးနဲ့ ကပ်ကြီးသုံးပါးကိုကျော်နင်းနိုင်ကြပါစေ။ ကံကောင်းသူများ ဤဂါထာကိုတွေ့ကြလိမ့်မည်ဟု ယူဆမိပါသည်။ရှေးယခင်ကကမ္ဘာမှာ ကျောက်ရောဂါ၊ပုလိပ်ရောဂါ၊ ဝမ်းရောဂါအစရှိသဖြင့် ကူးစက်လွယ်တဲ့ရောဂါဆိုးတွေ ဖြစ်ခဲ့ကြဘူးတယ်။ တစ်ရွာလုံးရွာလုံးကျွတ်ကူးကုန်ပြီး လူတွေအကုန်သေကြသတဲ့။ လူတွေသေတော့ မကောင်းဆိုးရွားတွေပျော်တာပေါ့။ သူတို့တွေပျော်မြူးပြီး ရွာတွေထဲဝင်လာကြသတဲ့။ ရွာတွေထဲကလူတချို့လည်း တခြားလွတ်ရာရှောင်တဲ့လူကရှောင် ပြောင်းတဲ့လူကပြောင်းပေါ့။ အဲလိုနဲ့ရွာတွေဟာတစပြင်လို အကုန်လူခြေတိတ်ပြီး ခြောက်ကပ်နေတာပေါ့။ […]